Pages

Wednesday, April 10, 2013

နေတိုးလေကြောင်းမှတိုက် အာဖဂန်ကလေးငယ်များသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး)၏ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကလေး ၁ဝ ဦးနှင့် အမျိုးသမီးနှစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကူနာပြည်နယ် ရှိဂေါခရိုင်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နောက်ထပ် အမျိုးသမီးခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါ သေဆုံးသူများသည် ၄င်းတို့၏ နေအိမ်အတွင်းမှာပင် ပစ်ခတ်မှုခံရပြီး သေဆုံးကြရခြင်း ဖြစ်သည်ဟု ရွာသားများနှင့် တာဝန်ရှိသူများက ဘီဘီစီသို့ ပြောခဲ့သည်။ ရှိဂေါခရိုင်၌ တိုက်ပွဲများ ဖြစ်ပွားစဉ်လေကြောင်းမှ ကူညီပစ်ခတ်ပေးမှု ရှိခဲ့ကြောင်း နေတိုးက အတည်ပြု ပြောကြားသည်။

ဘီဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်