Pages

Sunday, March 3, 2013

Agent Orange


Agent Orange ဆိုတာကတော့ ဓါတု လက်နက်တစ်မျိုးဘဲဖြစ်ပါတယ်။

ထိုလက်နက်ဟာ အပင်တွေ ကိုသေစေသလို လူတွေကို လည်း တော်တော်ဒုက္ခပေးခဲ့တဲ့လက်နက်ဖြစ် ပါတယ်။ ဗီယင်နမ် နဲ့ အမေရိကန်စစ်ပွဲမှာ အမေရိကန်က အသုံးပြုခဲ့တဲ့လက်နက်ဘဲဖြစ်ပါတယ်။

အမေရိကန်စစ်သားတွေ လေထီးနဲ့မြေပေါ်ကို ဆင်းကြတယ်။ ဒါပေမဲ့ လယ်စိုက်ပြီး စစ် တိုက်တဲ့ ဗီယင် နမ်ပြည်သူတွေဟာ လေထီးနဲ့ ဆင်း တဲ့ စစ်သားအောက်မရောက်ခင် မှာဘဲပစ်သတ်ခဲ့ ကြတာကြော င့် နောက် ဆုံး အမေရိကန်က ထိုလက်နက်ကို အသုံးပြုခဲ့ခြင်းဘဲဖြစ်ပါတယ်။

ဗီယင်နမ်လူထု ၄.၈ သန်းလောက်ဟာ ထိုလက်နက်နဲ့ အကျိုးဆက် ကိုခံခဲ့ရသလို၎ သိန်းကျော်လောက် ဟာ သေဆုံးခဲ့ရပါတယ်။ ထိုအပြင် နောက်ထက်မွေးလာတဲ့ ခလေးငယ်ပေါင်း ၅သိန်းလောက်ဟာ အပြစ်အ နာ အဆာ တွေနဲ့ မွေးဖွားခဲ့ကြရပါတယ်။ ထိုစစ်ပွဲမှာ အမေရိကန်ဟာ Agent Orange လီတာပေါင်း ၇၇ဝဝဝဝဝဝ ကို လေယာဉ်နဲ့ ဖြန်းချခဲ့ပါတယ်။

အထူးသဖြင့် ဗီယင်နမ်နဲ့ ကမ်ဘောရီးယား နယ်စပ်က တောင်ထိပ်တွေဟာ ပိုပြီးတော့ ထိုအကျိုး ဆက် ကိုခံခဲ့ရပါတယ် နောက်မျိုးဆက်တွေ အပြင် ယနေ့ထိ တိုင်အောင် Agent Orange ရဲ့ ဆိုကျိုးဟာ ဗီယက် နမ် လူထုတွေဆီကို သက်ရောက်မှု့ရှိခဲ့ပါတယ်။ ဒါတွေကတော့ Agent Orange ခံခဲ့ရတဲ့ နောက် မျိုးဆ က်တွေဘဲဖြစ်ပါတယ်။

 
Nguyen Xuan Minh ဆိုသူလေးဟာ အသက် ၆ နှစ်သာရှိသေးတဲ့ ခလေး တစ်ယောက်ဖြစ်ပါတယ်။ ဒီပုံ ကေ တာ့ ဗီယင်နမ်ဟိုချီမင်း မြို့က တူဒူ ဆေးရုံပေါ်မှာ လှဲ နေတဲ့ပုံဘဲဖြစ်ပါတယ်။ ဒါတွေရဲ့ တရားခံကေ တာ့  အမေရိကန်နဲ့ ဗီယင်နမ် စစ်ပွဲမှာ အမေရိကန်ဖက်က အသုံးပြုခဲ့တဲ့ ဓါတု လက် နက် Agent Orange ကြောင့် ဘဲဖြစ်ပါတယ်။


Le Thi Hoa ဆိုတဲ့ မိန်းခလေးဖြစ်ပါတယ်။ သူဟာလဲ ပုံမကျပန်းမကျတဲ့ ခန္ဓာကိုယ်အစိတ် အပိုင်း နဲ့ လော ကထဲကိုရောက်ရှိလာခဲ့ တဲ့သူဖြစ်ပါတယ် ။ သူမရဲ့ လက်ချောင်းလေးတွေဟာ စာရေးနိုင်ဖို့ အတွက် ခဲတံ ကို သာမာန်လူများ ကဲ့သို မဆုပ် ကိုင် နိုင်ရှာပါဘူး။ Nguyen ဆိုသူ ဟာလဲ လက်နှစ်ချောင်း မွေးရာပါ မပါ ရှိခဲ့ပါဘူး။ ထိုကဲ့သို့ မွေးရာပါ ကိုယ်အင်္ဂါ ချို့တဲ့သူ ထောင်ပေါင်းများစွာ ဗီယင်နမ် ရှိပါတယ်။

နှစ်ပေါင်းများစွာ အချိန်တွေကြာခဲ့ပေမဲ့ Agent Orange ရဲ့အစွမ်းကတော့ မျိုးဆက်တွေကို ဆက်လက် ဒု က္ခပေးနေ ပါသေးတယ်။


နောက်တစ်ယောက်ကတော့ အသက်ငါးနှစ်အရွယ် မိန်းခလေး Tran Huynh Thuong Sinh ဘဲဖြစ် ပါ တ ယ်။ သူမဟာ ဗီယင်နမ် နိုင်ငံ Binh Dinh ခရိုင်မှာမွေးဖွားခဲ့တာဖြစ်ပြီး မွေးရာပါ မျက်စိနှစ်လုံး စလုံးမပါရှိခဲ့ သူလေးဘဲဖြစ်ပါတယ်။

 
သူ့ကိုဆန့်ကျင်တဲ့သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လူ့အခွင့်အရေးအတွက်ဆိုပြီး လွတ်ပေးလိုက် တာတော့ တစ်ခါမှမကြားဖူးသေးဘူး။ ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံရဲ့အ မျိုးသား အကျိုးစီး ပွားကိုထိခိုက်လာပြီဆိုရင်  ဘယ်သူ့ကိုမှ ညှာတာနေ မှာမဟုတ်ဘူးဆိုတာပါပဲ။

အထက်ကဟာတွေကတော့ လူ့အခွင့်အရေးဆိုပြီး တဖွဖွအော်နေတဲ့၊ ဟီရိုရှီးမားတို့ နာဂါဆာကီတို့ အပေါ် ကို အဏုမြူဗုံးကျဲချခဲ့တဲ့ မားမားစုရဲ့အချစ်တော်နိုင်ငံကြီးပေါ့ :P

ဟမ်း လော့

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်