Pages

Monday, January 21, 2013

မိမိကိုယ်ကို ခုခံကာကွယ်စစ်


ယခုတလော မကြာခဏကြားနေရတဲ့ မိမိကိုယ်ကိုခုခံကာကွယ်ခြင်းဆိုတဲ့ စကားလုံးနဲ့ပတ်သက် လို့ ပြော ချင် ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို မိမိကိုယ်ကို ခုခံကာကွယ်ခြင်းကလွဲလို့ ထိုးစစ်မဆင်ရလို့ ညွှန်ကြားခဲ့ပါတယ်။ တပ်မတော် ဘက် ကလည်း သမ္မတစကားအတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ခြင်းကလွဲလို့ ထိုးစစ်ဆင်ခြင်း မရှိပါလို့အမြဲပြော ပါတယ်။
 
KIO ဘက်ကလည်း အစိုးရတပ်တွေကပဲ ထိုးစစ်အပြင်းအထန်ဆင်နွှဲနေတယ်လို့ ပြောနေပါတယ်။ မိမိ ကိုယ်ကိုခုခံကာကွယ်ခြင်း ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံ၊ တိုကျို University တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပြီး စစ်ဘက်နည်းပညာဆိုင်ရာစာအုပ်များရေးသားခဲ့ပြီး မြန်မာစစ်တပ်နှင့် ပတ် သက်၍ ဝေဖန်ရေးဆောင်းပါးများ ရေးသားခဲ့သူ ဒေါက်တာ မျိုးမင်းမှ အောက် ပါအတိုင်းပြော ဆိုခဲ့ပါ တယ်။

မိမိကိုယ်ကိုခုခံကာကွယ်ခြင်းဆိုတဲ့စကားဟာ အရမ်းကျယ်ပြန့်ပါတယ်။ ခုခံကာကွယ်တယ်ဆိုတာ ရန်သူက စစ်ရေးအရလာတိုက်မှ ကာကွယ်တာတစ်ခုတည်းမဟုတ်ပါဘူး။ ရန်သူက မိမိကို လာရောက် မတိုက်ခိုက် ရင်လည်း ကြိုတင် ကာကွယ်ရပါတယ်။ ဥပမာ မိမိတပ်က တောင်ကုန်းတစ်ခုမှာ ခံစစ်ဆင်ထားတယ်။ အခြား အဲဒီ တောင်ကုန်းထက်မြင့်တဲ့ တောင်ကုန်းမှာ ရန်သူတပ်ကရှိနေတယ်။ အဲဒီရန်သူက မိမိတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မိမိတပ်ပတ်ဝန်းကျင်မှာ မိုင်းထောင်တယ်။ 
မိမိတပ်ကိုလာတဲ့ ထောက်ပံ့ရေးအဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်နေတယ်ဆိုရင် ကိုယ်နေရာကနေ ထိုင်ပြီးကိုယ် ကိုကာကွယ်နေလို့မရတော့ပါဘူး။ ရန်သူက မိမိစခန်းကို လက်နက်ကြီးတွေနဲ့ မပစ်နိုင်အောင်၊ မိမိစခန်းတ၀ိုက် မိုင်းမထောင်နိုင်အောင် ၊ မိမိတပ်ဖွဲ့ဝင်တွေကို ခြုံခိုမတိုက်နိုင်အောင် ခုနက ရန်သူရှိ တဲ့တောင် ကုန်းအပါအ၀င် ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ဗျူဟာအရေးကြီး မြေတွေကိုပါ သိမ်းပိုက်ထားဖို့ လိုပါ လိမ့် မယ်။ အဲဒီလို တိုက်ခိုက်သိမ်းပိုက်တာဟာ ထိုးစစ်ဆင်ခြင်း မဟုတ် ပါဘူး။ မိမိကိုယ်ကို မိမိခုခံ ကာ ကွယ်ခြင်းပါပဲ။အကောင်းဆုံးခုခံစစ်ဟာ ထိုးစစ်ဖြစ်တယ်လို့ နိုင်ငံတကာကစစ်ပညာရှင်တွေ ကလက် ခံထားကြပါတယ်။
 အခု လဂျားယန်မှာ ကေအိုင်အေတပ်တွေ ၀ိုင်းထားတဲ့ မြန်မာ စစ်တပ်ကို ရိက္ခာပို့နိုင်ဖို့အတွက် KIA စခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာဟာလည်း မြန်မာစစ်တပ် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း သီအိုရီ ကို ကျင့်သုံးနေခြင်းဘဲဖြစ်ပါတယ်။ အဲ့ဒီတော့ မြန်မာစစ်တပ်ကပြောတဲ့စကားလဲမှန်ပါတယ်။ ဒါပေမဲ့ KIA ဘက်ကကြည့်ရင်တော့ မြန်မာစစ်တပ်ကထိုးစစ်ဆင်နေပါတယ်ပေါ့ KIA ပြောတဲ့စကား လည်းမှန် ပါတယ်။ ဟုမှတ်ချက်ချပြောဆိုသွားသည်။ မိမိကိုယ်ကို ခုခံကာကွယ်စစ်ဆိုတဲ့ စကားလေးရဲ့ ကျယ်ပြန့်ပုံ ကို အားလုံးသိစေချင်လို့ပါ။
From:Online News
 
Myanmar Daily Star Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်