Pages

Friday, January 25, 2013

NLD စည်းရုံးရေး ခရီးစဉ် သျှမ်းပါတီ၏ အားနည်းချက်ကို ထောက်ပြ စည်းရုံး


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးဆင်းရာတွင် သျှမ်းပါတီ ၂ ခု၏အားနည်းချက်ကိုပါ ထည့်သွင်းထောက်ပြပြောဆိုနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆိုပါသည်။

“ ကျနော်တို့ရွာရောက်တုန်းက - ခင်ဗျားတို့သျှမ်းပါတီက ၂ ပါတီဖြစ်နေတယ်။ ဒီကြားထဲ မတည့်ဘူးဖြ စ်ေ နေ သးတယ်။ ခင်ဗျားတို့ကိုဘယ်လိုဦးဆောင်မလဲ ။ စဉ်းစားမနေနဲ့ ခင်ဗျားတို့ကိုတ ကယ်ဦးေ ဆာင်ဦး ရွ က် လုပ်ပေးမယ့် ခင်ဗျားတို့အကျိုး ကိုတကယ်လုပ်ပေးမယ့်ကျနော်တို့ ပါတီကိုထောက်ခံကြတော့ ။ လူအင် အား များမှ ဒီမိုကရေစီဖော်ဆောင်နိုင်မယ် - လို့ပြော တယ်ဗျာ။ ကျနော်ဆိုရှက်သလားမမေးနဲ့” - ဟု မန်စံအုပ်စုဒေသခံ စိုင်းခေးကပြောပြသည်။

နမ္မတူမြို့နယ် မန်စံအုပ်စုရှိ မိုင်းမု၊ ကောင်းဟုန်း၊ လုံမိတ်၊ မန်မိုင်၊ ဆန်ခါ၊ နောင်ငင်း၊ နမ့်ဆီလင်း၊ ပန်ဟက်၊ ပန်လုံ၊ ပန်ဆပေ၊ ဝမ့်လီတို့ဘက်၌ NLD ပါတီမှ မဲဆွယ်စည်းရုံးနေကြောင်း၊ ပလောင်ရွာသားအများစုမှာ ၎င်းတို့အား ထောက်ခံကြ ကြောင်း အချို့ရွာသားများအားလည်း လက်ဆွဲကာ ပါတီဝင်ခိုင်းစေကြောင်း ရပ်ရွာအုပ်ချုပ်ရေးမှူးတဦးကပြောသည်။

“ လက်ဆွဲ ဘာဆွဲဆိုတော့ တချို့ကလဲအားနာနာနဲ့ဝင်တာတွေရှိတယ်ပေါ့ဗျာ။ ပန်ဟက်ရွာမှာဆိုရင် တချို့က စဉ်းစား ဦးမယ်လို့ပြောတော့ မရဘူးတဲ့ ဓါတ်ပုံအတင်းရိုက်ခိုင်းပါတီဝင်ဖြည့်ခိုင်း အဲလိုမျိုးတွေရှိတယ်တဲ့ ။ ကျနော့်သူငယ်ချင်း ပြောပြတာ” - ဟု ဒေသခံစိုင်းညွန့်ကပြောပြသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ   လိုက်လံစည်းရုံးနေသော အဖွဲ့၏ခေါင်းေ ဆာ င် မှာ နမ္မတူမှစိုင်းခမ်းလိုင်ဆိုသူဖြစ်ကြောင်း၊ ၎င်းအဖွဲ့တွင် ဗမာ ၃ ယောက်နှင့် သျှမ်း ၃ ယောက် စုစုေ ပါင်း ၆ ယောက်ရှိကြောင်း ရွာသားများကဆိုပါသည်။

“ ဒီအပတ်ထဲမှာဘဲ ကျနော်တို့နေတဲ့ဘက်ကို သူတို့အဖွဲ့ စည်းရုံးရေး စဆင်းတယ်။ သူတို့ရဲ့ခေါင်းဆောင်က ဦးခမ်းလိုင်တဲ့။ နမ္မတူကဘဲလို့ပြောတယ်။   မန်စံအုပ်စုထဲမှာ တအိမ်တက်ဆင်းလိုက်ပြီး စည်းရုံး နေတယ်။ ပလောင်ရွာတွေတော့ ရွာလုံး ကျွတ် ရွာလုံးကျွတ် NLD ပါတီထဲဝင်နေကြပြီ” ဟု မန်စံဒေသခံတ ဦး ကပြောသည်။

နိုဝင်ဘာလကုန်က ကျင်းပသော ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းညီလာခံ၌ စစ်တမ်းကောက် ယူ စုဆောင်း ရာ၌ သျှမ်းပြည်သားများ၏အဖြေမှာ သျှမ်းပါတီသုံး ခု ပြန် လည် ပူးပေါင်းေ ရး မပူးပေါင်းရေးအတွက် - ပူးပေါင်းသင့်ဟူသည့် အဖြေမှာ  ၉၇%၊ မပူးပေါင်းသင့် ၁%၊ မဖြေ ၂% ဟူ၍ဖြစ်သည်။

အလားတူ ကျားဖြူပါတီ၏ ဂျန္နဝါရီလဆန်းနှစ်ပတ်လည်အစည်းအဝေး၌လည်း - သျှမ်းတိုင်းရင်းသား မျိုးနွယ် စုများအားလုံး တောင့်တလျက်ရှိသည့် ညီညွတ်သော သျှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ United Shan Political Parties ပေါ်ပေါက်လာ ရေးကို အလေး အနက်အဆိုပြု ထောက်ခံသည် ဟူသည့်ေ ကြငြာ ချက်ထုတ်ပြန်ခဲ့သည်။

သျှမ်းသံတော်ဆင့် 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်