Pages

Monday, January 21, 2013

မြန်မာ့လေကြောင်းမှ အသစ် ၀ယ်ယူထားသော EMBRAER 190 လေယာဉ် စတင် ပြေးဆွဲသည့် နေ့၌ပင် ထားဝယ် လေဆိပ်တွင် စက်ချွတ်ယွင်းမှု ဖြစ်ပွား


ဇန်န၀ါရီလ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထား ၀ယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်း မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထားဝယ်လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ လာ ခဲ့ပြီး ခ ရီးသည်များကို တင်ဆောင်၍ မြိတ်လေဆိပ်သို့ ဆက်လက်ထွက်ခွာရန် လေယာဉ်၏ စက်ပိုင်း ဆိုင် များ ကို စစ်ဆေးစဉ် လေယာဉ်၏ တောင်ပံနှစ်ဖက်တွင်ရှိသော အရှိန်လျှော့သည့် ကိရိယာ(flap)မှာ အလုပ် မ လုပ်သည့် အတွက် ထားဝယ်လေဆိပ်တွင် ရပ်နားထားခဲ့ပြီး ရန်ကုန်မြို့ရှိ လေယာဉ် အင်ဂျင်နီ ယာ များ ကိုေ ခ်ါယူပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။

“လေယာဉ်တော့ ကြီးကြီးမားမား ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ထားဝယ်ကွင်းကို ရောက်ပြီး မြိတ်ကိုဆက် သွား ဖို့ ခရီးသည်အားလုံး တင်ပြီး လေယာဉ်က စက်ပိုင်းဆိုင်ရာတွေကို စစ်ဆေးတဲ့အခါမှာ လေယာဉ် ဆင်း သက်တဲ့ အချိန်မှာ အသုံးပြုရတဲ့ တောင်ပံ နှစ်ဖက်မှာရှိတဲ့ အရှိန်လျှော့တဲ့ ကိရိယာတွေက အလုပ်မ လုပ် လို့ လေယာဉ်ပျံ တက်မှု မလုပ်ဘဲ ရန်ကုန်က လေယာဉ် အင်ဂျင်နီယာတွေ ကိုေ ခ်ါယူပြင်ဆင်ခဲ့ပါတယ်။ ရန်ကုန်ကနေ F-28 နဲ့ လေယာဉ် အင်ဂျင်နီယာတွေ ညနေ ၄ နာရီ ၅၀ မိနစ် မှာ ရောက်လာပြီး ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ခရီးစဉ်တွေ ကိုတော့ F-28 လေယာဉ်နဲ့ အစား ထိုး ပြေးဆွဲပေးခဲ့ပါတယ်။ EMBRAER 190 လေယာဉ်က ထားဝယ်ဘက်က ခရီးစဉ်တွေကို ဒီနေ့မှ စပြီး ပြေး ဆွဲတာပါ” ဟု ထားဝယ်လေဆိပ် မျှော်စင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည် ၉၀ ဦး တင်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ ခရီးသည် ၆၃ ဦး လိုက်ပါရန် ရှိကြောင်း၊ ယင်းလေယာဉ်ကို အင်ဂျင်နီယာများမှ စစ်ဆေးပြုပြင်ခဲ့ပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့် F-28 လေယာဉ်များ နေရာတွင် အစား ထိုး ပြေး ဆွဲ ရ န်အတွက် မြန်မာ့လေကြောင်းမှ ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များကို အငှားဝယ်ယူ ထား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

EMG

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်