ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ ကြုံ နေ လျက်ရှိပြီး ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ကချင်ပြည်နယ်ကြီးမှာ စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ကြဖို့ တောင်းဆိုနေကြလျက်ရှိသည်။ ရန်ကုန်ကနေလိုင်ဇာ အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြသလို ဒေသခံပြည်သူတွေကိုယ်နှိုက်ကလဲ စာတမ်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြောင်းသိရှိရသည်။ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကလဲ ငြိမ်းချမ်းရေး လုပ်ဆောင်ကြဖို့တောင်းဆိုနေ ဒါကြောင့် လဲ နိုင်ငံတော် သမ္မတက တပ်မတော်အနေနဲ့ ထိုးစစ်တွေ ရပ်ဆိုင်းထားဖို့အမိန့်ထုတ်ပြန်လိုက်ပါသည်။