Pages

Wednesday, April 10, 2013

ဟန်ဆက်ဈေးနှုန်း မြင့်တက်မှု မရှိစေရန် အခွန် လျှော့ချပေးမည်ဟု သမ္မတကြီး ပြောကြား

မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော နည်းပညာပစ္စည်းများ အပါအဝင် မိုဘိုင်းဟန်းဆက် ပစ္စည်းများကို ဈေးနှုန်းမြင့်တက်မှု မရှိစေရန်အတွက် အခွန်လျှော့ချပေးမှုများ ပြုလုပ်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။ “ဆင်းကတ်တွေကို ပြင်ပဈေးကွက် မှာ ဈေးမ ကစားနိုင်ဖို့အတွက် တူညီတဲ့ ဈေးနှုန်းနဲ့ လစဉ်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။

ဆင်းကတ်များ ရောင်းချပေးတဲ့နည်းတူ ဟန်းဆက်များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာ တွင် ဈေးမက စားနိုင်အောင် အခွန်လျှော့ချပေးတဲ့နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေတဲ့ နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာ ဌာနများဖြင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးသွားမှာပါ” ဟု သမ္မတ က ပြော ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြည်ပမှ တင်သွင်းလာသော နည်းပညာပစ္စည်းများ အခွန်လျှော့ ချနိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း ပြည်တွင်း အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာ ပစ္စည်းများကို ဈေးပေါပေါဖြင့် လူအများစု အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ “နိုင်ငံတော်ကနေ အခွန်လျှော့ပေးရင်တော့ နည်းပညာပစ္စည်းတွေ ဈေးကျသွားမှာတော့ အမှန်ပါပဲ။ လက်ရှိက အိုင်တီပစ္စည်းတိုင်းကို ငါးရာခိုင်နှုန်း အခွန်ပေးရတာကြောင့် နောက်ပိုင်း သုညထိ လျှော့ ချပေးနိုင်ရင် ဈေးသက်သာမှု ရှိလာမှာပါ။ ပြည်တွင်း နည်းပညာ တိုးတက်ဖို့အတွက် နည်းပညာ ပစ္စည်းတွေ ကို ဈေးနည်းနည်းနဲ့ များများအသုံးပြုနိုင်ရမှာပါ။

ဒီအတွက် အခွန်လျှော့ပေးဖို့ကို နိုင်ငံတော် အကြီးအကဲနဲ့ တွေ့တိုင်းလည်း ပြောနေပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်