Pages

Friday, February 22, 2013

ပြည်တွင်း ဒုက္ခသည်များ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဦးစားပေးမည်


ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်တစ်သိန်းကျော်အား မြန်မာပြည်တွင်းသို့ ပြန်လည်ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်တွင်းဒုက္ခသည်များအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ပြီးမှသာ ပြည်ပရှိ ဒုက္ခသည်များအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အ မျိုးသား အစည်းအရုံး (ကေအင်န်ယူ)၏ ကာကွယ်ရေးဝန်ကြီး စောရော်ဂျာခင်က ပြောသည်။ “ပထမကေ တာ့ ပြည်တွင်း ဒုက္ခသည်တွေက ဘယ်မှမသွားကြတော့ လုပ်ရတာ လွယ်တယ်။ မြို့ကျော်နေတဲ့ ရွာပုန်း ရွာေ ရှာင်ေ တွအတွက် စနစ်တကျ ပြန်လည်ထူထောင်ရေး လုပ်ပြီးမှပဲ တစ်ဖက်မှာရှိတဲ့ သူတွေ ကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်” ဟု စောရော်ဂျာခင်က ဖေဖော်ဝါရီလ ၁၂ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။


ကရင်တိုင်းရင်းသားများသည် နှစ်ပေါင်း ၂၀ ကျော်ကြာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပဋိပက္ခများကြားတွင် မြေစာပင်များ ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ကရင်ဒုက္ခသည် များမှာ ပြ ည် တွင်းနှင့် နယ်စပ်နိုင်ငံများတွင် ဒုက္ခသည်အဖြစ် နေထိုင်နေရကြောင်း ယခုအစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲအစည်းများကြားတွင် အပစ်အခက်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ခဲ့သည့်အတွက် ယခုအချိန် တွင် ပြည်နယ်ဖွံ့ဖြိုးရေးနှင့် ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း စောရော်ဂျာခင်က ပြောသည်။ “တိုင်းရင်းသား ဒုက္ခသည်တွေအတွက် အရေးအကြီးဆုံးက အချက်ငါးချက်။ ပထမကဘဝလုံခြုံမှု ရှိဖို့ပဲ။ နောက်ပညာရေး၊ ကျန်းမာရေး၊ ဘဝပြန်လည် ထူထောင်ရေးတွေပါပဲ။ ဒီအချက်တွေကို အစိုးရ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မပါဘဲ လုပ်လို့မရဘူး။ အားလုံးပူးပေါင်းပါဝင်မှုနဲ့ အခက်အခဲတွေကို ကျော် လွှားနို င်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်၌ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရနှင့် တိုင်းရင်း သား အဖွဲ့အစည်းများက ဒုက္ခသည်အရေအတွက်ကို စတင် စာရင်းကောက်ယူလျက်ရှိပြီး အရေအတွက် အတိအကျကိုမူ ပြောဆိုရန် ခက်ခဲကြောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှာပင် ဒုက္ခသည် ၂,၀၀၀ ကျော်ရှိကြောင်း၊ ထိုင်းနိုင်ငံနယ်စပ်တွင် ဒုက္ခသည် တစ်သိန်းခွဲကျော် ရှိမည်ဟု ခန့်မှန်းကြောင်း တာဝန်ရှိသူများက ပြောသည်။ “ကျွန်တော်တို့ မြို့နယ်ခွဲ ကိုးခုမှာ အဖွဲ့ဖွဲ့ပြီး စာရင်းတွေ ကောက်နေတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ထိုင်းဘက်မှာ စာရင်းကောက်နေတာ ရှိတယ်။ အခုမှ ကောက်နေတုန်းဆိုတော့ လုပ်ငန်းအစီအစဉ် အတိအကျတော့ မပြောနိုင်သေးပါဘူး” ဟု ပြည်နယ် ကယ်ဆယ်ရေးမှူး ဦးအောင်ကျော်က ပြောသည်။ ထိုင်းနိုင်ငံနယ်စပ်၌ ဒုက္ခသည်စခန်း ကိုးခုရှိပြီး အများစုမှာကရင်နှင့် မွန်တိုင်းရင်းသားများ ဖြစ်ကြောင်း၊ တရားဝင် ထုတ်ပြန်ချက်အရ ထိုင်းနယ်စပ် စခန်းများတွင် မြန်မာနိုင်ငံသို့ပြန်ပို့မည့် ဒုက္ခသည်စုစုပေါင်း တစ်သိန်းခြောက်သောင်းကျော် ရှိသော်လည်း လက်ရှိအနေအထားအရ မည်သည့်အချိန်နှင့် မည်သည့်အနေရာသို့ ပြန်ရမည်ကို တိကျစွာ သတင်းထုတ်ပြန်မှု မရှိခြင်းကြောင့် စိုးရိမ်ပူပန်နေကြောင်း မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်ခင်ဥမ္မာက ယခုလ ၅ ရက်နေ့ တော်ဝင်နှင်းဆီ၌ ကျင်းပသော “ပါဝင်မှုမရှိလျှင် သက်ဆိုင်မှု မရှိနိုင်၊ မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ရေးအပေါ် ဒုက္ခသည်များ၏ ရင်ဖွင့်သံ” စာနယ်ဇင်း မိတ်ဆက်ပွဲတွင် ပြောသည်။ သို့ဖြစ်၍ နယ်စပ်တွင် ဒုက္ခသည် အဖြစ် နေထိုင်နေရသော တိုင်းရင်းသားများအား အစိုးရဘက်မှ ပြန်လည်ခေါ်ယူရာတွင် ၎င်းတို့ဘဝ လုံခြုံရေးအာမခံချက်နှင့် ရပ်တည်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီးသည့် အချိန်မှသာ ပြည် တွင်း သို့ ခေါ် ယူသင့်ကြောင်း ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ ဒါရိုက်တာ ဒေါ်စူဇန် နာလှလှစိုး က ပြောသည်။ “တိုက်ပွဲကြောင့် တောထဲမှာ ထွက်ပြေးနေရလို့ ကျောင်း မတက်ခဲ့ရ ဘူး။ မောင်နှမ ခုနစ်ယောက်ရှိတာ တစ်ယောက်မှ ကျောင်းမတက် ဖူးဘူး။ အခုပြန်လာေ တာ့ တောင်ယာခုတ်တဲ့ အလုပ်လုပ်တယ်။ ရွာမှာလည်း ကျောင်းမရှိဘူး။ အခုသူကြီးက တစ်ဆင့်ကြားလို့ ဆန်လာယူတာ။ ကျွန်တော်တို့အတွက် အလိုအပ်ဆုံးက အစာပေါ့” ဟု လှိုင်းဘွဲ့မြို့နယ်၊ ကေအင်န်ယူ ထိန်းချုပ်ရာ ဒေသရှိဝါးခယ်လ် ထရွာမှ စောမော်ခင်က ထရီးပိုးကွီးကျေးရွာတွင် ဂျပန်နိုင်ငံ နီပွန်ဖော်ဒေးရှင်းမှ လှူဒါန်းသော ဆန်များ လာရောက်ယူစဉ် ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်