Pages

Saturday, February 23, 2013

ပုဂံမှာ နိုင်ငံခြားဧည့်သည်တွေထံက လုယက်သူတွေ ရက်ပိုင်းအတွင်း ဖမ်းမိ

ညောင်ဦးမြို့ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပစ္စည်းတွေကို လုယက်ပြီး ထွက်ပြေးေ နသူ တစ်စုအား ယခုလ ၁၈ ရက်နေ့မှာ ဖမ်းမိပြီး အရေးယူ အမှုဖွင့်ထားတယ်လို့ မန္တလေး တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရပါတယ်။ ညောင်ဦးမြို့တွင်း စက်ဘီးနဲ့ လည် ပတ်နေ တဲ့ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ အိတ်တွေနဲ့ ပစ္စည်းတွေကို လုယက်တဲ့ အမှုသုံးခုက ယခုလ ၆ ရက်၊ ၁၄ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဂျာမနီနိုင်ငံသူ၊ တရုတ်နိုင်ငံသူနဲ့ အင်္ဂလန်နိုင်ငံသူတွေထံက အသီးသီး လုယူခဲ့ တာ ဖြစ်တယ်။ အဲသည် လုယက်မှု သုံးခုလုံးကို ပြုလုပ်ခဲ့သူတွေက ၁၅ နှစ်အရွယ် နှစ်ဦးနဲ့ ၁၆ နှစ်အရွယ် တစ်ဦးဖြစ်ပြီး အထက်တန်း ကျောင်းသားတွေ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာ ညောင်ဦးမြို့ ရွာသစ်ရပ်နေ လူတစ်ဦးက ပန်းသီး အမှတ်တံဆိပ် လက်ကိုင်ဖုန်းကို သူ့ထံလာေ ရာက် ရောင်းချနေကြောင်း အသိပေးရာက လူငယ်သုံးဦးကို ခြေရာခံမိပြီး ညောင်ဦး ရဲစခန်း မှာ ခေါ်ယူစစ်ဆေးခဲ့တယ်။ နေအိမ်တွေကို ရှာဖွေခဲ့ရာမှာ ကင်မရာ၊ ဖုန်းနဲ့ ဒေါ်လာငွေစက္ကူ တချို့ကို သက်သေခံပစ္စည်းအဖြစ် တွေ့ရှိခဲ့တယ်။ အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာနဲ့ ဟောင်ကောင်ငွေ ၂၀၀ ကိုလည်း မြန်မာငွေနဲ့ လဲလှယ်ပြီး ခွဲဝေသုံးစွဲခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြတယ်။ သုံးဦးစလုံးကို ညောင်ဦး ရဲစခန်းက (ပ) ၂၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၉/၅၄ နဲ့ အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးညိမ်းထံက သိရပါတယ်။ ယခုလို လုယက်ခံရမှုနဲ့ ပတ်သက်ပြီး ရဲမှူးစိုးညိမ်းက ‘နိုင်ငံခြားသား မဟုတ်ဘူး၊ တခြားတိုင်းရင်းသားတွေ အနေနဲ့လဲ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသကို အလည်သွားရင် လူပြတ်တဲ့နေရာတွေကို သတိထားသင့်တယ်’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်