Pages

Monday, March 11, 2013

သင်္ကြန်မဏ္ဍပ်များကို မြန်မာအမည်များသာ ပေးရမည်

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များကို မြန်မာအမည်များသာ ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။ မဏ္ဍပ်ဆောက်လုပ်မည့် သူများကို ယင်းကဲ့သို့ ညွှန်ကြားသွားမည် ဖြစ်ပြီး ညွှန်ကြားချက်များ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ 

“ဒီနှစ် ရန်ကုန်သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုကို အထူးတလည် ထိန်းသိမ်းတင်းကျပ်မှုတွေ လုပ်မယ်။ လိုအပ်သလို အရေးယူမှုတွေပါ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်မှာ မဏ္ဍပ်တွေရဲ့ နာမည်ကို မြန်မာနာမည်ပဲ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ အခုလို လုပ်ရတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သင်္ကြန်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာမှု မရှိသည့် မဏ္ဍပ်များကို စာရင်းပြုစုကာ ခေါ်ယူသ တိပေးသွားမည် ဖြစ်ပြီး ပုဂ္ဂလိက မဏ္ဍပ်များတွင်လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ယိမ်းအဖွဲ့များ မဖြစ်မနေ ပါဝင်ဖျော်ဖြေရမည် ဖြစ်ကြောင်း သိရသည်။ 


“သင်္ကြန်မဏ္ဍပ်တွေကို ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ပေးတာ ကောင်းပါတယ်။ ယမန်နှစ် သင်္ကြန်တုန်းကဆိုရင် မဏ္ဍပ်တချို့ တော်တော်လေး နာမည်ပျက်သွားတယ်။ သရုပ်ပျက် ဝတ်စားတာတွေ အတွက်ကြောင့်ပေါ့။ ဒီနှစ်မှာတော့ ဒီလိုမဖြစ်အောင်လို့ မဏ္ဍပ်ဦးစီးဦးေ ဆာင် ပြုတဲ့ သူတွေလဲ သတိထားမယ်လို့ ထင်ပါတယ်” ဟု ယမန်နှစ်က ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ် တည်ေ ဆာ က် ခဲ့သူ ကိုဇေယျာမင်းက ပြောသည်။ ယခုအခါ သင်္ကြန်မဏ္ဍပ် ဆောက် လုပ် ခွင့် လျှော က် ထား သည့် ကိစ္စများကို မတ် ၆ ရက်မှ စတင်လက်ခံနေပြီ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်