Pages

Tuesday, April 9, 2013

နွေရာသီအခြေခံသင်တန်း ကာယဗလမောင် နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 
 
မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော ၂၀၁၃ ခုနှစ် နွေရာသီ အခြေခံ သင်တန်း ကာယ ဗလမောင် နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင်ရန်ကုန်မြို့ ၊ အောင်ဆန်း အားကစား ပြိုင်ကွင်း မိုးလုံလေလုံ ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် မှ အမှုဆောင်များ ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာန မှ တာဝန်ရှိ သူများ ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ၀င်များ ၊ ဒိုင်လူကြီး များနှင့် အားကစား ၀ါသနာရှင် များ တက်ရောက် ကြသည်။

ပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ပေါင်းစုံ၏ ကိုယ်စားပြု ပြိုင်ပွဲဝင် အားကစား သမားများ ပါဝင်ကာ ကီလိုဝိတ်တန်း များအလိုက် အဆင့်ဆင့် ယှဉ်ပြိုင် ကြသည်။ ပြိုင်ပွဲများ အပြီးတွင် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ ၅၅ ကီလို ၊ ၆၀ ကီလို ၊ ၆၅ ကီလို ၊ ၇၀ ကီလို နှင့် ၇၅ ကီလိုတန်း များအလိုက် ပထမ ၊ ဒုတိယ နှင့် တတိယဆုရ ကာလဗလ မောင်များအား အဖွဲ့ချုပ်မှ တာဝန်ရှိ သူများမှ လည်းကောင်း ၊ အရပ်အမြင့် ၅ ပေ ၃ လက်မ နှင့် ၅ ပေ ၃ လက်မနှင့် အထက် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် စတုတ္ထ ဆုရ အမျိုးသမီး ကာယအလှမယ် များအား ရန်ကုန် တက္ကသိုလ် ၊ တွဲဖက် ပါမောက္ခ ဒေါက်တာ သဇင်လွင် (ဓာတုဗေဒ) မှ လည်းကောင်း ၊ အဖွဲ့လိုက် ရရှိသော တံခွန်စိုက် ဒိုင်းဆုအား အဖွဲ့ချုပ်၏ တာဝန်ရှိသူ များမှ လည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။

မြ၀တိ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်