Pages

Wednesday, April 10, 2013

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါ ပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိ









သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါ ပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့ အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။ ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူ ထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့ တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ဘင်္ဂလီ များ ပြည် မ ထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆို ကြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်