Pages

Wednesday, April 10, 2013

နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ  ၉ နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည် ဖော်ဆောင်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူများအား မိုးမကျမီ နေရာချထားနိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားစေတနာရှင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လုပ်ငန်းပမာဏများပြားသဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို အမြန်လုပ်ဆောင်ရန် လိုအပ်မှု၊ ဒုက္ခသည်တစ်သိန်းကျော်၏ စားသောက်ရေးအတွက် စားရေရိက္ခာများ မပြတ်လပ်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ မိုးမကျမီ အဆောက်အအုံများ အချိန်မီဆောက်လုပ်ပြီးစီးရန် လိုအပ်မှု၊ အဆောက်အအုံ ဆောက်လုပ်မည့် နေရာများအား ဒေသခံများ၊ နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် ညှိနှိုင်း ရွေးချယ် နေရာချထားရန် လိုအပ်မှု၊ နှစ်ပေါင်းကြာရှည်စွာ အတူတကွ နေထိုင် လာခဲ့ကြသူများ ဖြစ်သည့်အတွက် ဆက်လက်၍ သူ့အကျိုး၊ ကိုယ့်အကျိုး ကြည့်ရှုပြီး အေးချမ်းတည်ငြိမ် စွာ နေထိုင် သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားပြီး ဒုက္ခသည် များ၏ စားရေး၊ နေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရုံမျှမက ၎င်းတို့၏ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ် ငန်းများ ပြန်လည် လုပ်ကိုင် နိုင်အောင် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တွင် နေထိုင်ကြသူများသည် လယ်ယာ လုပ်ငန်းနှင့် ငါးဖမ်း လုပ်ငန်းတို့ကိုသာ အဓိက လုပ်ကိုင်ကြရာ မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီ ပြန်လည် လုပ်ကိုင်ရန်အတွက် လယ်ယာသုံး စက်ကိရိယာများ၊ စက်သုံးဆီများ၊ မျိုးစပါးများနှင့် ဓာတ်မြေသြဇာစသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ ထို့အတူ ငါးဖမ်းလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့်လှေ၊ ငါးဖမ်းပိုက် စသည်တို့ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် နာလန်ထူလာနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း၊ သို့သော် မဖြေရှင်းမဆောင်ရွက်နိုင်လျှင် ပြဿနာပိုမို ကြီးထွားလာနိုင်သည့် အတွက် မဖြစ်မေ န ဖြေရှင်းဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း၊ လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်သည်များကို ချက်ချင်းေ ဆာင် ရွက်ပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စနစ်တကျစီမံ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မိမိတို့၏ ပြည်တွင်းရေးကို မိမိတို့ဘာသာ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်ပေးရန်ဖြစ်ပြီး တည်ငြိမ်အေး ချမ်းမှု ရရှိလာသည်နှင့်အမျှ နောင်တွင် လုံခြုံရေးတပ်ဖွဲ့ အင်အားကို လျှော့ချသွားရမည် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားကတည်းက ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်၍ အကူအညီ များ ပေးအပ်ခဲ့သည့် ကုသမဂ္ဂအဖွဲ့အစည်းများ၊ စေတနာရှင်နိုင်ငံများမှ သံအမတ်ကြီးများအား ပြည်ထောင် စုအစိုးရအဖွဲ့နှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊

ဒုက္ခသည်များအား ကူညီစောင့်ရှောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိရာတွင် လုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ လုပ်ငန်းများ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့် ဒုက္ခသည်များ အတွက် လူနေအိမ်များကို (၃) လအတွင်း အပြီး ဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်း လင်း တင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုက္ခသည်များအား နေရာချထားပေးမှု၊ အဆောက်အအုံများ ဆောက်လုပ်နေရာ ချထားပေးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက လုပ်ငန်း ကော်မတီအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ဆောင်ဖွယ်ရာ ရှိသည်များကို အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် စုစုစည်းစည်း ညီညီညွတ် ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စားရေးနှင့် နေရေးကဏ္ဍများ ဆောင်ရွက်ပေး သည့်နည်း တူ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင် ဆောင် ရွက်ပေး သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် ရပ်နား လိုက်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်