Pages

Saturday, February 2, 2013

ဗြိတိန် သံအမတ်က ဘင်္ဂလီကို တိုင်းရင်းသား ခေါင်းဆောင်များနှင့် တန်းတူ ပွဲထုတ် နေ၍ စိတ်ပျက်မိ ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မှ အထွေထွေ အတွင်းရေးမှူး ဦးလှစော က ပြော


မြန်မာတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်ဆုံတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးက ရိုဟင်ဂျာ တစ်ဦးပါ ခေါ်ထားပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အတူ ပွဲထုတ်နေတဲ့ အတွက် စိတ်ပျက်မိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦး လှစောက ပြောပါတယ်။


“ခွဲခြားဆက်ဆံတဲ့ သဘောမျိုး ပြောတာတော့ မဟုတ်ပါဘူး။ သူတို့က မြန်မာတိုင်းရင်းသား မဟုတ်ပါ ဘူးလို့ ပြောထားတဲ့ကြားထဲက တိုင်းရင်းသား ခေါင်းဆောင်တွေကို ခေါ်တွေ့တိုင်း သူတို့ပါ လာတာက ပြောရဆိုရတဲ့ နေရာမှာ စိတ်ပျက်စရာ ကောင်းတယ်လို့”  ဦးလှစောက ပြောပါတယ်။ ဒီလ ၃၀ ရက်ေ န့က ဗြိတိသံအမတ်ကြီးဟာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရခိုင်ဒီမိုကရေ စီ အဖွဲ့ ချုပ်က ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီက ဦးဦးလှစော၊ ချင်းပါတီက ဦးဇော် ဆန်၊ မွန်၊ ကချင် စတဲ့ တိုင်းရင်း ခေါင်းဆောင်တွေနဲ့ သံရုံးကို ခေါ်ယူတွေ့ဆုံရာမှာ National Democratic Party for Development ပါတီက ရိုဟင်ဂျာ အမည်နဲ့ ခေါင်းဆောင် တစ်ဦးလည်း တက်ေ ရာက် ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗြိတိန် သံအမတ်ကြီးတို့ တွေ့ဆုံရာမှာ တိုင်းရင်း သား ခေါင်းေ ဆာင် တွေက ပြည်တွင်း ရပ်စဲရေး ကိစ္စ၊ လက်ရှိ ကချင်နဲ့ ဖြစ်နေတဲ့ ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စေ တွ ကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြပေမယ့် ရိုဟင်ဂျာ ခေါင်းဆောင်ဆိုသူက ပြည်ထောင်စု ကိစ္စကို လုံးဝ စိတ် ၀င် စားမူ မရှိဘဲ ရိုဟင်ဂျာတွေ ဘယ်လိုဖိနှိပ်ခံနေရတယ်။ ဘယ်လို ခွဲခြား ဆက်ဆံ ခံနေရတယ်ဆို တာ ကိုဘဲ ထပ်တလဲလဲ တင်ပြနေတယ်လို့ ပြောပါတယ်။

တစ်ဘက်နဲ့ တစ်ဘက် အချေအတင် စကား မပြောလိုတဲ့ အတွက် သည်းညဉ်းခံရပေါင်းလည်း များေ နပြီ လို့ ဆိုပါတယ်။

ခုလို အခြေအနေတွေကြောင့် ဗြိတိန် သံအမတ်ကို ပွင့်ပွင့်လင်းလင်း မေးပြီး နောက်နောင်ဆိုရင် ဒီလို ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ အတွက် ရခိုင်တိုင်းရင်းသားတွေဘက်က စဉ်းစားရတော့မယ်လို့ ဦးလှစောက ပြောပါတယ်။

ခေါ်တဲ့ အခါမှာလည်း ဘယ်သူတွေကို ခေါ်ထားတယ်ဆိုတာကို ကြိုမပြောဘဲ တိုင်းရင်း သား ခေါ င်းေ ဆာင် တွေနဲ့ တွေ့ဆုံလိုတယ်လို့ ဖိတ်ခေါ်တဲ့ အတွက် သွားရောက်တဲ့ အခါတိုင်း ဒီလို တွေ့ ရ တယ် လို့ ပြောပါတယ်။

ဗြိတိန် အပါအ၀င် နိုင်ငံခြား သံတမန်တွေဟာ ရခိုင်အရေးနဲ့ ပတ်သက်ရင်လည်း ကြောင့်ကြ စိုးရိမ်တာ ကလွဲပြီး ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာ ဝေခွဲမရ ဖြစ်နေကြပုံ ရတယ်လို့ ဦးလှစော က ပြောပါ တယ်။ သူ တို့ အနေနဲ့ အကူအညီပေးဖို့လောက်နဲ့ အဲဒါကိုဘဲ သူတို့တတ်နိုင် တယ်လို့  မြင်တဲ့ အကြောင်း ဦး လှစောက ပြောပါတယ်။

အဲဒီနေ့က တွေ့ဆုံ ဆွေးနွေးပွဲကို ဗြိတိန် သံအမတ်နဲ့ အတူ AusAid က ကိုယ်စားလှယ်တွေ တက်ေ ရာ က် ခဲ့ တယ်လို့ သိရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်