Pages

Wednesday, March 20, 2013

အမေရိကန်ကို တိုက်ခိုက်မယ့် မြောက်ကိုရီးယားရဲ့ သရုပ်ပြဗွီဒီယို


အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လွှတ်တော်အဆောက်အဦးကို တိုက်ခိုက်တာ ပါဝင်တဲ့ သရုပ်ပြဗွီဒီယို ကို မြောက်ကိုရီးယားက အင်္ဂါနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အမေရိကန်လွှတ်တော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ပြသသလို၊ သမ္မတ အိမ်ဖြူတော်ကို ပစ်ခတ်ဖို့ ကွန်ပြူတာစနစ်သုံးပြီး ချိန်ရွယ် ထားပုံကိုလည်း ပြသထား ပါတယ်။

ကုလသမဂ္ဂ က မြောက်ကိုရီးယားကို သူ့ရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုအသစ် ချမှတ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားစစ် ဆင်နွှဲမယ်လို့ မြောက်ကိုရီးယား ဘက်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ လက်တွဲပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ တဲ့ တောင်ကိုရီး ယားနိုင်ငံကိုလည်း တိုက်ခိုက်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါ တယ်။ တောင်ကိုရီးယားနဲ့ အမေ ရိကန် တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာ လို့ မြင်ကြောင်း လည်း ပြော ဆိုခဲ့ပါတယ်။

၁၃၇၄ ခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်

၁၃၇၄ ခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့၌ စတင် ဆောက်လုပ်လျက် ရှိသည်။ ဖျော်ဖြေမှု အပိုင်းတွင်လည်း အဆိုတော်ကြီးများ ဖြစ်သော မြန်မာပြည်သိန်းတန်၊ မန္တလေးသိန်းဇော်၊ ခင်မောင်ထူး၊ ဂျက်မြသောင်း၊ ဘိုဘိုဟန်၊ သန်းမြတ်စိုး၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ဖြိုးကြီး၊ ဟဲလေး၊ သားစိုး၊ ညီနန္ဒ၊ ဒီယံ၊ ဝေလျှံ၊ မေခလာ၊ ကော်နီ၊ မေကဗျာ၊ အိမ့်ချစ်၊ အယ်လ်ဆိုင်းဇီ၊ မှူးရတနာ အပါအဝင် အနုပညာရှင်များက မန္တလေးမြို့တော် စည်ပင် ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်အတူ ဖျော်ဖြေမည်ဖြစ်ပြီး သင်္ကြန်မဏ္ဍပ် အလှပြိုင်ပွဲ၊ အလှပြယာဉ်ပြိုင်ပွဲ၊ ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ၊ မြို့တော်ဝန်မဏ္ဍပ် ဒီဇိုင်းပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ပြီး ဆုများ ချီးမြှင့်သွားမည် ဖြစ်သည်။ 

နိုင်ငံတော် သမ္မတကြီး ယနေ့ နေ့လည်တွင် ဆစ်ဒနီမြို့ မှ မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာ လာမည်

နိုင်ငံတော် သမ္မတကြီးဟာ ဒီနေ့ နေ့လည်မှာ ဆစ်ဒနီမြို့ ကနေ မြန်မာနိုင်ငံ ကို ပြန်လည်ထွက်ခွာပါ့မယ်။ယ ခုခရီးစဉ်အတွင်းမှာ သြစတြေးလျအစိုးရထံကနေ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍများမှာ အကူအညီပေးဖို့ ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ တပ်မတော်ချင်းဆက်ဆံရေးတွေတိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အတွက် တပ်မတော်အရာရှိများ အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ သမားရိုးကျမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှု၊ လူ့အခွင့်အရေး စတဲ့ကဏ္ဍများစွာမှာ နိုင်ငံတကာတပ်မတော်များရဲ့ အတွေ့အကြုံ များ ကို လေ့လာဆည်းပူးခွင့်ရရှိတော့မှာဖြစ်ပါတယ်။

သြစတြေးလျလုပ်ငန်းရှင်များအနေနဲ့လည်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး၊ သတ္တု၊ ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာကဏ္ဍများမှာ လာရောက်ရင်းနှီးမြှတ်နှံဖို့ စိတ်ဝင် စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံခရီးစဉ်မှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ အကူ အညီပေးရေးတို့ နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါတယ်။ဒါ့ကြောင့်နိုင်ငံတော်သမ္မတကြီးရဲ့ နယူးဇီလန်၊ သြစတြေးလျ ခရီးစဉ် ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက် နိုင်စေရန်အထောက်အကူပြုမယ့် အောင်မြင်တဲ့ ခရီးစဉ်ဖြစ်ေ ကြာင်း တင်ပြလိုပါတယ်။

Ye Htut

Tuesday, March 19, 2013

ဒေါ်စု နှင့် ဝမ်ပေါင် တို့ ဆွေးနွေးပြီးနောက် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်အသစ် ချုပ်ဆို၍ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အားနည်းချက်များ ပြုပြင်၍ နိုင်ငံနှင့်ဒေသခံများ ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ် အသစ်ချုပ်ဆိုကာ ဆက်လက် ဆောင်ရွက်သွားရန် အကြံပြုကြောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေးနီစီမံကိန်းနယ်မြေတွင် ပါဝင်သော ဒုံးတောနှင့်ကံကုန်းကျေးရွာ ဒေသခံများကို တွေ့ဆုံရာတွင် ပြောကြားသည်။

တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့် အတွက် တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပါက စီပွားရေး အရ ယုံကြည်ရမှု မရရှိနိုင်တော့သည့် အတွက် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အလားအလားများ ထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။

ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သော်လည်း သိမ်းယူခဲ့သော လယ်ယာမြေများကို ကာလတန်ကြေးနှင့် လျော်ကြေးပေးရန် ဒေသခံ များ၏ အလုပ်အကိုင်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဟု မြန်မာစီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့က ကတိပေးထားကြောင်း ၄င်းက ဆိုသည်။

ကြေးနီစီမံကိန်း အတွက် လယ်ယာမြေများကို ကာလတန်ကြေးနှင့် အညီ လျော်ကြေးပေးရာတွင် ယခုဆောင်ရွက်မည့် လက်ပံတောင်းတောင်စီမံကိန်း ကိုသာမက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရ လက်ထက်ကတည်းကပင် ဆောင်ရွက်ခဲ့သော စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများအတွက် သိမ်းယူခဲ့သောလယ်မြေများကိုပင် ပြန်လည် လျော်ကြေးပေးမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ကံကုန်းကျေးရွာတွင် ဒေသခံ များကို အသိပေးခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သွားမည်

သမ္မမတ ဦးသိန်းစိန် တရုတ်ပြည်သွားမည်ယင်းခရီးစဉ်တွင် လက်ပံတောင်းတောင် အရေးဆွေးနွေးဖွယ်ရှိဟု တရုတ်အထူးသံတမန် ပြောကြားနိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာမည့်ဧပြီလဆန်းတွင် တရုတ်နိုင်ငံသို့သွား ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်ရောက် ရှိနေသော တရုတ်နိုင်ငံ ဆိုင်ရာ အာရှရေးရာ အထူးသံတမန် H.E Wang Yingfan က ပြောကြားသည်။

အဆိုပါ ခရီးစဉ်တွင် ဦးသိန်းစိန်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအပါအဝင် အခြားကိစ္စရပ်များ ကို ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း တရုတ် နိုင်ငံ ဆိုင်ရာ အာရှရေးရာ အထူးသံတ မန်က ဆီဒိုနားဟိုတယ်၌ မတ်လ ၁၆ရက်တွင် ပြုလုပ်ခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှီး နှော ဖလှယ် ပွဲတွင် ပြောကြားခဲ့သည်။ယင်းက ''ဧပြီလဆန်းမှာ သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို အလည်အပတ်လာဖို့ရှိပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတာဝန် သူရဦးရွှေမန်းကို လွှဲပြီ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ လုပ်ငန်းတာဝန်များအား လက်ရှိပါတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက အပြည့်အဝ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ပါတီဗဟို အတွင်းရေးမှူးက ထုတ်ဖော်ပြောကြားလိုက်သည်။ 

“ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရော ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းနဲ့အညီပဲ သမ္မတကြီးက ဥက္ကဋ္ဌတာဝန် ရယူခြင်း၊ ဆောင်ရွက်ခြင်း မပြုတော့ကြောင်း အတိအလင်း ပြောကြားနိုင်ပါတယ်” ဟု ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက “ဖွဲ့စည်းပုံအခြေခံ ဥပဒေစည်းမျဉ်းမှာတော့ နိုင်ငံတော်ရဲ့ တာဝန်၊ ပြည်ထောင်စုအဆင့် တာဝန်တွေယူရင် ပါတီတာဝန်တွေ ထမ်းဆောင်လို့မရလို့ သတ်မှတ်ထားပါတယ်။ 

ကားတင်သွင်းခွင့်ရ ကုမ္ပဏီ ၃၀ ခန့် အမည်ပျက်စာရင်း သွင်းမည်

နယ်စပ်ကနေ ကား ၆၈၃ စီးကို မူလအင်ဂျင်၊ ဖရိန်းနံပါတ် ပြင်ရိုက်ပြီး တင်သွင်းလာတဲ့ ကုမ္ပဏီတွေကို အမည်ပျက် စာရင်းသွင်းပြီး သတင်းစာကနေ ကြေညာသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

‘ကားတင်သွင်းခွင့် မူဝါဒနဲ့တော့ ကိုက်တယ်၊ ဒါပေမဲ့ ချက်စီတွေ ပြန်ရိုက်ပြီး မော်ဒယ်လျှော့ချ လိုက်တဲ့အတွက် အခွန်တွေ လျော့သွားတယ်၊ ကုမ္ပဏီ ၂၀ ကျော်၊ ၃၀ ရှိတယ်’ ဟု အဲသည်တာဝန်ရှိသူ က ပြောပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ‘ဘယ်ကုမ္ပဏီတွေဆိုတာ သတင်းစာထဲ မကြာခင် ကြော်ငြာထည့်မယ်၊ blacklist (အမည်ပျက်စာရင်း) မလုပ်ရင် ကြောက်မှာမဟုတ်ဘူး’ လို့ မန္တလေးမြို့ကို ယခုလ ၁၆ ရက်က ရောက်ရှိစဉ် ပြောကြားခဲ့ပါတယ်။ 

သြစတြေးလျက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထောက်ပံ့မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ်လ ၁၇ ရက်၌ နယူးဇီလန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိရာ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေ ဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်သည် ၁၉၄၇ ခုနှစ်မှ ယနေ့အထိ သြစတြေးလျနိုင်ငံသို့ လာရောက် လည်ပတ်သည့် မြန်မာနိုင်ငံမှ ပထမဦးဆုံး နိုင်ငံတော် အကြီးအကဲအဆင့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် သြစတြေးလျနိုင်ငံတွင် သုံးရက်ကြာ လည်ပတ်မည် ဖြစ်ပြီး သြစတြေးလျနိုင်ငံမှ ဝန်ကြီးချုပ် ဂျူလီယာဂေရက်နှင့် စီးပွားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ မည် ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတက ချီးမြှင့်မည့် စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် ကွင်းဆင်းစစ်ဆေး



နိုင်ငံတော်သမ္မတက ချီးမြှင့်မည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ကုန်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းများမှ တန်ဖိုးမြင့် ထုတ်ကုန်အများဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များဆု (ပုဂ္ဂိုလ်ရေးဆိုင်ရာဆု) ကို တိုင်းဒေသကြီး/ပြည်နယ်များမှ ပဏာမရွေးချယ်ခံရသော လုပ်ငန်းများအား လုပ်ငန်းကော်မတီ (နေပြည်တော်)မှ အကဲဖြတ်မှု မှန်ကန်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ် ၁၂ ရက်မှ စတင်၍ ကွင်းဆင်းလေ့လာ ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအဖွဲ့ကို လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း၊ စက်မှုဝန်ကြီးဌာန အထည်ညွှန်ကြားရေးမှူး (ထုတ်လုပ်စီမံ) ဦးအေးထွန်း၊ စက်မှုဝန်ကြီးဌာန (စက်စစ်ဦး)မှ တိုင်းဦးစီးမှူး ဦးကျော်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တိုင်းအင်ဂျင်နီယာ ဦးဇေယျာဆွေတို့ ပါဝင်သော အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး ဟွန်ဒါ-မြန်မာ သစ်ပါးလွှာစက်ရုံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို မတ် ၁၂ ရက်က စတင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ 
 

တပ်မတော် ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကြောင့် ဗန်းမော်-မြစ်ကြီးနား ကားလမ်း တရားဝင် သွားလာလို့ရပြီ

myintkyina-305.jpg
 
မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးကို တွေ့ရစဉ်
 
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေရဲ့တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်ေ လာက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်က စတင်ပြီး ပြန် လည် သွားလာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ဗန်းမော်မြို့ကနေ မြစ်ကြီးနားမြို့ဘက်ကို ဒီကနေ့မနက် ၈ နာရီမှာ စတင်ထွက်ခွာခွင့်ပြုခဲ့တာလို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနက အမည်မဖော်လိုတဲ့ ပြည်နယ် အရာရှိ တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

အထက် မြန်မာပြည် မန္တလေး တက္ကသိုလ်ဝင် တပ်ဖွဲ့ဝင်များ အခြေခံ စစ်ပညာ သင်တန်း တက်ကြွစွာ လေ့ကျင့်နေသည့် မှတ်တမ်း ဓာတ်ပုံများ (၂၀၁၂-၂၀၁၃)




နိုင်ငံတော် သမ္မတကြီး ဆစ်ဒနီ ဆိပ်ကမ်းအား သဘောင်္ဖြင့် လှည့်လည်ကြည့်ရှု

နိုင်ငံတော် သမ္မတကြီးဟာ ဒီနေ့ မနက် ဆယ်နာရီမှာ ဆစ်ဒနီဆိပ်ကမ်းကို သဘောင်္နဲ့ လှည့်လည် ကြည့်ရှု ခဲ့ပါတယ်

Ye Htut


အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ အဆို လွှတ်တော်တွင် အတည်ပြု


၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို လွှတ်တော်တွင် အတည်ပြုလိုက်ခြင်းဖြင့် မြန်မာအစိုးရသည် ဒီမိုကရေစီအသွင်သို့ အပြည့်အဝ ကူးပြောင်းနိုင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတရပ်ကို စတင်လိုက်သည်။

ထိုအဆိုပြုချက်ကို အာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် သူရဦးအေးမြင့် (စစ်အစိုးရ ဝန်ကြီးဟောင်း) က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တညီတညွတ်တည်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ဩစတြေးလျ ဓနသဟာယ နိုင်ငံ ဘုရင်ခံချုပ် ဂုဏ်ပြုကြိုဆို


 
ဩစတြေးလျ ဓနသဟာယနိုင်ငံ ကင်ဘာရာမြို့တော်၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားဩစတြေးလျဓနသဟာယ နိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင် ဘရိုက်စ် အေစီစီ ဗီအိုက မတ် ၁၈ ရက် နံနက်ပိုင်းတွင် ကင်ဘာရာမြို့တော်ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြု ကြိုဆိုသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ ရောက်ရှိလာရာ သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင် ဘရိုက်စ် အေစီစီဗီအိုက ရင်းနှီးခင်မင်စွာ ကြိုဆိုသည်။
 

 
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
 

ကြေးနီစီမံကိန်း လျော်ကြေးငွေ ကျပ်ငွေသိန်းပေါင်း ၄သောင်း ၆ထောင်ေ ကျာ် သုံးရက်အတွင်း ရွာ ၉ ရွာထုတ်ယူ

လက်ပံတောင်းတောင်ဒေသမှာ တောင်သူတွေဆုံးရှုံးခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေတွေ ထုတ်ပေးနေရာမှာ သုံးရက်အတွင်း ရွာ ၉ ရွာက တောင်သူတွေ လာရောက်ထုတ်ယူခဲ့ကြပေမယ့် ကျန်တဲ့ရွာ ၁၇ ရွာက တောင်သူတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ် တယ်လို့ ဒေ သခံတွေ က ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေတွေအတွက် ကျပ်ငွေသိန်းပေါင်း ၄သောင်း ၆ထောင်ေ ကျာ်ေ လျာ်ကြေးပေး မယ်လို့ ကြေညာခဲ့တဲ့နောက်၊ မတ်လ ၁၅ရက်နေ့ကစပြီး လျော်ကြေးငွေတွေ ထုတ်ေ ပးနေ တာဖြစ် ပါတယ်။ လျော်ကြေးရယူခဲ့ကြတဲ့ရွာတွေဟာ လက်ပံတောင်းတောင်အစီရင်ခံစာ အကောင် အထည်ဖေါ်ရေးကော်မတီက သွားရောက်ရှင်းလင်းခဲ့ပြီးဖြစ်တဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ဆက်သွားချင်သေးတယ် ဆိုရင်