Pages

Friday, February 8, 2013

စစ်တွေရဲစခန်းကို ၀ိုင်းဝန်း ဆန္ဒပြရာတွင် ပါဝင်သူ ၉ ဦးထောင် (၁) နှစ်စီချမှတ်ခံရ


ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယမန်နှစ်က ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော စစ်တွေ အမှတ် (၁) ရဲစခန်း ၀ိုင်းဝန်း တိုက်ခိုက်မူ အတွင်း ပါဝင်သူ ၉ ဦးကို စစ်တွေမြို့နယ် တရားရုံးက ယမန်နေ့ က ထောင်ဒဏ် (၁) နှစ်စီ အသီးသီးချမှတ်လိုက်သည်ဟု သိရသည်။

စုစုပေါင်း ဖမ်းဆီး တရားစွဲခံရသူ ၁၉ ဦးထဲမှ ၁၀ ဦးကို တရားသေ လွှတ်ပေးလိုက်ပြီး ၉ ဦးကို ထောင်ဒဏ် (၁) နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အမူများကို စေတနာဖြင့် လိုက်ပါ ဆောင် ရွက်ပေး သူ ရှေ့နေ မကြီး ဒေါ်အေးနုစိန်က ပြောသည်။ “ စုစုပေါင်း ၁၉ ဦး အဖမ်းခံထားရတယ်။ အဲဒီအထဲက ၁၀ ဦးက တရားသေလွှတ်တယ်။ ၉ ဦးထောင် ၁ နှစ်စီချမှတ်ခံရတယ်။ တရားစွဲဆိုတဲ့ ပုဒ်မက ပြည်သူပိုင် ပစ္စည်း ကာာ ကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆၈ နဲ့ ဖြစ်ပါတယ်” ဟု ဆိုသည်။ ထောင်ချခံရသူ ၉ ဦးထဲတွင် အရေး အခင်း ဖြစ်စဉ်တုန်းက ဒဏ်ရာရသူ ၇ ဦးပါဝင်သည်ဟု သိရသည်။ ထောင်ချခံရသူများထဲတွင် ကိုအောင် မိုးဇော် အပါအ၀င် တခြားသူများ ပါဝင်သည်ဟု ဆရာမက ပြောသည်။
  စစ်တွေတွင် ယခင်နှစ် ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် စစ်တွေအမှတ် (၁) ရဲစခန်း ကို ပြည် သူ ထောင်ပေါင် များစွာက ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြသည်။ နောက်ပိုင်းတွင်လူအုပ် အဆမတန် များပြားလာပြီး ရဲစခန်းအား ၀ိုင်းဝန်းပြီး ပုလင်းများ၊ ကျောက်ခဲများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ကြရာ ရဲစခန်းထဲမှ လုံထိန်းနှင့် ရဲသားများ က သေနတ်များ ပစ်ခတ်ပြီး လူစုခွဲခဲ့ရသည်။ လုံထိန်းနှင့် ရဲသားများ၏ ပစ်ခတ် မူကြောင့်ရဟန်းတော် တစ်ပါး အပါအ၀င် လူပေါင်း ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ အမူအား ယမန်နေ့ က ဆုံးဖြတ်ရာ ၉ ဦးကို ထောင် တနှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

From:Myanmar1
 
www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်