Pages

Monday, March 11, 2013

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ



ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် သည် ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ ဆီဆိုင်မြို့နယ် ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ နှင့် တွေ့ဆုံပွဲကို မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ ၊ မြို့နယ် ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနား တွင် ဆီဆိုင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ဒေသဆိုင်ရာ အချက်အလက် များကို ရှင်းလင်း တင်ပြပြီးနောက် ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် က ဖြည့်စွက် ရှင်းလင်း တင်ပြ၍ ဒေသခံ ပြည်သူများမှ အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြ ကြသည်။ ထို့နောက် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင် က ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့အတွက် ပြည်နယ် အစိုးရ အဖွဲ့မှ လှူဒါန်းသော အလှူငွေ ကျပ် ၁၀ သိန်းစီအား ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက လက်ခံ ရယူ ကြသည်။

ဆက်လက်၍ ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင် က အမှာစကား ပြော ကြားပြီး နောက် ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင် က ဥပဒေ ရေးရာ ကိစ္စရပ် များကို လည်းကောင်း ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ် များကို လည်းကောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
 
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ၀န်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက် ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် ပြည်နယ် ၀န်ကြီးချုပ် နှင့် အဖွဲ့သည် ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် ဆက်သွယ် ဖောက်လုပ် ထားသည့် တောင်ငူ - လိပ်သို ၊ ယာဒို - လွိုင်ကော် - ဟိုပုံး ကားလမ်း ကတ္တရာ ခင်းခြင်း လုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိ သူများက လုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်နယ် ၀န်ကြီးချုပ် သည် ဆီဆိုင်မြို့ ရေပေးဝေမှု လုပ်ငန်း ဆောင်ရွက် နေသည့် ဆီဆိုင်မြို့ ဇ၀န ရာမ ပရိယတ္တိ စာသင်တိုက် အနီးရှိ ပင်မရေထွက် ကို သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရသည်။
 
ပြည်ချစ်သား

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်