Pages

Friday, January 25, 2013

ကေအိုင်အေကို အပြီးသတ် ချေမှုန်းသင်တယ်ဆိုတဲ့ ဦးလှဆွေ ဘာပြောသလဲ


ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet (ကျည်ဆန်) ပဲ ပေးလိုက် ရင်ကောင်း မယ်လို့ ဇန်န၀ါရီ ၂၄ရက်က ကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ အာဏာရ ကြံ့ခိုင်ရေး ပါတီ က ဆွေးနွေးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည် မှု ရရှိ မယ့် ခိုင်မာ တဲ့ အခြေခံမူများ ချမှတ်ပေးရေး အဆိုကို အမတ် ၁၆ ဦးက ၀ိုင်းဆွေးနွေးခဲ့ကြရာမှာ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ က ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ က ဆွေးေ နွး ခဲ့တာပါ။

အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဦးလှဆွေဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်းဆောင် ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဦးလှဆွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားလွှတ်တော်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ကေအိုင်အိုကို အပြီး သတ်ေ ချ မှုန်းပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးရင်ကောင်းမယ်ဆိုပြီး ဦးလှဆွေ ဆွေးနွေးသွားတယ်လို့ သိရပါ တယ်၊ ဟုတ်ပါ သ လား။

“ဟုတ်ပါတယ်။ ကျနော်ပြောတာက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက်ဆိုရင် သေချာပေါက်လုပ်ရမှာက အပစ် ခတ် ရပ်စဲရေးကို လက်ခံရမှာပေါ့။ သူက အခု လက်မခံဘူးပြောတယ်။ လက်မခံတော့ ကျနော် က ရွှေလက် နဲ့ခေါ်တုန်းကို လာပါ၊ Bullet (ကျည်ဆန်) တော့ မလွှတ်ချင်ဘူးလို့ ပြောလိုက်တယ်။ အခု လက်ရှိ ကမ္ဘာမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်တွေအကုန်လုံးကို လိုက်ကြည့်လိုက်ပါ။ အခုနောက်ဆုံး အဖြစ် အပျက် ပြင်သစ်က မာလီကို ၀င်တိုက်တယ်ဆိုရင် သူတို့ ညှိမရလို့ တိုက် တာ။ ကိုလံဘီယာမှာ နှစ် ၅၀ လောက် လုပ်လာတယ်၊ အဲဒါ လည်း မရဘူး။ မရတော့ ကိုလံဘီယာ သမ္မတက မညှိဘူးလို့ ပြောတယ်။ ကျနော် ဆိုလိုတာက ကေအိုင်အေဟာ စုစုပေါင်း ပေါင်းလိုက်ရင် ၂ သောင်းလောက်ရှိမှာပေါ့။ ကချင်ပြည် နယ်မှာ ဆိုရင်လည်း ၁၀ သိန်း ၉ သောင်းလောက်ရှိတယ်။ အဲ ၁၀ သိန်း ၉ သောင်းမှာ ကေအိုင်အေက ၂ သောင်းလောက် ဆိုတော့ ၂ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တာ ၉၈ ရာခိုင်နှုန်းက တခြား လူမျိုးတွေ ပဲ။ ကေအိုင်အေမှာ ခေါင်းဆောင်ပိုင်းက ဂျိန်းဖောကပဲ။ ကျန်တဲ့ လီဆူးရွာတွေကိုပဲ မီးရှို့နေတယ်။ ဒါတွေက ဒီနှစ် ဆွေးနွေးတဲ့အထဲမှာ အကုန်ပါတယ်။ ရွာတွေကို မီးရှို့တဲ့ထဲမှာ ဂျိန်းဖောရွာမပါဘူး။ လူမျိုးရေးတရပ်ကို သူ တို့ပဲ ခွဲခြားနေတာ။ အထူးသဖြင့် ဖြစ်တာက ရှမ်းနီတွေကို ပိုနှိပ်ကွပ်တယ်။ ရှမ်းနီတွေက မပြောရဲဘူး။ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို လုံးဝ မလို ချင်ဘူး။ မလိုချင်ဘူး ဆိုတာက သူတို့ က အရသာကို သိသွားပြီ။ လုံး ၀ တောင်ယာပြန် မခုတ်တော့ဘူး။ ကျနော်က သတ္တု ၂ သယံဇာတ ကော်မတီ အတွင်းရေးမှူး ဆိုတော့ ဖားကန့် မှာ ကုမ္ပဏီ ၇၀၀ ရှိတယ်။ တခုကို သိန်း ၅၀၀၀ ပေးရတယ်။ သူတို့ရတာ ၃၅၀ ထရီလီယံရှိတယ်။ သူတို့ စီးတဲ့ ဖိနပ်တွေက မိုင်းမကွဲတဲ့ အစ္စရေးက လာတာတွေကို စီးတယ်။ မှောင်ခိုမှာ ၀ယ်လို့ရတယ်။ သူတို့ က အဲလိုတွေ စီးတယ်။ ရီမု ကွန်ထရိုးနဲ့ မိုင်းခွဲတယ်။ ဒါတွေ ၀ယ်နိုင်တယ်။ အဲဒါတွေမ က ဘူး မော်တော်လေးတွေ၊ ပဲ့ထောင်လေးတွေ၊ အဲဒါလေးတွေ ကအစ မလွတ်စေ ရဘူး။ နောက်ဆုံးပိတ် ကွမ်း ယာ ဆိုင်မှာ တယ်လီ ဖုန်းထောင်ထားရင် တယ်လီဖုန်း ဆက်လို့ ရတယ်။ အဲလိုမျိုးဆိုရင် ၁ သောင်းေ ကာက် တယ်။ အဲဒါတွေကို ဒေသခံ ပြည်သူတွေက အကုန်ပြောတယ်။ ဆိုတော့ ဒါတွေကို ဘယ်လိုလုပ် မလဲ။

“အဲတော့ ကျနော်က ပြောတယ်။ အမေရိကန် နောက်ဆုံးပိတ် ဒုတိယကမ္ဘာစစ်ပြီးတာ ဘာကြောင့်ပြီး လဲ။ အနုမြူ ဗုံး ၂ လုံး ကြဲ လိုက်တယ်။ အဲဒီမှာ ဟိုကောင်က ချက်ချင်းလာပြီး စစ်သင်္ဘောကြီးေ ပ်ါမှာ ငြိမ်း ချမ်းရေး လုပ် ပါပြီဆိုပြီးတော့ လက်မှတ် ထိုးသွားတယ်။

“သီရိလင်္ကာ ဂျက်ဖနာမှာ အပြတ်တိုက်တယ်။ တိုက်တဲ့အခါမှာ စစ်အသုံး စရိတ်တွေက အရမ်း များနေေ တာ့ လွှတ်တော် က စစ်အသုံးစရိတ်တွေ အရမ်းများ တယ် လျှော့ပါဦး ဆိုတော့ သမ္မတက နာမည်ပြောင်း လိုက် တယ်၊ ငြိမ်းချမ်းရေး အတွက် ရင်းနှီးမြှုပ်နှံမှုလို့ ပြောင်း လိုက်တယ်။ မှန်တယ်လေ၊ ဂျက်ဖနာမှာ တိုက် ခိုက်နေ ရတာ Peace Investment ပဲ။ နောက်ထပ် လူမသေအောင် အမေရိကန်သမ္မတ ထရူး မင်းပြော သလို၊ ဘယ်လို လုပ်မလဲ အနုမြူဗုံး ၂ လုံးကြဲလိုက်တယ်။ အခု သူတို့က ခွန်ဥက္ကာ နဲ့ပေါင်းပြီး ဆွေးနွေး မယ်တဲ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပြင်မှာ ဆွေးနွေးမယ်တဲ့။ နောက် သမ္မတကြီးလမ်းညွှန်တဲ့ လွှတ်တော် ထဲတွေ့ရအောင် ဆိုတော့ လွှတ်တော်ထဲ မလာဘူး၊ တွေ့စရာ မလိုဘူးတဲ့။ အဲ ၂ ချက်ပြော တယ်။ အဲတော့ ဒီလူတွေဟာ ရွှေလက်နဲ့ခေါ်လို့ လာမယ့်သူတွေ မဟုတ်ဘူး။ ရွှေလက်နဲ့ခေါ်လို့ မလာတဲ့ အတွက် Bullet ပဲပေး လိုက်ရင်ကောင်း မယ်လို့ ကျနော်က အဲလိုဆွေးနွေးလိုက်တာ။”

ကချင်နဲ့ ဖြစ်တဲ့ကိစ္စမှာ တော်တော်များများပြောတာက စေ့စပ်ဆွေးနွေးဖို့ အကြိမ်ကြိမ်ညှိနှိုင်းဖို့။ သမ္မတက လည်း အခုထိ ငြိမ်းချမ်းရေးကမ်းလှမ်းထားတုန်းဆိုတော့၊ အဲလိုအခြေအနေမှာ ဦးလှဆွေက အခုလို ထပြီး ကေအိုင်အေကို အပြီးသတ်ချေမှုန်းလိုက်တာ အကောင်း ဆုံးပဲ ဆိုတာ ဆွေးနွေး ဖို့ စိတ်ကူးရ လာ တာ ဟာ ခုန ကပြောတဲ့ အတွေး အခေါ်တွေပေါ် မူတည်နေတာပေါ့။ ဒီလိုဆွေးနွေးလို့ ဦးလှဆွေကို က န့်ကွက် မယ့် သူများတယ်။ တစုံတယောက်ကများ ငါကို ဘာပြောမလဲ ဆိုတာမျိုး စိတ်ကူးထဲ မပေါ်မိဘူး လား။ ဆွေးေ နွးဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ် ခဲ့တာလား။

“ကျနော်တယောက်တည်း အယူအဆနဲ့ ဆုံးဖြတ်တာ။ ကျနော့်ကို ဘယ်သူမှလည်း ဒီလိုဆွေးနွေး ဒီလိုေ ဆြးေ နြးလုိ့ လာမပြောဘူး။ သို့သော် ကျနော့်မိတ်ဆွေတွေ ကချင်ပြည်နယ် ရွှေ ကူမြို့နယ် မှာရှိတယ်။ ဥပမာ ကျနော်ပြောတယ်။ မန္တလေးနဲ့ ရန်ကုန်ကိုလာတိုက်မှ အပြတ်ချေမှုန်းမှာလား။ ကျနော်တို့က အကယ် ဒမီ တက် လိုက်၊ ဖိုးချစ်ဇာတ်ပွဲကြည့်လိုက်နဲ့ သာယာနေတာ၊ ကျနော့်သူငယ် ချင်းတွေ ပြေးလွှား ပုန်းေ အာင်းေ န ရတာ။ တပ်ကလည်း ဇာတ်နာအောင်လုပ်နေတာ ကျနော်မပြောချင်ဘူး။ ရထားလမ်းဗုံးခွဲတယ် ဗုံးခွဲ တယ်။ တံတား ၁ စင်းကိုပဲ ၄ ခါပြန်ခွဲတာရှိတယ်။ ဘာလို့ ဒီလိုလွှတ်ထားလဲ၊ ဇာတ်နာအောင် လုပ်ထား တာ။ ကျေ နာ် က ဒါမျိုး ကျ မကြိုက်ဘူး။ လာရင် လာ ပြန်ချလို က်ပေါ့။ မချတော့ ဟိုက လာခွဲရော။ အဲေ တာ့ ဘယ္သူ နာလဲ။ ရိက္ခာပို့ တာကြာတော့ ဈေး တက်တယ်၊ မြစ်ကြီးနားဒေသခံတွေ ခံရတာပေါ့။ အမှန် က ထိုက် သင့်တဲ့ လုံခြုံရေးက လုပ်ကို လုပ်ရမယ်။ လာရင် ရထားလမ်းကြောင်း ကလာရင် အကုန်ပစ်လိုက်။ ရထား လမ်းက အထိမ ခံနဲ့လေ။ မြစ်ကြီးနား ရထားက ဒီ ၁ လမ်းပဲရှိတာ။ တခုခုဖြစ်ပြီ ဆိုတာနဲ့ ဆားဈေးတွေ တက်ပြီ။ တကယ် ကျတော့ ကချင်လူမျိုးတွေ အကုန်လုံးကို ကေအိုင်အေက ကိုယ်စားမပြုဘူး။ ကချင်ပြည်နယ် ဘြာ ဖစ် တယ်၊ ညာဖြစ်တယ်။ ဖက်ဒရယ်တွေ ကြိုက်သလိုပြော။ တကယ်က ဘာမှမ ဟုတ် ဘူး။ လက်နက် ကိုင်ရ တဲ့ အရသာကို သူတို့တွေ့ သွားတာ။ ဟိုနေ့က ကေအိုင်အေလွှတ်တော်ထဲ အများကြီး လာလေ့ လာတာ။ အဲဒါ မျိုး အများကြီးမြင် ချင်တယ်။ ကချင်တွေ အများကြီး မြင်ချင်တယ်။ ကျနော် တို့ စိတ်ထဲ စိတ်ရင်းခံ အမှန်အဲလို ရှိတယ်။ ဒါပေမယ့် ညှိလို့မရဘူးလေ။ ညှိမရတော့ အပြတ်တိုက် တာကောင်း တယ်။ လူထပ် မသေအောင် အပြတ်တို က်ရမယ်။ ဒီနည်းလမ်းပဲရှိတယ်။ ဘယ်တိုင်းပြည်က သူတို့ သူပုန်တွေကို ဆွေးနွေးသလဲ။ တူရကီ က kurds သူပုန်ကို ဆွေးနွေးသလား။ နေတိုးအဖွဲ့ဝင်ပဲ။ ဖိလစ် ပိုင်မှာ သမ္မတ အကွီနိုက မိုရိုအစ္စ လာမ်မစ် ကို အပြတ်ချပြီးမှ အခုမှ နန်းတော်ထဲရောက်ဆွေးနွေးနေတာ။ ညှိပါတယ် ဆိုတဲ့ တိုင်းပြည်ပြပါ၊ ၂၀၁၃ ထဲမှာ ဘယ်တိုင်းပြည်က သူပုန်နဲ့ ဘယ်သူညှိနေတယ်ဆိုတာ ကျနော့် ကိုပြ။ မြန်မာပြည် တပြည်ပဲရှိတာ။”

ဦးလှဆွေ
ကချင်နေ့စဉ်သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်