Pages

Saturday, February 2, 2013

ဟဲဟိုး လေဆိပ် အနီး အဲပုဂံ လေယာဉ်တစ်စင်း မတော်တဆ ဖြစ်ပွား သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ


စုံစမ်းစစ် ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းဆွေထွန်းက ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လေကြောင်း ပညာ သိပ္ပံခန်းမ၌ ကျင်းပသည့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဟဲဟိုးလေဆိပ် အနီး အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပျံသန်းမှုဆိုင်ရာ မှတ်တမ်းများအား ကျွမ်းကျင် ပညာရှင်များဖြင့် အချက် အလက်များ ထုတ်ယူ သုံးသပ်ခဲ့ပြီး ပဏာမ စုံစမ်းစစ်ဆေးမှု အစီရင်ခံ စာကို ပြုစုခဲ့ကြောင်း၊ တွေ့ရှိချက် များအရ လေယာဉ်နှင့် စက်ကိရိယာ ချွတ်ယွင်းခြင်း၊ ဆီမ လုံ လောက်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခံရခြင်း စသည် တို့ကြောင့် မဟုတ်ဘဲ ဆင်းသက်ရန် ချဉ်းကပ် လမ်းကြောင်းအတွင်း မြူ တိမ်ထု အား ဖြတ် သန်း စဉ် လေယာဉ် မှူး၏ အဆုံးအဖြတ် မှားယွင်း အားနည်းမှု ကြောင့်သာ လေယာဉ် မတော် တဆမှု ဖြစ် ပွားခဲ့ခြင်း ဖြစ်နိုင် ကြောင်း ပြောကြားခဲ့သည်
မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်