Pages

Monday, March 11, 2013

စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအား အရေးယူခြင်း၊ လိုအပ်ပါက စီမံကိန်းရပ်ဆိုင်ခြင်း ဆိုင်ရာအချက်များ ထည့်သွင်းရေးဆွဲ ထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ မကြာမီထွက်ရှိမည်

ပြဋ္ဌာန်းပြီးဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွင် ပါဝင်ခြင်း မရှိသည့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များအား အရေးယူခြင်း၊ လိုအပ်ပါက စီမံကိန်းရပ်ဆိုင်း ခြင်းဆိုင်ရာ အချက်များ ပါဝင်ရေးဆွဲထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ မကြာမီထွက်ရှိမည် ဖြစ်ကြောင်း FREDA မှ ဒုဥက္ကဋ္ဌ ဦးအုန်း၏ ပြောကြားချက်အရ သိရှိရသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအား ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၉ အရ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ကပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်

"ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေက မကြာမီ ထွက်တော့မှာပါ။ပြဋ္ဌာန်းပြီးဖြစ်တဲ့ Environmental Law က မပြည့်စုံဘူး။ ဒါကြောင့် အခုထွက်ရှိမယ့် နည်းဥပဒေမှာ စီမံကိန်းတစ်ခုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေကို အရေးယူနိုင်ဖို့ လိုအပ်လာရင် ရပ်ဆိုင်းပေးဖို့၊ စီမံကိန်းမစခင် EIA၊ SIA၊ HIA တွေပြုလုပ်ဖို့စတဲ့အချက်တွေ ထည့်သွင်းရေးဆွဲဖို့ကျွန်တော်တို့ FREDA၊ BANCA၊ ECCPI နဲ့ REAM ပညာရှင်တွေက အကြံပြုထားတယ်။ ဒီအချက်တွေ ထည့်သွင်းရေးဆွဲထားပါတယ်" ဟုလည်း FREDA မှ ဒုဥက္ကဋ္ဌဦးအုန်းက ပြောကြားခဲ့သည်။

အကယ်၍ မကြာမီထုတ်ပြန်တော့မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေတွင် FREDA၊ BANCA၊ ECCPI၊ နှင့် REAM ပညာရှင်များတောင်းဆိုထားသည့်အချက်များ မပါဝင်ပါက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ ဖွဲ့စည်းထားသည့် အစိမ်းရောင်ကွန်ယက်မှ အဆိုပါ တောင်းဆိုချက်များ မရမ ချင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

"ဘယ်စီမံကိန်း၊ ဘယ်လိုစီမံကိန်းပဲ ဖြစ်ဖြစ်သဘာဝကို မပျက်တဲ့ စီမံကိန်းမရှိပါဘူး။ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုက အနည်းနဲ့အများတော့ ရှိပါတယ်။ဒါပေမယ့် စီမံကိန်းနဲ့ပတ်သတ်တဲ့ စုံစမ်းလေ့လာ မှုတွေ၊ ပြည်သူလုထုကို ဘယ်လောက် ထိခိုက်တယ်၊ ပတ်ဝန်းကျင်ကို ဘယ်လောက် ထိခိုက်တယ်ဆိုတာ ချပြရမယ်။ အဲ့ဒါကို Environment management plan ဆိုတာကိုရေးဆွဲဖို့ လိုတယ်” ဟုလည်း သစ်တောပညာ ရှင်ဦးအုန်းက ပြောကြားခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွင်အခန်း(၁၄)ခန်း၊ပုဒ်မ-၄၂ ခုပါဝင်ကြောင်းလည်း သိရှိရသည်။
 
EMG

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်