Pages

Friday, February 8, 2013

Anonymous Indonesia အမည်ရ ဟတ်ကာအဖွဲ့  တစ်ဖွဲ့  မြန်မာ့ခရီးသွားလုပ်ငန်းဝက်ဘ်ဆိုက်ကို ထိုးဖေါက်၍ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတိပေးစာရေး




တက်ကြွလှုပ်ရှားသည့် ဟက်ကာအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Anonymous Indonesia အမည်ရ ဟတ်ကာ အဖွဲ့ တစ်ဖွဲ့ သည် မြန်မာ့ခရီးသွားလုပ် ငန်း ဝက်ဘ်ဆိုက်ကို စာတစ်စောင် ရေးသားဖေါ်ပြ ခဲ့ကြောင်း အင်တာနက် သတင်းနည်းပညာ ဝက်ဘ်ဆိုက် ZDNet တွင် ဖေါ်ပြခဲ့သည်။
ယင်းအဖွဲ့ သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝက်ဘ်ဆိုက် mm.myanmar.net တွင် သတိပေးစာမတ်ဆေ့ခ်ျ တစ်ခု ချန်ထားခဲ့ခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် ၏ ဒေတာများ မှာ လုံခြုံမှုရှိကြောင်း၊ မိမိတို့သည် မြန်မာအစိုးရကို သတိပေးရန်အတွက်သာ မတ်ဆေ့ခ်ျထား ခဲ့ခြင်းဖြစ်ေ ကြာ င်း ဆိုသည်။
 
၎င်းတို့၏ မတ်ဆေ့ခ်ျတွင် Anonymous Indonesiaအဖွဲ့ က “ကျွန်ပ်တို့ အနေနဲ့  မြန်မာအစိုးရကို လူသားချင်းစာနာတဲ့ အခြေခံပေါ်ကနေ နှင်ထုတ်ခြင်း၊အကြမ်းဖက်ခြင်းတွေကို ရပ်တန့်ဖို့ တောင်းဆိုပါ တယ်” ဟုဖေါ်ပြထားသည်။

ယနေ့ တွင် ZDNet Asia ကတွစ်တာဝက်ဆိုက်၌ မေး မြန်းရာတွင် ယင်းအဖွဲ့ က ထိုသို့ သတိပေးထား ခဲ့ရမှုနှင့် ပတ်သက်၍ တောင်းပန်ကြောင်း၊ ၎င်းတို့၏ မတ်ဆေ့ခ်ျမှာ မြန်မာအစိုးရအား ရိုဟင်ဂျာများကို ဖိနှိပ်ခြင်းနှင့်နှင်ထုတ်ခြင်း များ မပြုရန် အသိပေးလိုခြင်းသာဖြစ်ကြောင်း ဖြေကြားထားသည်။

မြန်မာဝက်ဆိုက်သည် ထိုသို့ သတိပေးခြင်းခံရပြီးနောက် စင်ကာပူစံတော်ချိန် နေ့လည်၂ နာရီ တွင် ပြန်လည်ကောင်း မွန်ခဲ့ကြောင်း သိရသည်။

Anonymous Indonesia ဟတ်ကာအဖွဲ့သည် ပြီးခဲ့သည့် အပတ်အတွင်ကလည်း အင်ဒိုအစိုးရ ဝက်ဘ်ဆိုက်များစွာကို တိုက်ခိုက်ခဲ့ပြီး ယင်း တွင် အင်ဒို ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ လူမှုရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးပြိုင်ဆိုင်မှု ကြီးကြပ်ရေးကော်မရှင်နှင့် ဗဟို စာ ရင်းအင်းကော်မရှင်တို့၏ ဝက်ဘ်ဆိုက်များ ပါဝင်ခဲ့ကြောင်း ဂျာကာတာပို့စ်သတင်းအရ သိရသည်။

ZDNet
 
မြန်မာ့ခေတ် 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်