Pages

Friday, January 25, 2013

စစ်သတင်း လိုချင်သူများ စစ်သတင်း ယူနိုင်ကြပါပြီ


တပ်မတော်မှ သတင်းထုတ်ပြန်မှု မရှိသည့် အတွက် ကေအိုင်အေမှ ပြောသမျှ သတင်းလုပ်၊ နောက်ဆုံး ရေး စရာ မရှိသည့်အခါ Jade Land မှ ပေါက်ကရ တင်သည့် သတင်းကို စာမျက်နှာထက် ဖော်ပြသည့် မီဒီ ယာ များ ယခုတော့ စစ်သတင်းများကို စစ်သုံးမြေပုံများ၊ အသေးစိတ် တပ်စခန်းများ၏ တည်နေရာ၊ တိုက်ပွဲ ဖြစ်စဉ် နေရာများအပါ သတင်းအတိအကျ ရရှိနိုင်ကြပြီ ဖြစ်သည်။
 
ပြန်ကြားရေး ဒုဝန်ကြီး၊ နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံ တိုက်ရိုက် မေးမြန်း၍ လည်းေ ကာင်း၊ မြ၀တီ သတင်းစာမျက်နှာမှ အသေးစိတ် အချက်အလက်များနှင့် တကွ ဖော်ပြခြင်းကို ကိုး ကား ၍ လည်းကောင်း သတင်းများ ရေးနိုင်ကြသည့်အခါတွင်တော့ အသံမထွက်ကြတော့။ အဆိုးဆုံးမှာ လွှတ်ေ တာ် အတွင်း ပြောကြားခဲ့သည့် ဆွေးနွေးချက်ကို လုံးဝ မသိကြသေးသည့်အတွက် မီဒီယာများ ပါးစပ် ကို မည်သည့် အရာက ပိတ်သွားသနည်းဟု မေးစရာ ဖြစ်လာပါသည်။

ယခု အင်တာနက်ပေါ်တွင် မြင်တွေ့ရသည့် သတင်းများမှာ တပ်မတော်၏ အသေးစိတ် သတင်းများကို တင်ပြ၊ ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်နှင့် လှုပ်ရှားမှုများကို အတိအကျ ဖော်ပြခွင့်ရှိသော တရားဝင် မီဒီ ယာ များမှ သတင်းများ ဖြစ်သည်။ နိုင်ငံတော် အဆင့် စိတ်ချရသည့် သတင်းရင်းမြစ်များ ဖြစ်သည်။ အ ဘယ် အတွက် ကြောင့် သတင်းဖော်ပြ ကိုးကားရန် ပျက်ကွက်ကြသနည်း။

စစ်သားသေတာကို ဘေးမှာ ထိုင်ပြီး ဓာတ်ပုံရိုက်မှ သတင်းမဟုတ်။ ဖုန်းထဲမှနေ၍ စိတ်ထင်ရာ ပြော ဆိုနေ သည် မှာ သတင်းမဟုတ်။ အတိအကျ ခိုင်မာစွာ ဖော်ပြထားသည့် သတင်းများသာ ဖြစ်သည်။ တိုင်းပြည်နှ င့် တပ်မ တော်ကို သစ္စာဖောက်ဖျက်သည့် မီဒီယာများ အဖြစ်မခံလိုပါက အသံထွက်ဖို့ အချိန်ရောက်ရှိနေပြီ ဖြစ် သည်။ မေ့နေမှာ စိုး၍ ထပ်ပြီး အသိပေးလိုက်သည်။ စစ်သတင်းလိုချင်သူများ စစ်သတင်း ယူနိုင်ကြ ပါပြီ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်