Pages

Saturday, February 23, 2013

တောင်အာဖရိက နိုင်ငံသား နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံ လာမည်

              
 တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။
တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန်Center မှာ စကားပြောဖို့ရှိပါတယ်။ အရပ် သား အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန်ကုန်မြို့ ကို တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမေရိ ကန်ပြည်ေ ထာင် စုတက္ကသိုလ်တွေ က ပါမောက္ခတွေနဲ့အတူ တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး Desmond Tutu ဟာ ကထိကတာဝန်နဲ့ ပါလာမှာဖြစ်ပါတယ်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း ကလော တပ်နယ်အား ကြည့်ရှုစစ်ဆေး

 
နေပြည်တော် ဖေဖော်ဝါရီ ၂၂
 
ကလော တပ်နယ်သို့ ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကလောမြို့ နယ်မြေခံ တပ်ရင်းသို့ သွားရောက် စစ်ဆေးရာ နယ်မြေခံ တပ်ရင်းရုံး၌ တာဝန်ရှိသူ တစ်ဦးက တပ် တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄) ရပ်ဆိုင်ရာ ဆောင်ရွက် မှု အခြေနေများကို ရှင်းလင်း တင်ပြပြီး ဗိုလ်ချုပ်ကြီး စိုးဝင်းက လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
 

မြန်မာ့ရေတပ်အကြောင်း ပြောချင်တာလေးတွေ

အခုတလော ဒေသတွင်းသတင်းတွေမှာ နာမည်ကြီးနေတဲ့ တပ်မတော် (ရေ) ရဲ့ ယိုးဒယားနိုင်ငံ၊ ဖူးကပ်ကို သွားရောက်ခဲ့တာနှင့် ပတ်သက်ပြီး ကျွှန်တော်တို့အတော်များများ အားရနေကြမယ်လို့ ယူဆပါတယ်....။ အ မှန်ပြောရရင် တပ်မတော် (ရေ) စာမျက်နှာမှာ တွေ့ရသလို ဒုံးမပါ၊ရေဒါတပ်ဆင်မှုအားနည်းနှင့် ဆိုရင်တော့ အားမရတာ အမှန်ဘဲဖြစ်ပါတယ်...။ ဒါပင်မဲ့ ယိုးဒယားကို တကယ်ရောက်သွားတဲ့ အချိန်မှာတော့ အမြန် တိုက်ခိုက်ရေးယာဉ်တစ်စင်းရဲ့ ရှိသင့်တဲ့ စွမ်းဆောင်ရည်များကို အပြည့်အစုံတပ်ဆင် ထား တာ တွေ့ရပါတယ်....။

တပ်မတော် (ရေ) ၏ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ



တပ်မတော် (ရေ) ရေတပ်သဘောင်္ကျင်းမှာ ထုတ်လုပ်ခဲ့သည့် အဆိုပါ ရေယာဉ်တွေအနေဖြင့် နိုင်ငံ တ ကာ ကိုပင် သွားရောက်လည်ပတ်နိုင်တဲ့ အထိရှိနေပြီဆိုတာ သိရတဲ့ အတွက် မြန်မာနိုင်ငံ သား တစ်ေ ယာက် အနေဖြင့်လည်း ဂုဏ်ယူမိပါတယ်....။ တပ်မတော် (ရေ)ရဲ့ စွမ်းဆောင်ရည်များ ကို ပြသ ခွင့်ရခဲ့ တယ်လို့လည်း မြင်မိပါတယ်....။ မြန်မာ့တပ်မတော် (ရေ)တွင် အဆိုပါ စစ်ရေယာဉ်များ (၅ စီးရီး ရေ ယာဉ် များ) အစီးရေ ၂၀ အထိပင် ပိုင်ဆိုင်ထားပြီး ဖြစ်ရာ တပ်မတော် (ရေ)၏ စွမ်းရည်များ ကို လေ့ လာသိ ရှိနိုင် မည်ဖြစ်သည်....။

NLD ပါတီ သည် မွတ်ပါတီ ဖြစ်နေပြီလို့ ဆရာတော် အရှင် ၀ီရသူ ပြောပြီ

 
ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ် လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။

အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။
 

ပုဂံမှာ နိုင်ငံခြားဧည့်သည်တွေထံက လုယက်သူတွေ ရက်ပိုင်းအတွင်း ဖမ်းမိ

ညောင်ဦးမြို့ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပစ္စည်းတွေကို လုယက်ပြီး ထွက်ပြေးေ နသူ တစ်စုအား ယခုလ ၁၈ ရက်နေ့မှာ ဖမ်းမိပြီး အရေးယူ အမှုဖွင့်ထားတယ်လို့ မန္တလေး တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရပါတယ်။ ညောင်ဦးမြို့တွင်း စက်ဘီးနဲ့ လည် ပတ်နေ တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ အိတ်တွေနဲ့ ပစ္စည်းတွေကို လုယက်တဲ့ အမှုသုံးခုက ယခုလ ၆ ရက်၊ ၁၄ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဂျာမနီနိုင်ငံသူ၊ တရုတ်နိုင်ငံသူနဲ့ အင်္ဂလန်နိုင်ငံသူတွေထံက အသီးသီး လုယူခဲ့ တာ ဖြစ်တယ်။ အဲသည် လုယက်မှု သုံးခုလုံးကို ပြုလုပ်ခဲ့သူတွေက ၁၅ နှစ်အရွယ် နှစ်ဦးနဲ့ ၁၆ နှစ်အရွယ် တစ်ဦးဖြစ်ပြီး အထက်တန်း ကျောင်းသားတွေ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာ ညောင်ဦးမြို့ ရွာသစ်ရပ်နေ လူတစ်ဦးက ပန်းသီး အမှတ်တံဆိပ် လက်ကိုင်ဖုန်းကို သူ့ထံလာေ ရာက် ရောင်းချနေကြောင်း အသိပေးရာက လူငယ်သုံးဦးကို ခြေရာခံမိပြီး ညောင်ဦး ရဲစခန်း မှာ ခေါ်ယူစစ်ဆေးခဲ့တယ်။ နေအိမ်တွေကို ရှာဖွေခဲ့ရာမှာ ကင်မရာ၊ ဖုန်းနဲ့ ဒေါ်လာငွေစက္ကူ တချို့ကို သက်သေခံပစ္စည်းအဖြစ် တွေ့ရှိခဲ့တယ်။ အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာနဲ့ ဟောင်ကောင်ငွေ ၂၀၀ ကိုလည်း မြန်မာငွေနဲ့ လဲလှယ်ပြီး ခွဲဝေသုံးစွဲခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြတယ်။ သုံးဦးစလုံးကို ညောင်ဦး ရဲစခန်းက (ပ) ၂၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ နဲ့ အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးညိမ်းထံက သိရပါတယ်။ ယခုလို လုယက်ခံရမှုနဲ့ ပတ်သက်ပြီး ရဲမှူးစိုးညိမ်းက ‘နိုင်ငံခြားသား မဟုတ်ဘူး၊ တခြားတိုင်းရင်းသားတွေ အနေနဲ့လဲ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသကို အလည်သွားရင် လူပြတ်တဲ့နေရာတွေကို သတိထားသင့်တယ်’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားပါသည်။ 

Khit Lu Nge

ဥပဒေမဲ့ သစ်ထုတ်လုပ်မှုနှင့် သစ်မှောင်ခိုမှု နိုင်ငံတကာ ရဲတပ်ဖွဲ့ စစ်ဆင်ရေးဆင်နွှဲ


နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)သည် ဥပဒေမဲ့ သစ်ထုတ်လုပ်မှုများနှင့် သစ်မှောင်ခို တင်ပို့မှု တိုက်ဖျက်ရေး နိုင်ငံတကာ စစ်ဆင်ရေး လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ရာတွင် လူ ၂၀၀ ခန့်ကို ဖမ်း ဆီးခဲ့ကြောင်း အင်တာပိုလ်က ထုတ်ပြန်သော သတင်းကြေညာချက် တစ်ရပ်တွင် ဖော်ပြသည်။ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသတို့ရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ ဥပဒေမဲ့ သစ်ခုတ်လှဲ မှုများနှင့် သစ်မှောင်ခို တင်ပို့မှု တိုက်ဖျက်ရေး စစ်ဆင်ရေး လုပ်ငန်းကို သုံးလ ကြာ ဆောင်ရွက်ခဲ့ရာတွင် ဒေါ်လာရှစ်သန်းတန်ဖိုးရှိ သစ်များကို သိမ်းဆည်းရမိခဲ့သည်။ ဥပဒေမဲ့ သစ်ထုတ် လုပ်သည့် ကုန်သွယ်ရေး လုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ဆုံးရှုံး နစ်နာခဲ့ရကြောင်း သိရသည်။ ဝေးလံခေါင်သီသော သစ်တော ဒေသများအတွင်း ဒုစရိုက်ဂိုဏ်များ လှုပ် ရှားနေကြောင်း၊ ယင်းဂိုဏ်းများသည် လူသတ်မှုများနှင့် အဂတိလိုက်စားမှုတို့နှင့် ဆက်နွှယ်မှုရှိကြောင်း အင်တာပိုလ်က ပြောကြားသည်။ 

ရိုက်တာ

သမ္မတထံ တိုက်ရိုက်တိုင်ကြားစာ ပေးပို့ပါက ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက ကူညီမည် မဟုတ်


ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက သမ္မတထံ တိုက်ရိုက်လိပ်မူ တိုင်ကြားခြင်းနှင့် အခြား အဖွဲ့အစည်းများထံ ပေးပို့တိုင်ကြားမှုများအား ကူညီပေးမည်မဟုတ်ဘဲ မှတ်တမ်းအဖြစ်သာ သိမ်း ဆည်း ထားမည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖေဖော်ဝါရီ ၂၁ ရက်က မီဒီယာ များသို့ ပြောကြားခဲ့သည်။ ၄င်းက “ကော်မတီကို လိပ်မူတိုင်ကြားစာများကိုသာ လိုက်ပါ စစ်ေ ဆး ဆောင်ရွက်ပေးမယ်။ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေကို လိပ်မူတိုင်ကြားတဲ့ စာတွေကို သိ သာ ရုံ သက်သက်ဖြင့်သာ မှတ်တမ်းတင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ “တိုင် ကြား မယ်ဆိုရင် ကျွန်တော်တို့ဆီကို လိပ်မူတိုင်ကြားဖို့ လိုပါမယ်။ သမ္မတဆီတိုင်ရင် သမ္မတက အ ဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုက်ပါဆောင်ရွက်လို့ မရဘူး။ မှတ်တမ်းမိတ္တူ အဖြစ် သာ ထားရပါမယ်” ဟု ပြောပြခဲ့သည်။ ကော်မတီသို့ လိပ်မူတိုင်ကြားလျှင် မှတ်ပုံတင်နံပါတ် အပြည့် အစုံ ဖြည့်သွင်းရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်က ဦးစွာစစ်ဆေး သုံးသပ်မည်ဖြစ်ကာ နာယကထံ အတည်ပြု ပေးပို့မည်ဖြစ်သည်ဟု ဆိုသည်။ ဖြစ်ပေါ်သည့် ပြဿနာအပေါ် အခြေခံ ကာ ပြည်ေ ထာင် စု အ စိုး ရထံ ပေးပို့သွားမည် ဖြစ်ပြီး စုံစမ်းစစ်ဆေး၍ ထပ်မံတင်ပြ သွားမည် ဖြစ်သည်ဟု ဆို သည်။ ပြည် သူ တို့၏ တိုင်ကြားစာနှင့် ပတ်သက်၍ ကြန့်ကြာမှုများ ရှိနေခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်ေ ရးပိုင်း ၏ လုပ်ငန်းဆောင်တာ အားနည်းမှုကြောင့်ဟုလည်း ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

လက်နက်နှင့် မူးယစ်ဆေးဝါး ရှာဖွေရာတွင် ရုရှားစစ်ဘက်က ကြွက်များ အသုံးပြုမည်


ရုရှားစစ်ဘက်ဆိုင်ရာ သုတေသီများသည် လက်နက်များ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် မူးယစ်ဆေးဝါး များကို ရှာဖွေဖော်ထုတ်ရာတွင် ကြွက်များကို အသုံးပြုနိုင်ရန် လေ့လာလျက်ရှိကြောင်း အစ်ဇဘက်ရှား သ တင်း စာက ဖေဖော်ဝါရီ ၂၁ ရက်တွင် ရေးသားဖော်ပြ သည်။ ကြွက် များသည် ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်နက်များ ရှာဖွေရာတွင် ခွေးများထက်ပင် အနံ့ခံနိုင်စွမ်း ပိုမိုကောင်းမွန်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားကြသည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက် ဖျက်ရေးလုပ်ငန်းတွင် ကြွက်များကို အသုံးပြုလျက်ရှိပြီးဖြစ်ကြောင်း၊ ရုရှားစစ် ထောက်လှမ်းရေးနှင့် လျှို့ ၀ှက်ေ ထာက် လှမ်းရေး တပ်ဖွဲ့ဝင်များက ကြွက်များကို အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်နိုင်ရန် စမ်းသပ်လေ့ လာမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကျွမ်းကျင်သူ ပညာရှင် တစ်ဦးဖြစ်သူ ဗီနီဒီတော့ဗ် က ပြောကြားသည်။ 

ရိုက်တာ

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပမည်

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန် ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်း ပမည် ဖြစ်ကြောင်း အဆိုပါ အသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂ဝ ရက် တွင် ပြောကြားသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှု တို့ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်လျက် အဆိုပါဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ ''အမေရိ ကန်-မြန်မာ စီးပွားရေး ဆက်ဆံမှုများအတွက် တိုးတက်မှုလမ်းကြောင်း'' ဟု အမည်ပေး ထားေ သာ ဆွေးနွေးပွဲကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် ပူးပေါင်းကာ စီစဉ် ကျင်းပ မည်ဖြစ်သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ တရားဝင် ခရီးသွားရောက်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖင်လန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနီစတို၊ သြစတြီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဟိန်းဇ်ဖစ်ရှာ၊ အီတလီ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျော်ဂျီယို နာပိုလီတာနို၊ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျန်း(စ်) စတိုလ်တန်ဘတ်ခ်နှင့် ဥေ ရာပကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုတို့၏ ဖိတ်ကြားချက်အရ မကြာမီ ကာ လ အ တွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ တရားဝင် ခရီး သွားေ ရာက်မည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွ င်ေ ဖ်ာပြ ထားပါသည်။

ပွင့်လင်းတဲ့ အစိုးရအဖွဲ့မှာ ပါဝင်နိုင်ဖို့ ဗြိတိန်အစိုးရ မိတ်ဘက်အဖြစ် လာဆွေးနွေး


ပွင့်လင်းတဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ရေး (Open Government  Partnership) အဖွဲ့ဝင်ထဲမှာ သမ္မတ ဦးသိန်းစိန်က ပါဝင်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဗြိတိန်နိုင်ငံ ဝန်ကြီးများရုံး ဝန်ကြီး Francis Maude MP က သည်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပွင့်လင်းတဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ရေး (OGP) အဖွဲ့ မှာ ပြဋ္ဌန်းထားတဲ့ ဥပဒေရေးရာနဲ့ အခြေခံစည်းကမ်းကို လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ အဲဒါေ တွ က နိုင်ငံတော် ဘဏ္ဍာငွေ ရသုံးငွေစာရင်း ရှင်းတမ်း၊ တိုင်းပြည်နဲ့ ငွေစာရင်းကို ပွင့်ပွင့်လင်းလင်း ချပြဖို့၊ အကြီး တန်း အရာရှိကြီးများရဲ့ ပိုင်ဆိုင်မှုစာရင်း ပြဖို့လိုတယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်မှ အိုဂျီပီ အဖွဲ့ဝင်မှာ ပါဝင်ခွင့်ရှိမယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံ ဝန်ကြီးများရုံး ဝန်ကြီးက ‘တိုင်းရင်း သား ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံတဲ့အခါ သူတို့က သေသေချာချာ လိုလားကြတယ်၊ မြန်မာအစိုးရကလဲ ဆန္ဒရှိတယ်၊ ဗြိတိန်က ဘယ်လို ကူညီပါဝင်ဖို့ ဆွေးနွေးထားတယ်’ လို့ ပြောပါတယ်။ အိုဂျီပီ ဝင်ရောက်တဲ့ အကျိုးကျေးဇူးက တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှု အများကြီး ရှိလာမယ်။ သည်လို ပွင့်လင်းမြင်သာမှု ကြောင့် အကျင့်ပျက်ခြစားမှုကို အပြီးအပိုင် ချေမှုန်းနိုင် မယ်။ ငွေကြေးဘယ်မှာ သုံးလဲဆိုတာ ပွင့်လင်းစွာ သိလာနိုင်မယ်လို့ သိရတယ်။ မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှု ရှိလာတဲ့ အနေအထားမှာ ပွင့်လင်းတဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုတယ်။ ပွင့်လင်းမြင်သာမှုနဲ့ ပွင့်လင်းမှုရှိတဲ့ အစိုးရက အရေးကြီးလို့ ဗြိတိန်နိုင်ငံက အင်ဒိုနီးရှားနဲ့တွဲပြီး သဘာပတိအဖြစ် ဆောင်ရွက်နေပါတယ်။ အိုဂျီပီနှစ်ပတ်လည် ထိပ်သီး အစည်းအဝေးပွဲကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပဖို့ ရှိပါတယ်။ သည်ပွဲကို မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေကိုပါ ဖိတ်ကြားမယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

လိုင်ဇာသွား ကုလအဖွဲ့များ လုံခြုံရေးကြောင့် ကြန့်ကြာနေ

ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအား ကူညီရန် လုံခြုံရေးအခက်အခဲကြောင့် ကမ္ဘာ့ကုလ သမဂ္ဂ အကူအညီပေးရေးအဖွဲ့များ ကြန့်ကြာနေကြောင်း ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား စစ်ရေးတင်းမာ မှုများ ရှိနေသေး၍ ကုလ အဖွဲ့အစည်းများက မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း လာရောက်ရန် လုံခြုံမှု မရှိသေးခြင်း ဖြစ်သည်။

“သူတို့ လမ်းကြောင်းနဲ့ ပတ်သက်လို့ ညှိနှိုင်းနေတယ် ထင်တယ်။ လာမယ်လို့တော့ သတင်းပေးလာတယ်။ ဘယ်တော့ လာမယ်ဆိုတာ မပြောလာသေးဘူး။ လိုင်ဇာနဲ့ ဗန်းမော် တိုက်ရိုက်သွားဖို့ လမ်းကြောင်း နည်းနည်းခက်ခဲနေတယ်။ ဒါကြောင့် မိုင်ဂျာယန်၊ လွယ်ဂျယ်ဘက်ကနေ လာမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ မသေချာသေးဘူး” ဟု KIO ၏ ဒုက္ခသည် ကူညီရေး တာဝန်ခံ  ဦးဒွဲပီဆား က မဇ္စျိမကို ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn ၌ ယနေ့ အကြိုတွေ့ ဆုံဆွေးနွေးရာတွင် အားရကျေနပ်မှုရှိကြောင်း ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC က ပြောသည်။

နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ တွေ့ဆုံခဲ့သည့် ယင်းဆွေးနွေးပွဲတွင် UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက “အခု UNFC အဖွဲ့တွေနဲ့ အစိုးရအကြား တွေ့ဆုံတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်သူ့အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ အခါ က်ေ တာ့ ေ တ်ာတော်လေး အားရကျေနပ်မိ ပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

Friday, February 22, 2013

ပြည်တွင်း ဒုက္ခသည်များ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဦးစားပေးမည်


ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်တစ်သိန်းကျော်အား မြန်မာပြည်တွင်းသို့ ပြန်လည်ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်တွင်းဒုက္ခသည်များအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ပြီးမှသာ ပြည်ပရှိ ဒုက္ခသည်များအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အ မျိုးသား အစည်းအရုံး (ကေအင်န်ယူ)၏ ကာကွယ်ရေးဝန်ကြီး စောရော်ဂျာခင်က ပြောသည်။ “ပထမကေ တာ့ ပြည်တွင်း ဒုက္ခသည်တွေက ဘယ်မှမသွားကြတော့ လုပ်ရတာ လွယ်တယ်။ မြို့ကျော်နေတဲ့ ရွာပုန်း ရွာေ ရှာင်ေ တွအတွက် စနစ်တကျ ပြန်လည်ထူထောင်ရေး လုပ်ပြီးမှပဲ တစ်ဖက်မှာရှိတဲ့ သူတွေ ကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်” ဟု စောရော်ဂျာခင်က ဖေဖော်ဝါရီလ ၁၂ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

မြန်မာနိုင်ငံသည် ယနေ့ကမ္ဘာပေါ်တွင် စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှု အခံရဆုံးနိုင်ငံဖြစ်လာ

ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ ပုံမှန်အစည်းအဝေး (၁၇)ရက်မြေက်နေ့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အစီအစဉ် (၁၅)ခုဖြင့် ကျင်းပသည်။ အစည်းအဝေး၌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)မှ ဦးခင်မောင်ရီက အဆိုတင်သွင်းရာတွင် မြန်မာနိုင်ငံသည် ယနေ့ကမ္ဘာပေါ်တွင် စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှု အခံရဆုံး နိုင်ငံဖြစ်လာပြီး နိုင်ငံတကာမှ အကြီးအကဲများ၊ အစိုးရပိုင်တာဝန်ရှိသူများ၊ အမေရိကန်၊ အင်္ဂလန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များစွာ လာရောက်လေ့လာညှိနှိုင်းခြင်း၊ ကမ္ဘာဘဏ်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့မှ ပုဂ္ဂိုလ်များ လာရောက်ညှိနှိုင်းမှုများ၊ ဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းမှုများ၊ သံခင်းတမန်ခင်းသာပြီး ယခင်ဆက်ဆံရေး နိမ့်ကျရာမှ သံအမတ်ကြီးအဆင့်နှင့် တိုးမြှင့်ဆက်ဆံနိုင်မှုများသည် အပြောင်းအလဲများကြောင့် ဖြစ်ထွန်းလာသော အသီးအပွင့်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အလွန်ထင်သာမြင်သာသော ဖွံ့ဖြိုးတိုးတက်မှုများမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အင်နှင့်အားနှင့် ဝင်လာခြင်း (သီလဝါ၊ ထားဝယ် ရေနက်ဆိပ်ကမ်း စသည်)၊ ကမ္ဘာလှည့် ခရီးသွား ရာခိုင်နှုန်း နှစ်ဆကျော် တိုးတက်လာခြင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ပဲရစ်ကလပ်နိုင်ငံများမှ ကြွေးမြီများ တစ်စိတ်တစ်ပိုင်း ပေးဆပ်နိုင်ရန် ဂျပန်၊ နော်ဝေကဲ့သို့ မိတ်ဆွေနိုင်ငံများ၏ ကြွေးမြီပေးလျှော်ပေးခြင်း၊ ဖွံ့ဖြိုးရေးချေးငွေများ ရရှိပြီး ကြွေးမြီကိစ္စ ရှင်းလင်းကာ နိုင်ငံသိက္ခာ မြှင့်တင်နိုင်ခြင်း စသည်တို့ဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအနက် အဓိက စိန်ခေါ်မှုကြီး လေးရပ်မှာ ရခိုင်ပြည်နယ် ပဋိပက္ခများကိစ္စ၊ ကချင်ပြည်နယ် ပဋိပက္ခကိစ္စ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ/ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ယခင်အစိုးရလက်ထက်က စီမံကိန်းကြီးများနှင့် ၎င်းတို့ကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှု (EIA, HIA,SIA) ကိစ္စများနှင့် စက်ရုံ၊ အလုပ်ရုံစီမံကိန်းများရှိ လုပ်သားဆန္ဒပြုမှု၊ နိုင်ငံအနှံ့ အကြောင်းကြောင်းဖြင့် ဆန္ဒထုတ်ဖော်မှု၊ ပြဿနာဖြစ်လျှင် အုပ်စုနှင့် ဖြေရှင်းလိုသော ကိစ္စများဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်က တည်ငြိမ်စွာ အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ် (Evolution နည်း) ဖြင့် သွားနေပါကြောင်း၊ (Revolution) ကဲ့သို့ အချိန်တိုအတွင်း လုံးဝပြောင်းပြန်လှန် ပြောင်းပစ်ပါက အလွန်အန္တရာယ် ကြီးပါကြောင်း။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှုမရှိလျှင် အရေးယူရခြင်းများ ရှိလာပြီး မလိုလားအပ်မှုများ ပေါ်လာမည်ဖြစ်ပါကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်ဝတ်သိက္ခာ၊ Code of Conduct တို့နှင့် ထိန်းထိန်းသိမ်းသိမ်း မကျင့်သုံးလျှင် တရားဥပဒေဖြင့် ထိန်းရမှုများ ဖြစ်လာမှာဖြစ်ပါကြော်း၊ လူအုပ်စုနှင့် ဖြေရှင်းခြင်းမျိုး ဖြစ်လာပါက တည်ငြိမ်အေးချမ်းရေးအတွက် မလုပ်မဖြစ် နှိမ်နင်းထိန်းသိမ်းရမည်ကို သိမြင်နားလည်ပြီး မဖြစ်စေချင်သည်များ မဖြစ်အောင် မိတ်ဖက်အဖွဲ့အစည်းများ အားလုံးက မိမိတို့ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်မည်၊ အိမ်နီးချင်း၊ ဒေသအတွင်း၊ နိုင်ငံတကာ တိုင်းပြည်များနှင့် နားလည်မှုပျက်မည့်၊ နိုင်ငံသိက္ခာ ထိခိုက်မည့်ကိစ္စများ ရှောင်ရှားမည်ဆိုသည့် အမြင်ရှိရန် လိုသည်ကို စဉ်းစားစေချင်ပါကြောင်း၊ အဓိက ဦးထိပ်ထားရန်မှာ နိုင်ငံတော်၊ သန်း(၆၀) သော ပြည်သူတစ်ရပ်လုံး၊ အမျိုးသားရေး အကျိုးစီးပွားနှင့် လုံခြုံရေး၊ အခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ ဖြစ်ပါကြောင်း။ မိမိတို့ ဦးထိပ်ထားရမည့် အချက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက မိမိတို့ပြဿနာသည် သေးငယ်သွားသည်ကို ခံစားရမည်ဖြစ်ပါကြောင်း၊ ယင်းမှာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ဒေသကို ဆိုလိုခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံတော် အပါအဝင် မိတ်ဖက် အဖွဲ့အစည်းများ အားလုံကိုး ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ယင်းအမြင်နှင့် ကြည့်ပါက နောက်ကြောင်းပြန် ကိစ္စများ၊ အာဃာတများ၊ ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ၊ ပြည်ပထိုးဖောက်မှုများ၊ အဖျက်လုပ်ငန်းများ စသည်တို့ပါမလာအောင် သတိထားရှောင်ရှားပြီး အားလုံးပါဝင်သော All Inclusive ဖြစ်မည့် အစီအစဉ်များ ပေါ်ထွန်းလာရေးအတွက် အားလုံးက စိတ်ရှည်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ မိသားစုစိတ်ဓာတ်၊ သွေးစည်းညီညွတ်မှု၊ အသိတရား၊ သတိတရားကြီးစွာ တည်တည်ငြိမ်ငြိမ်ဖြင့် ချဉ်းကပ်ဖြေရှင်းကြရန် လိုပါကြောင်း၊ ထိုသို့ဖြစ်ရန် မိတ်ဖက် အဖွဲ့အစည်းများ အားလုံး၏ အချုပ်ဖြစ်သော လွှတ်တော်ကြီးက ကျန်မိတ်ဖက် အဖွဲ့အစည်းများများကို ထိတွေ့ ညှိနှိုင်းသွားရန် လိုပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိ၏ အဆိုဖြစ်သော နိုင်ငံတော်၏ ကံကြမ္မာကို ဖန်တီးနိုင်သော နိုင်ငံတော်၏ မဏ္ဍိုင်သုံးရပ် အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးက နိုင်ငံတော်နှင့် ပြည်သူအတွက် အမြင့်မားဆုံး ရည်မှန်းချက် တစ်ခုတည်းကိုသာ အာရုံရှေးရှု ဆောင်ရွက်သွားကြရန်နှင့် လမ်းကြောင်းမှန်မှ သွေဖည်သွားနိုင်သော ကိစ္စရပ်များကို အထူးရှောင်ရှားကြပါရန် ပါဝင်ပတ်သက်သူ အားလုံးကို အလေးအနက် တိုက်တွန်းအပ်ပါကြောင်း အဆိုကို တင်သွင်းသည်။ ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။ အစည်းအဝေးကို မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ရပ်နားလိုက်ပြီး အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 

KLN

ဆက်သွားချင်သေးတယ် ဆိုရင်