ယခုလအတွင်း ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ကော်ဘရာဂိုးလ် Cobra Gold စစ်ရေးလေ့ကျင့်မှု တွင်ေ လ့ လာ သူနိုင် ငံအဖြစ် ဖိတ်ကြားခံထား ရ သော မြန်မာမှ အရာရှိနှစ်ဦး စေလွှတ်သွားရန် ရှိနေကြော င်း ထိုင်း စစ် တပ် ထိပ် တန်းတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထိုင်းနိုင်ငံချင်းမိုင်တွင် ဖေဖေါ်ဝါရီ ၁၁ မှ ၂၁ အထိပြုလုပ်မည့် ယင်းစစ်ရေးလေ့ကျင့်မှုသို့ မြန်မာသည် ပထ မ ဆုံးအကြိမ်အဖြစ် ပါဝင် လေ့လာမည်ဖြစ်သည်။
ထိုင်းတပ်မတော်၏ ပူးတွဲစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တန်ချီယန် ဆရီဆူဝမ်က မြန်မာသည် ယခုစစ်ဆင်ရေးသို့  လေ့ လာရေးကိုယ်စားလှယ် စေလွှတ်သော နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ တစ်ခုအပါ အဝင် ဖြစ်ကြောင်း ဆိုသည်။
ယခုနှစ် ကော်ဘရာဂိုးလ်စစ်ဆင်ရေးတွင် ထိုင်း၊ အမေရိကန်၊စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့မှ စစ်သားဦးရေ၁၂,၇၀၀ ဦးပါဝင်မည် ဖြစ်ကာ ချွန်ဘူရီနှင့်ရာယွန် ပြည်နယ်များတွင် ကမ်းတက် စစ်ဆင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်ကြမည် ဖြစ်သည်။
ထိုင်းနှင့် အမေရိကန်ပူးတွဲ၍ နှစ်စဉ်ပြုလုပ်သော ကော်ဘရာဂိုးလ်စစ်ဆင်ရေးသည် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်စောင့်ရှောက်ရေး လေ့ကျင့်မှုများကို အဓိကပြုလုပ်သော စစ်ဆင်ရေးဖြစ် သည်ဟု သိရသည်။
Ref: Bangkok Post
The Myanma Age

No comments:
Post a Comment
Note: Only a member of this blog may post a comment.