Pages

Friday, February 8, 2013

မော်လမြိုင်တက္ကသိုလ်တွင် စစ်ပညာသင်တန်း စတင်ဖွင့်လှစ်


ဖေဖော်ဝါရီလ ၅ ရက်နေ့က မော်လမြိုင် တက္ကသိုလ်တွင် စစ်ပညာသင်တန်းစတင် ဖွင့်လှစ်ခဲ့ကြောင်း သ တင်း ရ ရှိပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ အေ ရှ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်တကွ စစ်ဖက်အရာရှိများ ၊ မော်လမြိုင် တက္က သိုလ် ပါမောက္ခ ချုပ်နှ င့် တကွ ဆရာ/ဆရာမများ သင်တန်းသား ကျောင်းသားများ တက်ရောက် ကြပါသည်။
 
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ၊အမှတ် (၃) တက္က သိုလ် လေ့ကျင့်ရေးတပ် (မော်လမြိုင်တက္ကသိုလ်)၌ ဖွင့်လှစ်သော သင်တန်းတွင် ဆရာ (၂၃) ဦး ၊ ကျောင်း သား (၈၇) ဦး စုစုပေါင်း (၁၁၀) ဦး သင်တန်းတက်ရောက် သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ သင် တန်း ပထမပိုင်းအဖြစ် (၅.၂.၂၀၁၃) မှ (၈.၃.၂၀၁၃) ထိ တစ်ကြိမ်၊ သင်တန်းဒုတိယပိုင်းအဖြစ် (၃.၆. ၂၀၁၃ ) မှ (၁၇.၈.၂၀၁၃) ထိ တစ်ကြိမ် စုစုပေါင်း သင်တန်းကာလ နှစ်ကြိမ်သတ်မှတ်ထားကြောင်း သတင်း ရရှိပါသည်။

စစ်ပညာသင်တန်း ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ထုတ်ပေး သွားမည်ဖြစ်ပြီး ဗိုလ်သင် တန်းေ လျာက် ပါ က ဦးစားပေး မည်ကြောင်း သတင်းရရှိပါသည်။

Eleven Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်