Pages

Tuesday, March 19, 2013

အသက်အန္တရာယ်ကြား စွန့်စားကား နိုင်ငံကို ကာကွယ်နေရသည့် စစ်သားများက မိမိတို့ထက် လစာငွေ ပိုရ သင့်သည်ဟု မန်ယူအသင်း နောက်ခံလူ ဖာဒီနန် ၀န်ခံ


မန်ယူအသင်း၏ ၀ါရင့်နောက်ခံလူ ရီယိုဖာဒီနန်က အသက်အန္တရာယ်ကြား စွန့်စားကား နိုင်ငံကို ကာ ကွယ်နေ ရသည့် စစ်သားများက မိမိတို့ထက် လစာငွေ ပိုရ သင့်ကြောင်း ၀န်ခံပြောကြားခဲ့သည့် သတင်း တစ်ခု အား တွေ့လိုက် သဖြင့် ဖော်ပြလိုက်ပါသည်။
 
www.MyanmarExpress.net

၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များအတွင်း ရေပေးဝေမှု အစီအစဉ်

 
 
၂၀၁၃ ခုနှစ် အတာသင်္ကြန် ရက်များအတွင်း ပြည်သူများ ရေပြတ်လပ်မှု မရှိစေရေး အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းမှု ) က စီစဉ်ထားရာ ဧပြီလ ၁၃ ရက် ( သင်္ကြန် အကြိုနေ့ ) မှ ဧပြီလ ၁၆ ရက် ( သင်္ကြန် အကျနေ့ ) တို့တွင် ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် ၊ ဗဟန်း နှင့် ဒဂုံ မြို့နယ် များသို့ နံနက် ၇ နာရီမှ ၁၁ နာရီ ၊ ညနေ ၃ နာရီမှ ၆ နာရီထိ ၂ကြိမ် ရေပေးဝေမည် ဖြစ်ကြောင်း ၊ အလုံ ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်း တို့အား နံနက် ၇ နာရီမှ ၁၀ နာရီထိ ရေပေးဝေ သွားမည် ဖြစ်ကြောင်း နှင့် ကျန်မြို့နယ် များကို မူလ ရေပေးဝေချိန် အတိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရေရရှိရေး အတွက် အကူအညီ တောင်းခံလို ပါက ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းမှု ) ဖုန်း ၀၁- ၂၄၉ ၆၅၅ ၊ ၀၁- ၂၄၃ ၅၅၀ ၊ ၀၁- ၃၈၂ ၉၈၉ ၊ ၀၁- ၃၈၂ ၉၉၀ ၊ ၀၁- ၆၆၀ ၃၄၀ တို့သို့ ဆက်သွယ် တောင်းခံ နိုင်ကြောင်း သိရှိရသည်။
 
PCT

စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ နှင့် ပတ်သတ်၍ ဟန်ဝင်းအောင် နှင့် Messenger အင်တာဗျူး


ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။

အဓိက က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။ အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။ နောက်စီမံ ကိန်း ဆက်လုပ်ရေးဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။

သတင်းမှားဟု စွပ်စွဲခံရသည့် 1st Music News ဂျာနယ်နှင့် အာကျယ် မသွဲ့သွဲ့ဝင်းတို့ ပြဿနာ

“မသွဲ့သွဲ့ဝင်း သတင်းမှား ရေးသားသူ မုံရွာမောင်သုံ နှင့် The First Music News- ဂျာနယ်အား မသွဲ့သွဲ့ ဝင်းက ရှင်းလင်းခွင့်ပြန်တောင်း”
 
**********************************************
 
The First Music New- ဂျာနယ် အမှတ်(၃၂၆) ၁၉-၃-၂၀၁၃-ရက်စွဲပါ “မြောက်ပိုင်း ပါချောင်ဒေသမှာ ကျောင်း သားအများအပြားကို သတ်ဖြတ်ခဲ့တဲ့ အမှုမှာ တာဝန်မကင်းသူ ABSDF- က နိုင်အောင်၊ ဇနီး ခင်ဥမ္မာ နဲ့ မိုးသီးဇွန်တို့က ကမကထပြုပြီး လက်ပံတောင်းေ တာင် ကြေးနီစံမံကိန်း သပိတ်က- မသွဲ့သွဲ့ ဝင်းကို ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်ကာ (၁၂)ကြိမ်မြောက် အမျိုးသ မီး နှီးနှောဖလှယ်ပွဲ တက်ရောက်ေ စခဲ့ကြောင်း သိရ”
ခေါင်းစဉ်နှင့် ရေးသားထားသော သတင်းအချက်အလက်များမှာ မသွဲ့သွဲ့ဝင်းနှင့် လုံးဝမသက်ဆိုင်သော သတင်း မှားများ ဖြစ်နေကြောင်း၊ မသွဲ့သွဲ့ဝင်းမှာ အပြီးသတ် အစီရင်ခံစာ ထွက်ပြီးသည်မှ ယနေ့ အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဂုံတော၊ ကံကုန်း၊ ကျော် ရွာ၊ ဝက်မှေး၊ ကန်တောရွာသစ်၊ တုံသပိတ်စခန်း၊ ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင်သုံးရွာနှင့် ဝမ်ေ ပါင် ကုမ္ပဏီတို့သို့ (၂)ရက်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း၊ မသွဲ့သွဲ့ဝင်းတို့ နေထိုင်ရာ ဝက်မှေးရွာေ ဟာင်း သို့ မလာရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်နှ င့် တွေ့ဆုံ ခွင့်မရှိသလို ဒေါ်အောင်ဆန်း စုကြည်ကို ဆန္ဒပြရာတွင်လည်း ဝက်မှေးရွာဟောင်း မပါဝင်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် အတူ လိုက်ပါလာသော NLD-ဦးစိုးဝင်းက “ညည်းတို့ ညီအစ်မနှစ်ယောက် ဦးဆောင်ပြီး ဒေါ်စုကို ဆန္ဒပြ တာလား-ဟု ဖုန်းဆက်၍ မေးကြောင်း၊ ကျွန်မတို့ ရွာက ဆန္ဒပြရာတွင်လည်း မပါကြောင်း၊ ကျွန်မတို့ ကိုယ် တိုင် လည်း ဆန္ဒပြရာတွင် မပါဝင်ကြောင်း၊ ပြန်ပြောမှ NLD-ဦးစိုးဝင်းက ပြန်လည်တောင်းပန်ခဲ့ကြောင်း” အထင်အမြင် လွဲမှားမှုသာ ဖြစ်ကြောင်း၊ ဒေါ်စု ကိုလေး စားကြောင်း၊ ဒေါ်စုကသာ ဒီလိုအဖြေ မထုတ်ခဲ့ရင် ရွာသူရွာသားတို့ ဆင်းရဲတာရှည်နိုင်ေ ကြာင်း၊ ဒေါ်စုကို ကျေးဇူးအထူးတင်ကြောင်း ဦးဝီရသူ လာရောက်လျှောက်ထား ပါသည်။ ထို့အပြင် ဒေါက်တာနိုင်အောင်ကို မမြင်ဖူးသလို အဆက်အသွယ်လည်း မရှိကြောင်း ထပ်မံ လျှောက်ထား လာပါသည်။
 

ဥပဒေနှင့် မညီညွတ်သည့် မင်းမဲ့စရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့်မှုများ ဒီမိုကရေစီ အလွဲသုံးမှုများကို လစ်လျူရှုလျှင် တိုင်းပြည် နစ်နာမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဒလမြို့နယ်မှ ဒေသခံများ နှင့် တွေ့ဆုံစဉ်‌ ပြောကြား


“ဥပဒေနှင့်မညီညွတ်သည့် မင်းမဲ့စရိုက်များ၊ အုပ်စုဖွဲ့အနိုင်ကျင့်သည့် ဒီမိုကရေစီ အနိုင်ကျင့်မှုများ ဒီမိုကရေစီအလွဲသုံးမှုများကို လစ်လျူရှုလျှင် တိုင်းပြည်နစ်နာမည် ဖြစ်ကြောင်း” ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်း ဒေသကြီး၊ ဒလမြို့နယ်၊ သီရိဇေယျာ အနော်ရထာ ခန်းမ၌ ကျင်းပသည့် မြို့မိမြို့ဖများနှင့် ဒေသ ခံပြည်သူများ အား တွေ့ဆုံပွဲအခမ်းအနားတွင် ထည့်သွင်း‌ပြော ကြားသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ယနေ့နေ့လည် ၁ နာရီ ၅၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ များဖြစ် ကြသည့် ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးမောင်တိုး၊ ဦးစောလှထွန်းနှင့် ဦးကိုကိုထွန်း၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

Management နဲ့ Leadership ဘယ်လိုကွာခြားပါသလဲ


Management နဲ့ Leadership ရဲ့အဓိကကွာခြားချက်ကတော့ Management ဟာလေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုနဲ့ သက်ဆိုင်ပြီး Leadership ကတော့ အနုပညာ ဒါမှမဟုတ် အတတ်ပညာ နဲ့သက်ဆို င်ပါ တယ် ။

များသောအားဖြင့် The skill of management and the art of leadership လို့ ပြောလေ့ရှိကြပါတယ်။ Management Skills လို့ပြောတဲ့အခါ လုပ်ငန်းအဖွဲ့အစည်းအတွက် မဟာဗျူဟာ (Strategy) ချမှတ်နိုင်စွမ်းရှိတာ ၊ ၀န်ထမ်းတွေကို စနစ်တကျ စုစည်းပြီး ဖွဲ့စည်းပုံ (structure) ချမှတ် ထားနိုင်တာ၊ ငွေကြေးနဲ့ဘဏ္ဍရေးကိစ္စတွေ၊ နေ့စဉ်လုပ်ငန်းဆောင် တာတွေအပေါ်စနစ် (System) ကျကျ ထိန်းသိမ်းနိုင်စွမ်းရှိတာ ကိုဆိုလိုပါတယ်။
 

အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် တောင်ကိုရီးယား ဝေဟင်တွင် လေ့ကျင့်ပျံသန်း

 
တောင်ကိုရီးယားနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း နျူကလီးယားဗုံး သယ်ဆောင်အသုံးပြုနိုင်သော B-52 ဗုံးကြဲလေယာဉ် လေ့ကျင့်ပျံ သန်းခဲ့ကြောင်း အမေရိကန်က ပြောကြားသည်။ယခုလေ့ကျင့်မှုမှာ တောင်ကိုရီး ယား၊ အမေရိကန်တို့နှင့် စစ်ရေးအရ တင်းမားမှုများရှိနေသော မြောက်ကိုရီးယားကို သတိပေးလိုက်ခြင်း လည်းဖြစ်ကြောင်း Channel NewsAsia သတင်းတွင် ရေးသားဖော်ပြ သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်အတွင်း B-52 ဗုံးကြဲလေ ယာဉ် လေ့ကျင့်ပျံသန်းမှုကိုလည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Planet Myanmar Network

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး

 
ခင်ပွန်း ၅ ဦးနဲ့ သားတဦးကို ချက်ပြုတ်ကျွေးမွေးနေတဲ့ မစ္စ ရာဂျို
လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူး ဆန်းပေ မယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကေ တာ့ ထူးဆန်းမနေဘူးလား။
ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ် အ ရွယ် ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီနေ ပါ သတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာ မှာဖော်ပြ ထားပါတယ်။ 
 

ဘာလျော်ကြေးမှ မလို၊ တောင်ကြီးကို ပဲလိုချင်သည့် ဆိုသည့် လက်ပံတောင်း တောင်သူများ နှစ်ရက် အတွင်း လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးထုတ်ယူ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် လျော်ကြေးငွေ များ ကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ေ ကြးေ ငွ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန် ချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီသည် မတ် လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများအတွက် လျော်ကြေးေ ငွများကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 

ပြည်တွင်းဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် နျူကလီးယား ဓာတ်ပေါင်းဖို ဂျော်ဒန်၌ တည်ဆောက်မည်



 ဂျော်ဒန်နိုင်ငံသည် လာမည့် မေလလယ်တွင် ပထမဆုံးနျူ ကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်နိုင်ရေး အတွက် နည်းပညာများ လေ့လာစုစည်းလျက် ရှိကြောင်း ဂျော် ဒန်နိုင်ငံပိုင် သတင်းဌာန ပီတရာက မတ် ၁၇ ရက်၌ ထုတ်ပြန်သည်။ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ေ ရး အ တွက် ထောက် ကူ ဖြည့်ဆည်းပေးနိုင် ရန် လေ့လာ မှုများ ပြုလုပ်လျက်ရှိကြောင်း ဂျော် ဒန် နျူကလီးယား စွမ်းအင် အေဂျင်စီ အကြီးအကဲ ခါလက်တူခန်က ပြောကြားသည်။ ထိုသို့ နျူကလီးယား ဓာတ်ပေါင်းဖို ပြုလုပ်ရန် ရုရှား၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့က ကုမ္ပဏီများကို ကူညီပေးလျက်ရှိကြောင်း၊ လာမည့်မေလလယ်တွင် လုပ်ငန်းစတင်နိုင်ရန် မျှော်မှန်းထားကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မည့်နေရာကို ယခုမတ်လကုန်၌ အပြီးသတ်ေ ရွး ချယ်မည်ဖြစ်ပြီး လောလော ဆယ်တွင် နေရာသုံးခုမှ တစ်နေရာကို ရွေးချယ်ရန် စီစဉ်ထားသည်။ ထိုသို့ မြေနေရာရွေးချယ်မှုကို ဂျော်ဒန်အစိုးရသို့ တင်ပြအတည်ပြုချက် ရယူမည်ဖြစ်ပြီး စွမ်းအင်လိုအပ်ချက် ၉၆ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ဆင်ဟွာ

တရုတ်နိုင်ငံခြားရေးဝန်ကြီး အသစ်ခန့်အပ်

 
တရုတ်ပါလီမန်က ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ဟောင်း တစ်ဦးဖြစ်သည့် ဝမ်ယီအား တရုတ်နိုင်ငံခြားရေး ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း မတ် ၁၆ ရက်က အမျိုးသားကွန်ဂရက်၏ ထုတ်ပြန်ချက်ကို အေပီ သတင်းတစ် ရပ်တွင် ဖော်ပြသည်။ လောလောဆယ် တရုတ်(တိုင်ပေ)ရေး ရာ ခေါင်းဆောင်ဖြစ်သည့် ဝမ်သည် ၂ဝဝ၇ ခုနှစ်ကတည်း က နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ယန်ကျိချီနေရာတွင် အစားထိုးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ယန်ကျိချီကို အစိုးရကောင်စီသို့ အဆိုပြုခန့်အပ်ခဲ့ကြောင်း မတ် ၁၆ ရက်က အမျိုးသားပြည်သူ့ကွန်ဂရက်၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီး ပြောင်းလဲ မှုသည် အရှေ့တရုတ်ပင်လယ်အတွင်း လူနေထိုင်ခြင်းမရှိသည့် ကျွန်းများအ တွက် ဂျပန်နှင့် တင်းမာမှု အရှိန်မြင့်မားချိန်တွင် ဖြစ်လာခဲ့သည်။ အသက် ၅၉ နှစ်အရွယ်ရှိ ဝမ်သည် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ တိုကျိုမြို့ရှိ တရုတ်သံရုံးတွင် သံတမန်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၄င်းသည် ဂျပန်စကားပြောဆိုနိုင်သူ တစ်ဦးဖြစ်သည်။ ဝမ်သည် ၂ဝဝ၈ ခုနှစ်က အစိုးရကောင်စီတွင် တရုတ်(တိုင်ပေ)ရေးရာ ခေါင်းဆောင်ဖြစ်ခဲ့သည်။ 

အေပီ

Huawei နှင့် ဦးတေဇ ပူးပေါင်းပြီး ဖုန်းဆားဗစ်စင်တာများ ဖွင့်မည်

ကမ္ဘာကျော် Huawei တယ်လီဖုန်းကုမ္ပဏီနှင့် ဦးတေဇပိုင် Elite Tech ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာတစ်ပြည်လုံးတွင် ဖုန်းဆားဗစ်စင်တာများ ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Elite မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးဆန်းမင်းထွန်းက ပြောသည်။ 

အစိုးရသစ် လက်ထက်တွင် စီးပွားရေးမူဝါဒများ ပြောင်းလဲလိုက်သည်နှင့်အညီ ဆက်သွယ်ရေးကဏ္ဍသို့ နိုင်ငံတကာမှ ဖုန်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာခြင်း ဖြစ်ပြီး Huawei ကုမ္ပဏီမှ ဆားဗစ်စင်တာများကို မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “Huawei ကုမ္ပဏီကနေ ဆားဗစ်စင်တာတွေကို ဒီနှစ်အတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်။ အခုကစပြီး ဒါနဲ့ပတ်သက်တဲ့ ပရောဂျက်တွေ စပြီး ရေးဆွဲနေတယ်။ မြန်မာနိုင်ငံမှာလည်း Huawei ဈေးကွက်က ရှိတယ်။ အဲဒီတော့ လာဖွင့်ရင် ပိုပြီး အားသာချက်တွေ ရှိလာနိုင်တယ်။ ဒီလို ကုမ္ပဏီကြီးတွေ ဝင်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အခြေအနေက အားတက်စရာပဲ” ဟု ဦးဆန်းမင်းထွန်းက ပြောသည်။ 

အင်တာနက်လိုင်းမလိုဘဲ SMS မှတစ်ဆင့် Facebook Status များကို Update ပြုလုပ်နိုင်

Facebook Status များကို အင်တာနက် ကွန်နက်ရှင်မလိုဘဲ SMS မှတစ်ဆင့် Update ပြုလုပ်နိုင်မည့် အစီအစဉ်တစ်ရပ်ကို စတင်လိုက်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်မှာ MM Status (Myanmar Status) ဟု ခေါ်ဆိုနိုင်ပြီး M188 Mobile Application Services မှ မတ်လ ၁၂ ရက်နေ့မှစတင်ကာ ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ မိမိတို့၏ Facebook Account များတွင် တင်လိုသော Status များကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို တင်နိုင်မည်ဖြစ်ကြောင်း SMS (18880) သို့ မိမိတင်လိုသော စာသားကို ပေးပို့ပြီး အလွယ်တကူ Update ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

“SMS ပို့ပြီး Facebook Status ပေါ်မှာ တင်တဲ့အခါ SMS Server အနေနဲ့ ပေးပို့သူတွေရဲ့ Password ကို သိမ်းထားမှာ မဟုတ်ပါဘူး။ သိမ်းထားလို့လည်း မရဘူး။ ဒီစနစ် အသုံးပြုဖို့အတွက် Smart ဖုန်း ဖြစ်စရာလည်း မလိုပါဘူး။ ဘယ်ဖုန်းမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု M188 မှ Assistand Manager ကိုရဲမြတ်အောင်က ပြောသည်။ Notification များကိုလည်း SMS ဖြင့် အခမဲ့ ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ 

ပုဂ္ဂလိကဘဏ်တိုးနှုန်း လျှော့ချရန်စီစဉ်

လက်ရှိ ဘဏ်အတိုးနှုန်းများ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်များ ဆွေးနွေးလျက်ရှိကြောင်း အဆိုပါဘဏ် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဘဏ်အတိုးနှုန်းများ စာရင်းရှင်အပ်ငွေ အတွက် ၈ ရာခိုင်နှုန်းနှင့် ချေးငွေအတွက် ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ ထပ်မံလျှော့ချရန်အတွက် ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ 

သမဝါယမဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က “ဘဏ်အတိုးတွေ လျှော့ချရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်” ဟု ယင်းက ပြောသည်။ ယင်းကဲ့သို့ ဘဏ်များ၏ အတိုးနှုန်း လျှော့ချခြင်းကို ပုဂ္ဂလိကဘဏ် အများစုမှ လက်ခံမှုမရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ သိရသည်။ 

ဆက်သွားချင်သေးတယ် ဆိုရင်