Pages

Monday, January 21, 2013

KIA မှ ဖားကန့် လမ်းကြောင်းအား ပိတ်ဆို့


KIA အဖွဲ့သည် မိုးကောင်း ဆောင်းခါရွာနှင့် လဘန်တထောင်ရွာကြားမိုးကောင်းနှင့် ဖားကန့်သွားလ မ်းေ ကြာ င်းအား ပိတ်ဆို့ထားကြောင်း သိရှိရသည်။ (၁၈) ရက်နေ့မနက် (၇) နှာရီခန့်မှစပြီး ၎င်းအဖွဲ့မှ သစ်ပင် ကြီး များကိုခုတ်လှဲပြီး လမ်းကြောင်းကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။

လမ်းကြောင်းပိတ်ဆို့မှုကြောင့် ကားများသွားလာနိုင်ခြင်းမရှိဘဲ ဆိုင်ကယ်များသာ ရှောင်ကွင်းပြီး သွား လာနိုင်သည်။ ကားများကို ပိတ်ဆို့မှုကြောင့် ဖားကန့်မြို့အတွက် ပစ္စည်းများကို ပို့ဆောင်နိုင်ခြင်း မရှိသည့် အတွက် ဖားကန့်တွင် စားသောက်ကုန်များ ဈေးမြင့်တက် လာနိုင်ကြောင်း ဒေသခံ တစ်ဦးက ပြော ဆို ခဲ့သည်။

ဆိုင်ကယ်များ သွားလာခွင့်ကို KIA မှခွင့်ပြုသော်လည်း အခြားလူမျိုးများကို ဖြတ်သန်းခွင့် မပြုဟု သိရှိရ သည်။ မိုးကောင်းနှင့် ဖားကန့် ဒေသခံများတွင် ရှမ်းလူမျိုးများနှင့် အခြားသောတိုင်းရင်းသားများ လည်း နေ ထိုင်ကြသော ဒေသဖြစ်သည့်အတွက် ကချင်မဟုတ်သည့် အခြားတိုင်းရင်းသားများအဖို့ သွားလာမှု ခက်ခဲ သလို စားသောက်ကုန်လည်း ပြတ်လပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

Kachin Daily News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်