Pages

Friday, February 8, 2013

ဒေါက်တာ အေးမောင်၏ ဘင်္ဂလီအရေး ဆောင်ရွက်ရန် အဆိုအား ကန့်ကွက်ခဲ့

 
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဘင်္ဂလီ ဆူပူမှုကြောင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင် သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေ လုံခြုံရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေး ဆိုင်ရာ မဟာဗျူဟာမြောက် ရေတို၊ ရေရှည် အထူး အစီ အမံတို့ဖြင့် ဦးစားပေး ဆောင်ရွက်ရန် အဆိုအား ကန့်ကွက်သူ ရှိသည့်အတွက် အမျိုးသားလွှတ်တော် တွင် ဆွေးနွေးစဉ်းစားရန် မရှိကြောင်း ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် အမျိုး သား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
 
ယင်းအဆိုအား ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာအေးမောင် တင်သွင်း ခဲ့ခြင်းဖြစ် ကာေ နာ က်ေ နာင်တွင် ပြသနာများ မဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ အဆိုတင် သွင်းရခြင်း   ဖြစ်ေ ကြာင်း သိ ရ သည်။
 
"ဖြစ်ပွားခဲ့ရတဲ့ အကြောင်းတွေကတော့ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေး အပါအ၀င် ဒေသ အာဏာပိုင်ေ တွရဲ့ လာဘ်ပေးလာဘ်ယူမှု၊ အဂတိ လိုက်စားမှုတွေကြောင့် တရားမ၀င် ဘင်္ဂလီ ခိုးဝင်မှုပြဿနာကို မတား ဆီးနိုင်ခဲ့တဲ့အပြင် ဘင်္ဂလီတွေရဲ့ မမှန်မကန် နိုင်ငံသားအဖြစ် ရယူနိုင်ခဲ့သည်အထိ စီမံခန့်ခွဲမှု၊ တရား ဥပဒေ စိုးမိုးမှုဆိုင်ရာ အားနည်းချက်တွေကြောင့် ဘင်္ဂလီဦးရေဟာ ကြောက်ခမန်းလိလိ တိုးပွား လာခြင်းကလည်း အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်" ဟု ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာအေးမောင်က ဆွေးနွေးရာတွင် "အရင်အစိုးရရဲ့ ဆင်ခြင်အမှားတွေကို ဘင်္ဂလီေ တွက ပါးနပ်စွာ အသုံးချနိုင်ခဲ့တာကလည်း အချက်တစ်ချက်ပါပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံ ယူပွဲ အတွက် နိုင်ငံသား အထောက်အထား မခိုင်မာသူများကို "မြန်မာနိုင်ငံသား ဥပဒေ" တွင် မပါရှိသော ယာ ယီနိုင်ငံသား အသုံးအနှုန်းနဲ့ ယာယီသက်သေခံ လက်မှတ် (အဖြူရောင်) ထုတ်ပေး ကာ ထောက်ခံမဲ ပေးစေ ခဲ့ခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ပါတီ တည်ထောင်ခွင့်၊ ပါတီဝင်ခွင့်နဲ့ ဆန္ဒမဲပေးခွင့် ပြုခဲ့ခြင်း၊ နိုင်ငံသား စိစစ်ရေးကဒ် ကိုင်ဆောင် ထားေ သာ လည်း ယင်းတို့မွေးဖွားစဉ်က မိဘများက နိုင်ငံသား မဟုတ်သူများ ကိုပင် မောင်တော နဲ့ ဘူးသီးတောင် တို့ တွင် ရွေးချယ်ခံခွင့် ပြုခဲ့ကြပြီး လွှတ်တော်ကိုယ် စားလှယ်များအဖြစ် အသိအမှတ်ပြုခဲ့ခြင်းတွေ၊ ဘင်္ဂလီတွေ က နိုင်ငံသား တိုင်းရင်းသား အဖြစ် သွေးနားထင်ရောက်ကာ အခွင့်အရေးနဲ့ ရပိုင်ခွင့် ဆန္ဒလွန်ကဲ လာခြင်း တို့ဟာ အကြောင်းအ ရင်းတစ်ရပ် ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
 
ထို့အပြင် ဘင်္ဂလီတို့၏ ဘာသာရေးအရ လူအများစုဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ဘာသာရေး အကြောင်းပြပြီး ဇနီးများ စွာ ထားရှိမှု၊ အလွန်အကျွံ ကလေးမွေးဖွားမှု၊ လာဘ်ပေးလာဘ်ယူဖြင့် လက်တစ်လုံးခြား လက်ထ ပ်မှု၊ အုပ်ချုပ်ရေး၏ ဟာကွက်ပျော့ကွက်များကို သုံးပြီး ကျေးလက်လယ်မြေ၌ အိမ်ယာတိုးချဲ့မှု၊ ဥပဒေမဲ့ ဘာသာရေးေ ကျာင်းများ၊ အာရဗီ တက္ကသိုလ်များကို တည်ဆောက်ဖွင့်လှစ် သင်ကြားခွင့် ပြုမှု၊ ပြီးခဲ့တဲ့ အဓိက ရုဏ်းမှာ တာလီဘန်စတိုင် လူငယ်များစွာ ပါဝင်အကြမ်းဖက်မှုက သက်သေပြခဲ့ရာ ယင်းအချ က် များ သည် အကြောင်းရင်းခံ စုစည်းမှုများ ဖြစ်လာကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
 
"တရားဥပဒေ စိုးမိုးရန်အတွက် နယ်ခြားစောင့် အထူးရဲတပ်ဖွဲ့၊ ကမ်းခြေစောင့် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ တရား မ၀င် ခိုးကူးသူများအား စိစစ်ဖော်ထုတ်ရေး အထူးအဖွဲ့၊ နည်းလမ်းမျိုးစုံဖြင့် တရားမ၀င် ခိုးဝင်လာ သူများ ကိုလည်း အထူးအဖွဲ့ဖြင့် စိစစ်ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးရန်၊ ခိုးဝင်လာ သူတွေကိုလည်း နိုင်ငံတကာ အကူအညီနဲ့ တတိယနိုင်ငံတစ်ခုသို့ ပို့ဆောင်နိုင်ရန်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင် ငံသား ဥပဒေအရ နိုင်ငံသား ပြုခွင့်ရသူ မဟုတ်သော နိုင်ငံခြားသားတွေကို ယာယီနိုင်ငံသား မှတ်ပုံတင် ကဒ် (အဖြူရောင်) ပြုလုပ်ပြီး ပါတီတည်ခွင့်၊ ပါတီဝင်ခွင့်၊ ဆန္ဒမဲပေးခွင့် ပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည်စိစစ် ပြုပြင်ရန် လိုအပ်ကြောင်း" ဒေါက်တာေ အးမောင်က ပြောကြားခဲ့သည်။
 
ရခိုင်-ဘင်္ဂလီ ပြန်လည်သင့်မြတ်ရေးအတွက် ဘင်္ဂလီလူဦးရေ ဖောင်းပွမှုကို ထိန်းညှိနိုင်ရန် မိသားစု စီမံ ကိန်း လိုအပ်ခြင်းကို လက်ခံရန်၊ ဘင်္ဂလီ လူ့အဖွဲ့အစည်းကို ဘာသာရေး အစွန်းမရောက်စေဘဲ၊ ဘာသာေ ရး စွက်ဖက်မှုကင်းသည့် ခေတ်မှီပွင့်လင်း လူ့အဖွဲ့အစည်းဖြစ်အောင် ပြောင်းလဲကြိုးစားခြင်း၊ ဘာသာရေး အစွန်းေ ရာက် မွတ်ဆလင်သီးသန့် ၀ါဒဖြင့် ဘာသာရေးအရ လွှမ်းမိုးရေး စွန့်လွှတ်ရန်၊ ဘာသာရေး စွက်ဖက်မှု မပါတဲ့ နိုင်ငံရေး လုပ်ခွင့်ကို ခွင့်ပြုပေးရန်တို့ကိုလည်း အကြံပြု ပြောကြားခဲ့သည်။
 
ယင်းအဆိုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက "ဒီအချိန်မှာ ဒီအဆိုကို ဆွေးနွေးဖို့ စောနေသေး တယ် လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ရလဒ်က ထွက်မလာသေးဘူး။ ဒီအချိန် မှာ ဆွေးနွေးအတည်ပြုလိုက်ရင် ကော်မရှင်ကို ဖိအားပေးသလို ဖြစ်သွားမှာစိုးတယ်။ အဲဒါကြောင့် ဒီအဆို ကို ဆိုင်းငံ့ထားသင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
 
ယင်းကဲ့သို့ ကန့်ကွက်သူ ရှိသည့်အတွက် အဆိုအား ဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရာတွင် ထောက်ခံသူ အရေအတွက် ၄၀ ဦး မပြည့်သည့်အတွက် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
 
From:OPE
 
www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်