Pages

Friday, January 25, 2013

ရွှေလက်နဲ့ ခေါ်လို့ မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင် ကောင်း မယ် ဆိုတဲ့ ပြည်သူ့ အကျိုးကြည့်တဲ့ အမတ် ဦးလှဆွေ အင်တာဗျူး အသံဖိုင်


"ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင်ကောင်း မယ်" လို့ ဇန်ဝါရီ ၂၄ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီက ဆွေး နွေးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရ ရှိ မယ့် ခိုင်မာတဲ့ အခြေခံမူများချမှတ်ပေးရေးအဆိုကို ကိုယ်စားလှယ် ၁၆ဦးက ၀ိုင်းဆွေးနွေးခဲ့ကြရာမှာ မ ကွေးတိုင်း အမှတ်၁၂ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးခဲ့ တာပါ။

ဦးလှဆွေဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှုးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလဲ ဖြစ်ပါ တယ်။ ဦးလှဆွေကို ဒီဗွီဘီ သတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်ကိုတော့ ဒီမှာ ကလစ်ပြီး နားထောင်နိုင်သလို အောက်က လင့်ခ်ကို ကလစ်ပြီး နားထောင်နို င်ပါ တ ယ်။

DVB TV News

https://soundcloud.com/dvbradio/ksa-u-hla-swe-view-25012013

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်