မိုးညှင်းမြို့နယ်၊ ဟဲပန့်-ဆယ်ဇင်း ကားလမ်းကြောင်း ပေါ်ရှိ မိုင်းပုတ်ကျေးရွာ အုပ်စု၊ တိန့်စန့်ကျေးရွာမှ ရာအိမ်မှူး ဦးဝင်းရွှေ၏ ဈေးဆိုင် ရှေ့၌ ၀င်/ထွက် ဖြတ်သန်း သွားလာလျက် ရှိသည့် ယာဉ်ကြီး/ယာဉ်ငယ် များအား မောင်းတံဖြင့် လမ်းဖြတ်သန်းခ အခွန်ငွေ အဖြစ် ယာဉ်ကြီး ၁၂ ဘီးယာဉ်တစ်စီးလျှင် ငွေကျပ် ၁၀ သိန်း၊ ကုန်တင်ယာဉ် ၁၀/၆ ဘီးယာဉ် တစ်စီးလျှင် ငွေကျပ် ၅ သိန်း၊ လူစီးယာဉ်ငယ် တစ်စီးလျှင် ငွေကျပ် ၂ သိန်းတို့အား ပွင့်လင်းရာသီ လမ်းအသုံးပြုခအဖြစ် အရစ်ကျစနစ်ဖြင့် ရပ်တန့်ပေး သွင်း နေရကြောင်း သိရှိရသည်။
ငွေကောက်ခံသည့်ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများအဖွဲ့မှ အရပ်ဝတ်ဖြင့် လူလဲလှယ်ပြီး တစ်လှည့်စီ အမည် မဖော်ဘဲ ကောက်ခံနေသည့် အတွက် ငွေပေးသွင်းနေရသည့် ယာဉ်မောင်း၊ ပိုင်ရှင်များ မှ မည်သည့်အဖွဲ့သို့ ပေးဆောင် နေရသည်ကို မသိရှိရကြောင်း၊ ငွေမပေးဆောင်ချင် သော်လည်း နယ်မြေ လုံခြုံရေး အခြေအနေအရ ကြောက်ရွံ့ စိုးရိမ်ရသဖြင့် ပုံမှန် အရစ်ကျ သတ်မှတ်နှုန်း အတိုင်း မပြည့်မချင်း ပေးဆောင်နေ ရကြောင်းနှင့် ၄င်းငွေ ကောက်ခံသည့် အဖွဲ့မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ကေအိုင်အို နောင်လွတ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ခရိုင်မှူး အဆင့်ရှိ မဲ့ကြီးလဂျာ ၏ ပြည်သူစစ် အဖွဲ့ဝင်များနှင့် အမာခံများ ဖြစ်ကြောင်း သိရှိရပါသည်။
ယခု ပွင့်လင်းရာသီ၌ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ သည် အများ ပြည်သူများကို နည်းမျိုးစုံဖြင့် ဆက်ကြေး ကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်း၊ အတင်း အဓမ္မ ဖမ်းဆီးခြင်းနှင့် လူသွားလမ်း များတွင် မိုင်းထောင်ခြင်းများအား လိုက်လံ လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

စင်္ကာပူ
No comments:
Post a Comment
Note: Only a member of this blog may post a comment.