Pages

Saturday, February 23, 2013

သမ္မတထံ တိုက်ရိုက်တိုင်ကြားစာ ပေးပို့ပါက ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက ကူညီမည် မဟုတ်


ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက သမ္မတထံ တိုက်ရိုက်လိပ်မူ တိုင်ကြားခြင်းနှင့် အခြား အဖွဲ့အစည်းများထံ ပေးပို့တိုင်ကြားမှုများအား ကူညီပေးမည်မဟုတ်ဘဲ မှတ်တမ်းအဖြစ်သာ သိမ်း ဆည်း ထားမည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖေဖော်ဝါရီ ၂၁ ရက်က မီဒီယာ များသို့ ပြောကြားခဲ့သည်။ ၄င်းက “ကော်မတီကို လိပ်မူတိုင်ကြားစာများကိုသာ လိုက်ပါ စစ်ေ ဆး ဆောင်ရွက်ပေးမယ်။ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေကို လိပ်မူတိုင်ကြားတဲ့ စာတွေကို သိ သာ ရုံ သက်သက်ဖြင့်သာ မှတ်တမ်းတင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ “တိုင် ကြား မယ်ဆိုရင် ကျွန်တော်တို့ဆီကို လိပ်မူတိုင်ကြားဖို့ လိုပါမယ်။ သမ္မတဆီတိုင်ရင် သမ္မတက အ ဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုက်ပါဆောင်ရွက်လို့ မရဘူး။ မှတ်တမ်းမိတ္တူ အဖြစ် သာ ထားရပါမယ်” ဟု ပြောပြခဲ့သည်။ ကော်မတီသို့ လိပ်မူတိုင်ကြားလျှင် မှတ်ပုံတင်နံပါတ် အပြည့် အစုံ ဖြည့်သွင်းရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်က ဦးစွာစစ်ဆေး သုံးသပ်မည်ဖြစ်ကာ နာယကထံ အတည်ပြု ပေးပို့မည်ဖြစ်သည်ဟု ဆိုသည်။ ဖြစ်ပေါ်သည့် ပြဿနာအပေါ် အခြေခံ ကာ ပြည်ေ ထာင် စု အ စိုး ရထံ ပေးပို့သွားမည် ဖြစ်ပြီး စုံစမ်းစစ်ဆေး၍ ထပ်မံတင်ပြ သွားမည် ဖြစ်သည်ဟု ဆို သည်။ ပြည် သူ တို့၏ တိုင်ကြားစာနှင့် ပတ်သက်၍ ကြန့်ကြာမှုများ ရှိနေခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်ေ ရးပိုင်း ၏ လုပ်ငန်းဆောင်တာ အားနည်းမှုကြောင့်ဟုလည်း ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်