Pages

Saturday, February 23, 2013

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပမည်

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန် ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်း ပမည် ဖြစ်ကြောင်း အဆိုပါ အသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂ဝ ရက် တွင် ပြောကြားသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှု တို့ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်လျက် အဆိုပါဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ ''အမေရိ ကန်-မြန်မာ စီးပွားရေး ဆက်ဆံမှုများအတွက် တိုးတက်မှုလမ်းကြောင်း'' ဟု အမည်ပေး ထားေ သာ ဆွေးနွေးပွဲကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် ပူးပေါင်းကာ စီစဉ် ကျင်းပ မည်ဖြစ်သည်။ 


အမေရိကန်နှင့်မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတွ င် ပြည်ထောင်စု သမ္မ တ မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အမေရိကန် စီး ပွားေ ရးနှင့် စီးပွားရေး လုပ်ငန်းများရေးရာ လက်ထောက်ဝန်ကြီး ဂျိုးဖာနန်ဒေ့ဇ်တို့က အဖွင့် အမှာ စကား ပြောကြားကြမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတင်း အချက် အလက် နည်းပညာ၊ စွမ်းအင်၊ လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ဝန်ဆောင်မှုနှင့် အွန် လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်း ထိုကဲ့သို့သော လုပ်ငန်းနယ်ပယ် များမှာ အမေရိကန်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် အမေရိကန် ကုန်သည်ကြီးများ တက်ရောက်ကြမည် ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ အခြေပြစာရင်းအရ မြန်မာနိုင်ငံ၌ အမေရိကန် ရင်းနှီးမြှုပ်နှံမှုသည် လုပ်ငန်း စီမံကိန်း ၁၅ ခု၌ အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၅၆ သန်းရှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်သော စာရင်းအင်း ကိန်းဂဏန်းများအရ သိရသည်။ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉၃ ဒသမ ၆၄ သန်း ရရှိခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်