Pages

Monday, January 21, 2013

ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံ သယ်ဆောင်သည့် လမ်းလျောက် အဖွဲ့ ဆူးလေဘုရား မှ စတင် ထွက်ခွာ



 
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံသယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးေ လ ဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယေ န့ ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်း ချ မ်းေ ရး အ လံ ကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယ ခု ကဲ့သို့ လ မ်းေ လျာက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျ မပြောရဲကြောင်း အဖွဲ့ဝင် တစ်ဦး က ပြော ကြား သည်။ 
 
"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေးအင် အား စုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွား အတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ခုသွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်သူ ကိုရန်နိုင် မျိုး ကပြောကြားသည်။ ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျော က်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေ တာ ကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်း လမ်းဟာ လမ်းစဉ်ဟောင်းကြီးဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကို လည်း ဖတ်ကြားပြခဲ့ကြသည်။ ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းေ ရး အတွက် လမ်းလျောက်ရာတွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံကြောင်း ပြောကြားသွားခဲ့သည်။ ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ေ ကြာင်း လ ည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့် ခရီးစဉ်တွင် အခက်အခဲ အမျိုးမျိုနှ င့်ကြုံေ တွ့နို င်ေ ကြာင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှု ရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့် လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများရှိကြောင်း၊ ခွင့်ပြုချက်တောင်း ဆိုထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားစာများ ပေး ပို့ထားေ ကြာင်း လည်း သိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်