Pages

Wednesday, April 10, 2013

မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၆၅) နှစ်မြောက် အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၆၅) နှစ်မြောက် အထိမ်းအမှတ် (၅၀၀) ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ်ကို ဧပြီ ၁၀ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဆက်သွယ်ရေးစခန်း (စာတိုက်)များ၌ ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဧပြီ ၁၀ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်၌ နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေး မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ဖော်ပြ ထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်