Pages

Monday, February 25, 2013

တပ်မတော်နှင့် SSPP / SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ဦးအောင်မင်း ပြောကြား

မြန်မာ့တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် အောက်ခြေအဆင့်ရှိ တပ်များအကြား အမြင်လွဲမှား မှုကြောင့်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၃ ရက်က ရန်ကုန်မြို့ရှိMyanmar Peace Center တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂ဝ ရက်နေ့များတွင် တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အောက်ခြေအဆင့်တွေက အထင်အမြင် လွဲမှားတာပါ။ မနေ့ကလည်း တိုက်ပွဲတွေ မဖြစ်ပါဘူး။ ဒီနေ့လည်း မရှိတော့ဘူး။ အောက်မှာရှိတဲ့ တပ်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ တခြားနိုင်ငံတွေမှာလည်း အောက်ခြေမှာ ဖြစ်နေကြတာပဲ။ ဒါကိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမ ပျက်နိုင်ပါဘူး''ဟု ပြောကြားသည်။


 ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း ''အပစ်အခတ် ရပ်စဲရေးဆိုတာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အခြေခံပါ။ သနတ်တွေ ကိုင်ထားပြီး စကားပြောရတာ ခက်တယ်လေ။ အပစ်အခက် ရပ်စဲပြီးနောက်ပိုင်း ဆက်ပြီးဆွေးနွေးရမှာတွေ က အများကြီး။ အပစ်အခတ် ရပ်စဲပြီးမှ အောက်ခြေက ဖြစ်တက် ပါတယ်။ သေနတ်ကိုင်ထားတဲ့ အဖွဲ့တွေ ဖြစ်နေတော့ ဒါတွေကထပ်ပြီးတော့ ညှိနှိုင်းရမယ့် ကိစ္စတွေပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အလှည့်ကျ ဆွေးနွေးနေတာပါ'' ဟု ပြောကြားခဲ့ သည်။

 ဖေဖော်ဝါရီလ ၂ဝ ရက်က ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ နိုင်ငံရေးအ ကြို ဆွေးနွေးပွဲ ပြုလုပ်စဉ် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ် ပွားနေ မှုအား ဆွေးနွေးပွဲတွင် အဓိကအနေဖြင့် ဆွေးနွေးခဲ့ခြင်း မရှိသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းမှတစ်ဆင့် တိုက်ပွဲများ လျော့ကျလာနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော ကြား ထားသည်။ 

ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) သည် UNFC အဖွဲ့တွင် ပါဝင်ပြီး အစိုးရနှင့် SSPP/SSA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင်းက ရရှိခဲ့ခြင်းဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး ရရှိပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်း နှစ်ဖက်တပ်များအကြား ထိတွေ့မှု အကြိမ် ၅ဝ ဝန်းကျင်ရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်