Pages

Monday, January 21, 2013

ဒေါက်တာ ဆိတ်ဖွား၏ အွန်လိုင်း ဆောင်းပါးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီး အဆို တင်သွင်းခြင်းကို ဝေဖန်မှုများ ရှိနေ


ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်းသွင်ခဲ့သည့် ဒေါက်တာဆိတ်ဖွား၏ အင်တာနက် ဝက်ဆိုက်ဒ်ကိစ္စနှင့် ပတ်သက်၍ ပြည်သူအချို့ကလွှတ်တော် ကို ပြစ်တင်ဝေဖန်မှုများရှိနေ ကြကြောင်း သိရသည်။ ဘလောဂါ တစ်ဦးဖြစ်သည့် ဒေါက်တာဆိတ်ဖွားမှ ၄င်း၏ ဝက် ဆိုက်ဒ်၌ ဥပဒေအထက်တွင် လွှတ် တော်ရှိနေသလား။ ခေါင်းစဉ်ဖြင့် လွှတ်တော်ကို ဝေဖန် ရေးသားခဲ့ခြင်းကြောင့် လက်ရှိကျင်းပနေေ သာပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင် ကဒေါက်တာ ဆိတ်ဖွားကိုစုံစမ်းဖော်ထုတ်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမှတ်ပြည့်ရနေတဲ့ အစိုးရကလက်ပံတောင်းတောင် အရေးမှာအမှတ်တစ်ဝက်လောက် လျော့သွားတယ်။ ဒီလိုပဲ ပြည်သူတွေ ယုံကြည် မှုရလာတဲ့ လွှတ်တော်ကအခုလုပ် ရပ်ကြောင့် အမှတ်တွေ လျော့သွားတယ်။ ဘယ်လိုမှ နားလည်လို့ မရဘူး။ လွှတ်တော်က ပြည်ထောင်စုလွှတ်တော်တင် တာအရေးကြီး အဆိုဘာ ကို ပြသလဲဆိုရင် ခေတ်နောက် ကျကျန်ခဲ့တာ ကိုပြတာပဲ'' ဟုဆဲဗင်းဒေး သတင်းဂျာနယ် သတင်းေ ထာက် ချုပ် ကိုအောင်သူကပြောသည်။

အဆိုပါ အဆိုကိုလွှတ်တော် သို့ တင်သွင်း၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒပေးပိုင်ခွင့်ရှိသူ ၅၈၈ ဦးရှိသည့် အန က်ေ ထာက်ခံသူ ၃၄၇ ဦး၊ ကန့် ကွက်သူ ၁၅၇ ဦးနှင့် ကြားနေသူ ၄၂ ဦးရှိပြီးထောက်ခံအတည်ပြု ခဲ့ေ ကြာင်းသိရသည်။ ''ဘလော့ဆိုတာအင်တာနက် ပေါ်မှာအခမဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ရှိသောေ နရာ ဖြစ် ပါတယ်။ အသက် ၁၈ နှစ် အောက် မကြည့်ရဆိုတာမျိုးတောင် သူ့စည်းကမ်းကိုလိုက် နာရင်ေ ရးတင်လို့ ရတဲ့ နေရာမျိုးပါ။ ဒီလိုလွတ်လပ် စွာရေးခွင့် ပြောခွင့်ရှိတဲ့နေရာမျိုးမှာ မြန်မာဘလော့ဂါ တစ်ေ ယာက်ကရေးသားတဲ့ ဝေဖန်ချက်မျိုးကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကိုကိုယ် စားပြုပါတယ်ဆိုတဲ့ လွှတ်တော်ကြီး က အချိန်ကုန်ခံအဆိုတင်၊ မဲခွဲတာတော့ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါ ဘူး။ တကယ်လို့ ရေးသူ ကိုသိလို့ မကျေနပ်ရင်တောင် အခြား နည်းနဲ့ ဖြေရှင်းသင့်တယ်။ လွှတ်တော်အနေနဲ့ အခြားအရေးကြီး ကိစ္စေ တွ လုပ် စရာတွေ အများကြီးပါ'' ဟု သတင်းဌာန တစ်ခု၏ အွန်လိုင်း ဘလော့ဂါတစ် ဦးဖြစ်သူ ကိုသင်ကာကပြောသည်။

အချို့သော ပြည်သူများကလည်းလွှတ်တော်တွင် ယခင်အစိုးရလက်ထက်မှ အစိုးရအဖွဲ့ဝင်ဟောင်းများ ပါရှိနေသောကြောင့် မည်သူရေး သည်ကို သိနိုင်သူများရှိနိုင် ကြောင်းသုံးသပ်မှုများ လည်းရှိနေသည်။ လူမှု ကွန်ရက် တစ်ခုဖြစ်သည့် ဖေ့ဘုတ်စ် အင်တာနက် စာမျက်နှာ များတွင်လည်း ယခုကဲ့သို့လွှတ်တော် ၏ေ ဆာင်ရွက်ချက်နှင့် ပတ်သက်၍ ကန့်ကွက် ပြောဆိုမှုများ ရှိနေသည်။




လွှတ်တော်အနေဖြင့်လည်း ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ဆက်လက်ပြုလုပ် နေမည်ကို စိုး ရိမ် သော ကြောင့် ကြိုတင်၍ တားမြစ် ခြင်းလည်း ဖြစ်နိုင်ကြောင်းဘီဘီစီ မြန်မာပိုင်းလန်ဒန်မှ ကိုမျိုးသာ ထက် က ပြောကြားသည်။ ''မဖြစ်စလောက် ကိစ္စလေးကို ဘာလို့ အခုလို အကျယ်ချဲ့ရတာလို့ လည်း အဖြေ ထုတ်မိတယ်။ ရေရေရာရာတော့ မထိမိနိုင်ဘူး။ လွှတ် တော်အမတ် တစ်ယောက်က ခုလိုအ ဆို တင် သွင်း လာရတယ်ဆိုတော့ ဘယ်လောက် ထိရှရှ ထိထိတိုင်း ပြည်အကျိုးယု တ် စေမ ယ့်ေ နာက်ေ ကြာင်းတွေကို သိထားသလဲလို့ လည်း တွေးရပြန်ပါတယ်။ မပိုင်ပဲ ပြောနေတော့ မဟုတ်လော က် ဘူး။ နိုင်ငံတ ကာမှာေ တာ့ အခုလိုကိစ္စ သေးသေးလေး တွေလိုသတ်မှတ်ရတာတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက် ချက်တွေ ရှိနေ တက်တာမို့ အပြတ်တော့ မပြောချင်ဘူး။ ဘယ်သူဘယ်ဝါကဘာကြောင့် ဒီ လို ဝေဖန်ရသလဲ ဆိုတာကို လွှတ်တော်က ဆက်လက်ထုတ် ဖော်နိုင်ရင်တော့ ကောင်းပါလိမ့်မယ်။ မဟုတ် ရင်တော့ အချိန်တွေ ဖြုန်းေ ငွတွေဖြုန်းတဲ့ အလုပ်မဟုတ်တာကို အလုပ်လုပ်တာလို့ပဲမှတ်ယူရပါ လိမ့် မယ်'' ဟု ကိုမျိုးသာထက် ကထပ် မံပြောကြားသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်