Pages

Friday, January 25, 2013

ယနေ့ဝမ်းမြောက်ဖွယ် သတင်းများ


၁။ တပ်မတော် စစ်ကြောင်းကို အငိုက်ဖမ်း လာရောက်တိုက်ခိုက်သည့် ကေအိုင်အေများ   ၂၅ ယောက် သေဆုံးပြီး၊ လက်နက် မျိုးစုံ ၂၂ လက် သိမ်းဆည်း ရမိ ခဲ့ပါသည်။

၂။ တပ်မတော်၊ ဒေသခံ၊ ပြည်သူ့စစ်တို့ ပူးပေါင်း၍  မုံးယား/ မုံးဟောင် နယ်မြေ အတွင်း ရှင်းလင်းခဲ့ရာ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များ၏ လျှို့ဝှက် သိမ်းဆည်း ထားသည့် လက်နက် မျိုးစုံ ၁၀ လက်အား ဖော်ထုတ် သိမ်းဆည်း ရရှိ ခဲ့ပါသည်။
 
၃။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ကချင်ပြည်နယ် စစ်မြေပြင်အတွင်း တာဝန်ထမ်းဆောင်ကြသည့် တပ်မတော်သားများအား တရားသော စစ် ဆင်နွှဲသည့် တပ်မတော်သားများအ တွက် လေးစားဂုဏ်ယူ ပါကြောင်း ဂုဏ်ပြုချီးကျူးစာ ပေးပို့ခဲ့သည်ဟု သိရသည်။

၎။ တပ်မတော် စစ်ကြောင်းများ ဒုက္ခသည်စခန်းများ အနီးထိ ချီတက်လှုပ်ရှားသော်လည်း ကေအိုင်အေနှင့် ကျောင်းသား အမည်ခံတပ်များ ပျောက်ခြင်းမလှ ပျောက်ကွယ်နေသဖြင့် လုံခြုံရေး လှည့်လည်သည်မှ အပ လှုပ်ရှားမှု မပြုဘဲ  သတိဖြင့် အနားယူကြရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

၅။ ရှေ့တန်းရောက် တပ်မတော် စစ်သည်များ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ကျည်ကာ အကျီင်္နှ င့် ကျည်ကာ ဦးထုပ်များ စတင်ပို့ဆောင်လျှက် ရှိကြောင်း သိရသည်။

၆။ ကေအိုင်အေ စစ်ပွဲအကြောင်း ပေါက်ကရ ရေးသည့် မီဒီယာများ တရားဝင် သတင်းများ ရရှိကြပြီ ဖြစ် သည့် အတွက် မည်သည့် သတင်းမျှ မရေးတော့ရန် တစ်ပြေးညီ ဆုံးဖြတ်ကြကြောင်း သိရသည်။

၇။ ကချင်အရေး ကြားနေပေးသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ယောက် ကချင်နှင့် လုံးဝ မပက် သက်သည့် ကမ်းခြေတစ်ခုတွင် ဖိနပ်ကိုင်လွှတ်တော် အမတ်တို့နှင့် အတူ အေးချမ်းပျော်ရွှင်လျှက် ရှိကာ မည် သည့် ၀င်စွက် ဖက် ကန့်လန့်တိုက်မှုများ မလုပ်တော့ကြောင်း သိရသည်။

၈။ ကေအိုင်အေ အား အပြုတ်တိုက်သင့်သည်ဟု လွှတ်တော် အတွင်း ဆွေးနွေးခဲ့သူ ဦးလှဆွေအား ပြည်ပ အခြေ စိုက် သတင်းဌာနတစ်ခုမှ လိုရာဆွဲ မေးမြန်းသော်လည်း တိကျမှန်ကန်သည့် အဖြေများကြောင့် မေး ခွန်း များကို ဆက်လက်မမေးရဲဘဲ ရပ်တန့်လိုက်ရကြောင်း သိရသည်။

၉။ ဒေသခံ တိုင်းရင်းသားများမှ တပ်မတော်ကို ယုံကြည်ကိုးစားလျှက် ကေအိုင်အေတို့ လက်နက်များ ဖွက် ထား သည့် နေရာများကို လာရောက်ပြောဆိုနေကြောင်း သိရသည်။

၁၀။ လွှတ်တော်အမတ် ဦးလှဆွေ၏ ဆွေးနွေးချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် အများစု ထောက် ခံကြပြီး ကချင်ပြည်နယ်အတွင်း ကေအိုင်အေ အမည်ပျောက်ကွယ်သည်အထိ လုပ်ဆောင်ကြတော့မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်