ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ဇန်နဝါရီလ ၁၉
ရက်နေ့ မနေ့က KIO အ ဖွဲ့ ကိုပေးပို့တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက်
ကမ်းလှမ်းချက်စာကို လက်ခံရရှိပါကြောင်း KIO အဖွဲ့ က ဒီကနေ့
အကြောင်းပြန်ကြားစာတစောင်ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီထံ
ပေးပို့ ခဲ့တယ်လို့ KIO က ပြောပါတယ်။
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကေအိုင်အို ဗဟိုကော်မတီက လက်ရှိ
ဆွေးနွေးလျှက်ရှိပြီး အသေး စိတ်ကို ဆက်ပြီးအကြောင်း
ပြန်ကြားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ က
ပေးပို့တဲ့ စာ မှာေ ဖ်ာပြ ထား တဲ့ နှစ်ဖက် တာဝန်ရှိသူများ
မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ခက်ခဲမူရှိနေတဲ့ ကာလမှာ ပွင့် လင်းမြင်သာသော
“Electronic Online” ဆွေးနွေးမှုတွေလုပ်ဖို့ အစိုးရဖက်က အဆိုပြုချက်ဟာ
ဖြစ်နိုင်ခြေ မရှိဘူးလို့ KIO ပြောခွ င့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ စာမှာ
ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ် တဲ့ ပြည်သူ့လွတ်တော်ပုံမှန်
အစည်းအဝေးကဆုံးဖြတ်ချက်အရ ပြည်သူတွေထံက ထွက်ပေါ် လာ တဲ့ ပြည် သူ့ ဆန္ဒ ကို
အလေးအနက်ထားပြီး နှစ်ဘက်ဆွေးနွေးမူတွေလုပ်ဖို့၊ ယုံကြည်မူ တည်ဆောက်ဖို့၊
စစ်ရေး အရှိ န် တင်းမာနေတာတွေကို လျော့ချပစ်ဖို့ သက်ဆိုင်ရာ နှစ်ဖက်လုံးကို
တိုက်တွန်းထားကြောင်း ပါရှိပါ တယ်။
RFA Burmese

No comments:
Post a Comment
Note: Only a member of this blog may post a comment.