Pages

Monday, March 11, 2013

လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး၊ လာမည့် ဧပြီ ၁၀ ရက်မှစ၍ ယာဉ်များ သွားလာခွင့်ပြုမည်ဟု သိရ

Photo: လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး၊ လာမည့် ဧပြီ ၁၀ ရက်မှစ၍ ယာဉ်များ သွားလာခွင့်ပြုမည်ဟု သိရ

Monday, March 11, 2013

လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လာမည့် ဧပြီ ၁၀ ရက်နေ့မှစ၍ ယာဉ်များ ဖြတ်သန်း သွားလာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး

ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။

"ဧပြီ ၁၀ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်းခွင့် စပြုမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နောက်မှလုပ်မယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လှည်းတန်းခုံးကျော်တံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ပန္နက်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့သည်။

အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင် ကုမ္ပဏီကလည်း ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ်နိုင်မည်ဟု ထုတ်ပြန်ထားသည်။

လှည်းတန်းခုံးကျော်တံတားသည် တန် ၆၀ အထိ ယာဉ်များ ဖြတ်သန်း သွားလာနိုင်ပြီး လေးလမ်းသွားဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊

ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများအား

လေးလအတွင်းအပြီး ဆောက်လုပ်သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကုန်ပိုင်းကတည်းက ထုတ်ပြန်ခဲ့သော်လည်း ဦးဆုံးတည်ဆောက်မှုအဖြစ် လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့သည်။

ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေသော ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများကိုလည်း လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားသည်။

လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအား Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားအား FMI ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်

နေခြင်း ဖြစ်သည်။

လှည်းတန်းခုံးကျော်တံတားနှင့် သက်ဆိုင်သည့် အချက်အလက်များ

တံတားအမျိုးအစား 	သံမဏိယက်မနှင့် သံကူကွန်ကရစ်

တံတားအရှည်(လျာထား) 	- ၂၅၀၇ ပေ

တံတားတွင်ပါဝင်မည့် လမ်း 	- ၄ လမ်းသွား

တံတားအကျယ် 	- ၅၀ ပေ ၈ လက်မ

တံတားအောက်ကင်းလွတ်အမြင့် 	- ၁၈ ပေ

ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် 	- တန် ၆၀

တံတား၏ လူသွားလမ်းအကျယ် 	- တစ်ဖက် ၃ ပေ

ဓာတ်ပုံ - လှည်းတန်ခုံးကျော်တံတား ဆောက်လုပ်မှုအား တွေ့ရစဉ်

Eleven Media Group
လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လာမည့် ဧပြီ ၁၀ ရက်နေ့မှစ၍ ယာဉ်များ ဖြတ်သန်း သွားလာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာေ ရး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။

“ဧပြီ ၁၀ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်းခွင့် စပြုမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နောက်မှလုပ်မယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူ တစ်ဦး က ပြောသည်။

လှည်းတန်းခုံးကျော်တံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ပန္နက်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့သည်။အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင် ကုမ္ပဏီကလည်း ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ်နိုင်မည်ဟု ထုတ်ပြန်ထားသည်။
လှည်းတန်းခုံးကျော်တံတားသည် တန် ၆၀ အထိ ယာဉ်များ ဖြတ်သန်း သွားလာနိုင်ပြီး လေးလမ်း သွားဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံ တား များအား လေးလအတွင်း အပြီး ဆောက်လုပ်သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကုန်ပိုင်းကတည်းက ထုတ်ပြန်ခဲ့သော်လည်း ဦးဆုံးတည်ဆောက်မှုအဖြစ် လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့သည်။

ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေသော ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများကိုလည်း လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားသည်။ လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအား Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားအား FMI ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်သည်။

လှည်းတန်းခုံးကျော်တံတားနှင့် သက်ဆိုင်သည့် အချက်အလက်များ

တံတားအမျိုးအစား သံမဏိယက်မနှင့် သံကူကွန်ကရစ်
တံတားအရှည်(လျာထား) – ၂၅၀၇ ပေ
တံတားတွင်ပါဝင်မည့် လမ်း – ၄ လမ်းသွား
တံတားအကျယ် – ၅၀ ပေ ၈ လက်မ
တံတားအောက်ကင်းလွတ်အမြင့် – ၁၈ ပေ
ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် – တန် ၆၀
တံတား၏ လူသွားလမ်းအကျယ် – တစ်ဖက် ၃ ပေ

Eleven Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်