Pages

Monday, March 11, 2013

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ နီးပါးရရှိရန် လျာထား

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ ခန့် နီးပါး ပိုမိုရရှိရန် လျာထားကြောင်း သိရသည်။ ထိုသို့ တိုးမြှင့်ထားသည့် လျာထားချက်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန တို့ကသာ တိုးမြှင့်ကောက်ခံရန် လျာထားပြီး ရထားပို့ဆောင်ရေး၊ စီးပွား/ကူးသန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်/ဆည် ၀န်ကြီးဌာနတို့မှာ ယခင်နှစ် လျာထား ချက်များအောက် လျှော့ချကောက်ခံရန် လျာထားကြောင်း သိရသည်။ 

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် စိစစ်ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် လျာထားချက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေနှင့် ကျပ်သန်းပေါင်း ၅၅၅၇၁၃ ဒသမ ၁၆၀ ကိုလည်းကောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနအနေနှင့် ကျပ်သန်းပေါင်း ၁၆၈၂၂ ဒသမ ၄၁၂ ကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း  ၃၃၂ ဒသမ ၈၀၁ တိုးတက် လျာထားခဲ့သော်လည်း ကျန်ဝန်ကြီးဌာနများမှ စီမံခန့်ခွဲ ကောက်ခံသည့် အခွန်များအနေနှင့် တိုးတက်မှု မရှိသည်ကို တွေ့ရှိရပါသည်။ 


သို့ဖြစ်ရာ အခွန်အကောက် အဖွဲ့အစည်းများတွင် ပါဝင်သည့် ကျန်အခွန်အကောက် များ ရသင့်ရထိုက် သည့် ပမာဏ အပြည့်အ၀ရရှိရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်" ဟု ပြောကြားခဲ့ သည်။ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများ အတွက် ရသင့်ရထိုက်သော အခွန်ငွေများ ရရန်အတွက် အခွန်စနစ်များ ကို ပြောင်းလဲကောက် ခံရန်၊ အခွန်ရှောင်သော ကုမ္ပဏီကြီးများကို စိစစ်ဖော်ထုတ်ရန်နှင့် အခွန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် အခွန်ဆောင်စေခြင်း များ ပြုလုပ် လာရန် အတွက် ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီ အတွင်းရေး မှူး ဦးအေးမောက်က ပြောကြားခဲ့သည်။ 

ထို့အပြင် လစာ အခွန်ဆောင်နေရသော ၀န်ထမ်းများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက်နှင့် ထိုက်သင့်သော အခွန်နှုန်းထား များ ဖြစ်ရေးအတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးအေးမောက်က ဆက်လက် ပြောသည်။ မြန်မာနိုင်ငံ ၏ အခွန်အကောက် ဖွဲ့စည်းပုံမှာ ခေါင်း စဉ် ကြီး လေးခုအောက်တွင် အခွန်အကောက် အမျိုးအစား ၁၄ မျိုး ခွဲခြားလျက် ပြည်ထောင်စုဝန်ကြီးဌာန ခုနစ် ဌာန၏ ဦးစီးဌာန ၁၁ ခုတို့မှ ဆိုင်ရာအခွန်ဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ကျင့်သုံး၍ ကောက်ခံလျက် ရှိသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်