Pages

Friday, January 25, 2013

နေမျိုးဇင် သေနတ်ဖြင့် ချောင်းအပစ်ခံရမည့် ဘေးအား စစ်တပ်မှ ကယ်တင်



မနေ့က ၂၄ ရက်နေ့ ၁၁ နာရီ(မနက်) လောက်မှာ နေမျိုးဇင်ရဲ့ လိုက်ထရပ်( လူ၅ဦးပါ) က ဒေါ့ဖုန်းယန် နားရောက် တယ် ။ ဒါကို တာဝန်ရှိသူတွေ တားတယ် ။နေမျိုးဇင်က ဆက်သွားမယ်လုပ်တယ် ။ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ်ပြောတယ်  တော်တော် နားချယူရတယ် ။နောက်မှပဲ သူ့လူတွေကပဲ နည်းနည်း မျက်နှာ ပျက်လာလို့ လက်ခံပြီး ပြန်သွားတယ် ။တကယ်တော့ AB ကကောင်တွေနဲ့ ဖားကန့် ဘက်ကလွင့်လာ တဲ့ ကေအိုင်အေ တပ်မဟာ ၁ ကကောင်တွေက စစ်တပ်ယူနီဖောင်းနဲ့ နေမျိုးဇင် တို့ကို ချောင်းပစ်ဖို့ စီစဉ်ပြီးသား ။

သူတို့ကား မြစ်ကြီးနားက စထွက်ပြီဆိုကတည်းက ကေအိုင်အေနဲ့AB ကကောင်တွေတောက်လျှောက် စကားပြောစက်တွေနဲ့ အချိတ်အဆက်ရှိရှိသတင်းပို့တယ် ။အဲဒါကို စစ်တပ်က အင်တာ(ကြားဖြတ်)ရတယ် ။အင်တာကလည်းလွယ်တယ် ။အခုစခန်းထိုင်နဲ့ဗျုဟာ ဆက်သွယ်ရေးတွေမှာ ကချင်တိုင်းရင်းသား ရဲဘော်ေ တွ အများကြီးပဲ ။သူတို့ပဲ ဆက်သွယ်ရေးကိုင်တာ ။ အဲဒီလို AB နဲ့ ကေအိုင်အေ ၁ ကကောင်တွေ လုပ်မယ့် အကြံကို ဗျူဟာက ရိပ်မိလို့ တပ်မ ကနေ တိုင်းကိုတင်တယ် ။ အားလုံးဝိုင်းတားတယ် ။

တစ်ခုခုဖြစ်ရင် ပြဿနာက စစ်တပ်ကို ပုံချကြမှာလေ ။ ကေအိုင်အေ လက်အောက်ခံ ABSDF မြောက်ပိုင်း က ကောင်တွေက စစ်တပ်ယူနီဖောင်းတွေ သေနတ်တွေနဲ့ စစ်တပ်အယောင်ဆောင်ပြီး ဖြတ်ပစ်မလို့ လုပ်တာ ။အဲဒါကို စစ်တပ်က တားတော့ နေမျိုးဇင်က နည်းနည်း နောက်အင်္ဂါယားချင်တယ် ။အဲဒီအချိန် ဗုန်း ဆို အသံ ၃ သံဆက်တိုက်ထွက်တယ် ။နေမျိုးဇင် နည်းနည်းတွေဝေသွားတယ် ။ သူလည်း စစ်သားဟောင်း ။ဒါပေမယ့် တစ်ခါမှ ဗုံးသံမပြောနဲ့ သေနတ်တောင် သင်တန်း တစ်ခါတတ် ၅ တောင့်ပစ် ခဲ့တာတွေပဲ ရှိတာ ။ အသံကြားတော့ နည်းနည်းတွေဝေသွားတယ် ။သူအုပ်စုထဲက တစ်ယောက်က သူကိုပြန်နားချတယ် ။ပြီးတော့ နေမျိုးဇင်ကို တာဝန်ရှိသူတွေက ကျော သပ်ရင်သ ပ်ပြီး ချော့ေ မာ့ လွတ် လိုက်ရတယ် ။ပြန်ခါ နီးတောင် ပြောသွားသေးတယ် ။ကျနော်လည်း ဗိုလ်ကြီးေ ဟာင်း ပါ. မကြောက် ပါဘူး .တဲ့.။ တကယ်တော့ ဗုန်း ခနဲ အသံ ၃/၄ သံထွက်မှ သူ့စိတ်ကူးပြောင်း သွားတာ.......။

တကယ်တော့ သူကြားတာ ဗုံးသံမဟုတ်ဘူး ။ တံတားကင်းက တပ်စိတ်က အဖွဲ့ က တံတားအောက်က လျှိုထဲမှာ မီးရှို့ရာက ဝါးဆစ်ပိုင်းတွေ ပါသွားလို့ တဝုန်းဝုန်းထပေါက်တာ ။အဲဒါကို ဗုန်းသံကြာြး ပီး ကြောက် သွား တယ် ။ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုတဲ့ လူရယ်လေ ။တော်သေး တာပေါ့ ။အခြေချ ဗျူဟာသိတာမြန်လို့ ။နို့မို့ဆို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ နေမျိုးဇင်အလောင်းမြေကျတဲ့ရက်ဖြစ်တော့မလို့ ။

http://mgkarlu-mymanar.blogspot.com/2013/01/blog-post_25.html

www.MyanmarExpress.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်