Pages

Sunday, February 24, 2013

အာဆီယံ ရဲအဖွဲ့ ရဲချုပ်များ ညီလာခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် တက်ရောက်

(၃၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံအား ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့(၁၅)ဦး တက်ရောက်ခဲ့ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။

(၃၃)ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများမှ ရဲချုပ် (၇) ဦးနှင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ ဒုတိယရဲချုပ်(၃)ဦး တက်ရောက်ခဲ့သည်။ ၎င်း အပြင် ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ နယူးဇီလန်၊ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့မှ ရဲချုပ် (၃)ဦးနှင့် ဒုတိယရဲချုပ်(၂)ဦး တက်ရောက်ခဲ့ပြီး အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Ronald K. Noble နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံ မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးဉာဏ်လင်းတို့အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင်နိုင်ငံဖြတ်ကျော်မှုခင်း များဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်း လိမ်လည်မှု၊ စီးပွားရေးပြစ်မှု၊ ဘဏ်နှင့်အကြွေး ကဒ်များ လိမ်လည်မှု၊ ကွန်ပျူတာ မှုခင်း၊ ခရီးသွားအထောက် အထားစာရွက်စာတမ်းအတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော် လိမ်လည် မှုများ ကို ပူးပေါင်း တိုက်ဖျက်ရန် ဆွေးနွေး ခဲ့ကြောင်းသိရ သည်။

မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် သက်တော် ရှစ်ဆယ်ပြည့် ဂုဏပူဇာ ကျင်းပ

မန်း မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ဘုရားကြီး၏ သက်တော်ရှစ်ဆယ်ပြည့် ဂုဏ်ပြုပူဇော်ပွဲ စတင်ကျင်းပ မန္တလေး-ဖေဖော်ဝါရီ၂၄ ပြည်တွင်းပြည်ပ တပည့်သံဃာ ဒကာဒကာမများ စုပေါင်းညီ ညာ ပြုလုပ်သော မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ဘုရားကြီး၏ သက်တော်ရှစ်ဆယ်ပြည့် ဂုဏ်ပြုပူဇော်ပွဲ ဂုဏပူဇာ မဟာမင်္ဂလာ အခမ်းအနားကြီးကို ဖေဖော်ဝါရီ၂၃ကစတင် ကျင်းပကြောင်း သိရသည်။ ဂုဏပူဇာ ပထမနေ့တွင် မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိ မဟာနာယက ချုပ်ဆရာေ တာ် ကြီး မှ တပည့်သံဃာ တပည့်ဒကာ ဒကာမများအား သစေ ဘာယထ ဒုက္ခဿ၊ သစေ ဝေါ ဒုက္ခမပိယံ မာ ကတ္ထ ပါ ပကံ ကမ္မံ၊ အာဝိ၀ါ ယဒိဝါ ရဟော။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် အကုသိုလ်ကို မလုပ်နဲ့။ ကိုယ့် ကိုယ် ကိုပင်၊ ချစ်ပါလျှင်၊ ရှောင်ကြဉ်အကုသိုလ် သြ၀ါဒကထာမိန့်ကြားခဲ့ကြောင်းသိရသည်။

Saturday, February 23, 2013

နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအဆို ရှုံးနိမ့်

လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ေ ဆာက်ပြီး လျှပ်စစ်ပြဿနာကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို အမျိုးသား လွှတ်ေ တ်ာတွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် များ က ပြောကြားသည်။ ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုး သား လွှတ်ေ တာ် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် အမျိုး သား လွှတ်ေ တာ် တွင် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မဲခွဲ ဆုံးဖြ တ်ရာ ထောက်ခံမဲ ၂၉ မဲ၊ ကန့်ကွက်မဲ ၁၁၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြ စ်သည်။

နိုင်ငံရေး အကျဉ်းသား စာရင်းစိစစ်ရေး ဝန်ကြီးများနှင့် ဆွေးနွေးမည်

သမ္မတရုံး ဝန်ကြီးများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (ထိုင်းနိုင်ငံ)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (နိုင်ကျဉ်း)၊ နိုင်ငံရေး အကျဉ်းသား များ အဖွဲ့ချုပ် (နိုင်ချုပ်)၊ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အဖွဲ့ တို့၏ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၃ ရက် စနေနေ့တွင် ငြိမ်းချမ်းရေး စင်တာ၌ ဆွေးနွေးမည်ဟု စုံစမ်း သိရသည်။

လေယာဉ်မှူး သင်တန်းကို ပထမဆုံး အနေဖြင့် မြန်မာလေကြောင်း အကယ်ဒမီမှ စတင်ဖွင့်လှစ်

Photo: လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်

Saturday, 23 February 2013

အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လေယာဉ်မှူးများ ၊

လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်နေသည်နှင့်အညီ အရည်အချင်းပြည့်မှီသော လေယာဉ်မှူးများ သို့မဟုတ် တွဲဖက်လေယာဉ်မှူးများအတွက် လိုင်စင် ရရှိစေရန် သင်တန်းကျောင်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။

သင်တန်းကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ခြောက်သောင်းခွဲ ကုန်ကျမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် တစ်နှစ် နှင့် ရှစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါသင်တန်းကျော င်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် Park Hotel ၌ ကျင်းပခဲ့သည်။

ခိုင်နွယ်ဦး

Popular Myanmar News Journal

အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်း အကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လေယာဉ်မှူးများ ၊ လေကြောင်း ဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်နေသည်နှင့်အညီ အရည်အချင်းပြည့်မှီသော လေယာဉ်မှူးများ သို့မဟုတ် တွဲဖက်လေယာဉ်မှူး များအတွက် လိုင်စင်ရရှိစေရန် သင်တန်းကျောင်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အတွင်းခံဝတ် ပြပွဲကြီး

ဒီဝတ်စုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေဘက်ကလည်း အမျိုးမျိုးသော ဝေဖန်မှုတွေတော့ ရှိမှာပဲလေ။ ဒါပေမဲ့ ဒါက မြန်မာပြည်မှာ ပထမဆုံးလုပ်တဲ့ အဆန်းအပြားပွဲ ဖြစ်နေတော့လေ။ ဒါကလည်း International နဲ့ မီအောင် လုပ်ဖြစ်နေတာ ဆိုတော့ ကောင်းပါတယ် ဟု ဆိုကြတဲ့ ပွဲလေးပါ။

ယခင်တုန်းကတော့ အတွင်းခံတွေ ကြော်ငြာရင်တောင်မှ ဒါမျိုး မလုပ်ကြပေမယ့် နန်းခင်ဇေယျာ နော က် ပိုင်း ယဉ်ကျေးမှုတိုက်ပွဲတွေတော့ စပြီ လို့ပဲ ဆိုရမှာပေါ့။နောက်ထပ် မစ်အင်တာနက်တွေ လည်း လေ့ ကျင့်ေ နကြပြီဆိုတော့ နောင်မှာ ဒီထက်ကောင်း တာတွေ   မြ င်ေ တွ့ ရအုံးမယ် ထင်ပါတယ်။ ဒူးမဲ ၊ေ ပါင်တုတ်၊ ဆင်ခြေထောက်ပြပွဲကြီးပေါ့။

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို မြန်မာ ဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက် ၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ် ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန်တွင် ပြောကြား သည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က ဖြစ်ခဲ့သည့် ကိစ္စကြောင့် မြန်မာ့ လက်ရွေး စင် ဘောလုံး အသင်းမှ ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

တောင်ကြီး NLD ညီလာခံမှာ စာအုပ်ရောင်းတဲ့ ဖြစ်စဉ် ရဲ့ တရားခံ ခင်ဥမ္မာဟု NLD ပါတီဝင်များပြော

တောင်ကြီးမြို့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှမ်းပြည်နယ် ညီလာခံတွင် မိတ္တူ ကူး ထားသည့် စာပေခွင့်ပြုချက် မရှိသော ဆင်ဆာမဲ့ စာအုပ်များကို NLD ပါတီ ရုံးချုပ်ကို အသိပေးခြင်း မရှိဘဲ ရောင်းချသွားကြောင်း ဧရာဝတီ ဘလော့တွင် ဖေါ်ပြခဲ့ပါသည်။
အဆိုပါ စာအုပ်များသည် ပြုပြင်ပြောင်းလဲရေးကို အားကြိုးမာန်တက်လုပ်နေသော အစိုးရ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအပေါ် စာဖတ်သူများမှ အထင်အမြင် လွဲမှားစေရန် အ တွက် ပြည်ပနိုင်ငံများ၏ ထောက်ပံကြေးငွေနှင့် ရပ်တည်နေရသော NDD အဖွဲ့နှင့်တပ်မတော် မှ ရာ ဇ၀ တ်မှြု့ ဖင့် ထွက်ပြေး တိမ်းရှောင်နေသာ သူများ ပူးပေါင်း ရေးသားထားသော စာအုပ်များဖြစ်ကြောင်း သိ ရ သည်။

ကေအိုင်အေ ၏ အနိုင်ကျင့် ဖမ်းဆီးခံရခြင်းနှင့် ပက်သက်၍ နိုင်ငံတော် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလ လူ့အခွင့်ရေး ကောင်စီ သို့ ဒေသခံများ မှ တိုင်ကြားစာ ပေးပို့

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းထုတ်ပြန်

စွမ်းအင်ဝန်ကြီးဌာန ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူးစင်၏ ကမ်းလွန်ပလက်ဖောင်းတွင် အရေးေ ပါ် ပြုပြ င်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် ဝဝးဝ၁ နာရီမှ ဖေဖော်ဝါရီ ၂၅ ရက် ၂၃း၅၉ နာရီအထိ ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညှိနှိုင်းလာခဲ့ရာ စွမ်းအင်ဝန်ကြီး ဌာနမှ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဓါတ်ငွေ့၊ ရေနွေးငွေ့စက်ရုံများ ဌာနအောက်ရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ လက်ရှိ ပေးပို့နေသော သ ဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၄၅ သန်းအနက် ကုဗပေ ၁၃၄ သန်း လျော့ပြီး ကုဗပေ ၁၁ သန်းသာ ရရှိနိုင် မည်ဖြစ် သည်။ ထိုသို့ သဘာဝဓာတ်ငွေ့ လျော့နည်း ရရှိမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံလေးရုံမှ ဓာတ်ငွေ့ တာဘိုင်စက် ခုနစ်လုံးနှင့် ရွှေတောင်၊ မော်လမြိုင်၊ သထုံတို့မှ ဓာတ်ငွေ့တာဘိုင်စက် ခြောက်လုံး စုစုပေါင်း ၁၃ လုံး ခေတ္တရပ်တန့်ထားရမည် ဖြစ်ပြီး လက်ရှိ ဓါတ်အားထုတ်လုပ်မှု ၃၁၀ မဂ္ဂါဝပ်မှ ၂၀၅ မဂ္ဂါဝပ်ခန့် လျော့နည်းပြီး ၁ဝ၅ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။ ယင်းသို့ ဓါတ်အား ထုတ်လုပ်မှု လျော့နည်း သွားသည့် အတွက် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးမြှင့်ဖြည့် ဆည်း မောင်းနှင်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အချို့နေရာများတွင် အလှည့်ကျ ဝန်အား လျှော့ချ၍ ဓာတ်အား ပို့လွှတ်ခြင်းများကို ဝန်အားထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားပါသည်။

ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ တိုက်ရိုက် စီမံမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာစေရန် နိုင်ငံတော်သမ္မတက တိုက်ရိုက် စီမံနိုင်သည့် အချက်များကို လက်ရှိ ဗဟိုဘဏ် ဥပဒေကြမ်းတွင် ဖြည့်စွက်ရေးဆွဲ ကာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေေ ရးကြေးေ ရး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိုးက အတည်ပြု ပြောကြားသည်။ ဆဋ္ဌမအကြိမ် လွှတ်ေ တာ် ကာလ အတွင်း အတည်ပြုသွားမည့် လက်ရှိ ဥပဒေကြမ်းတွင် အထက်ပါ အချက်များ အပါအဝင် စုစုပေါင်း ၁၈၅ ချက် ပြင်ဆင်ထားပြီး ပြည်ထောင်စု လွှတ်တော်ကို ထပ်မံတင်ပြရမည် ဖြစ်သောကြောင့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အသစ်ပြန်ဖွဲ့

လွှတ်တော်ရေးရာ ကော်မတီနှင့် ရေးရာကော်မရှင်များ ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် အငြင်းပွားမှုေ ကြာင့် နှုတ်ထွက်ခဲ့ရသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ကိုးဦး နေရာတွင် ပြန်လည် ခန့်အပ် ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌနှင့် နိုင်ငံတော်သမ္မတတို့က အဖွဲ့ဝင် သုံးဦးစီ အသီးသီး ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သဝဏ်လွှာ ပေးပို့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းခုံရုံးအဖွဲ့ဝင်များ အားလုံးသည် အရပ်သား ဥပဒေပညာရှင်များ ဖြစ်သဖြင့် ခုံရုံးသစ်၏ တာဝန်များကို မှန်ကန်မြန် ဆန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်သည်။ “လွှတ်တော် ကိုယ်စားလှယ်ထဲက မရွေးဘဲ အရပ်သား ကိုယ်စားလှယ်ထဲက ရွေးတော့ ခုံရုံးလုပ်ငန်း လည် ပတ် မှုေ တွ ပိုမိုမြန်ဆန်သွားမယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက သုံးသပ်သည်။ အဆိုပါ ခုံရုံး အဖွဲ့ဝင် ကိုးဦးအနက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြသိန်းကို ခုံရုံး ဥက္ကဌအဖြစ် တာဝန်ပေးရန် သင့်လျော်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နိုင်ငံေ တာ် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ဦးရွှေမန်းက ဖေဖော်ဝါရီ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော် တွင် ပြောကြားသည်။

နွေရာသီတွင် လျော့ကျမည့် လျှပ်စစ်မဂ္ဂါဝပ် ၂၀၀ အတွက် ဓါတ်အားပေး စက်ရုံ လေးရုံ ဆောက်မည်

နှစ်စဉ် နွေရာသီကာလတွင် လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်ခဲ့သော ရန်ကုန်မြို့တော်၏ နွေရာသီ လျှပ်စစ်ဓါတ်အား လိုအပ်ချက်သည် ယခုနှစ်တွင် မဂ္ဂါဝပ် ၂၀၀ အထိ လျော့ကျနိုင်သဖြင့် ဓါတ်အားေ ပး စက်ရုံ အသစ်လေးရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန် ကြီး ဌာန ပြည်ေ ထာင် စုဝန်ကြီး ဦးခင်မောင်စိုးက ရှင်းပြသည်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားသော စီး ပွားေ ရးမြို့ တော် ရန်ကုန်၌ နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန် ဓာတ်အားပေးစက်ရုံ တစ်ရုံလျှင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်သည့် ဓာတ်အားပေး စက်ရုံသစ် လေးရုံကို ခြောက်လအတွင်း အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ထုတ်ဖော် ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့၌ ဗုံးများပေါက်ကွဲ၊ လူ ၂၀ ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့ရှိ လူနေသိပ်သည်းသော ဆင်ခြေဖုံး ဒေသတစ်နေရာတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂၀ ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားသည်။ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်အတွက် တာဝန်ရှိသူများကို အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြားသည်။ မကြာသေးမီက ခွဲထွက်ရေး ၀ါဒီတစ်ဦးကို သေဒဏ်ပြစ်ဒဏ်  ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ကက်ရှ်မီးယားဒေသတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း၌ လုံခြုံရေးအရ တပ်လှန့်ထားချိန်တွင် ဗုံးပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဟိုက်ဒြာဘတ်မြို့ရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်တစ်ခုတွင် ဗုံး များ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဟိုက်ခြာဘတ်မြို့သည် အိန္ဒိယနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ စက်မှုလုပ်ငန်းများ အခြေစိုက်ရာဒေသဖြစ်သည်။

ရိုက်တာ

ဆား(ရ်)ဗိုင်းရပ်စ်ကဲ့သို့ရောဂါ ဗြိတိန်တွင် ဖြစ်ပွား

ဗြိတိန်နိုင်ငံတွင် လူနယ်တစ်ဦး ဆား(ရ်) ဗိုင်းရပ်စ်ကဲ့သို့ သေစေနိုင်သော အသက်ရှူလမ်းေ ကြာင်း ဆိုင်ရာ ရောဂါသစ် ကူးစက်ခံရပြီး သေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ဘီဘီစီ သတင်း တွင် ဖော်ပြသည်။ ၄င်းလူနာသည် ဘာမင်ဂမ်မြို့တွင်း အဲလိဇဘက်ဆေးရုံး၌ တက်ရောက် ဆေးကုသမှု ခံယူ စဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က သေဆုံးခဲ့ကြောင်း ယင်းဆေးရုံက အတည်ပြု ပြောကြားသည်။ ယင်းရောဂါသည် ကမ္ဘာတစ်ဝန်း အနည်းဆုံး လူ ၁၂ ဦး ကူးစက်ခံရပြီး ခြောက်ဦးသေဆုံးသွားပြီဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် မိသားစု တစ်စုအတွင်း သုံးဦး ယင်းရောဂါ ကူးစက်ခံခဲ့ရသည်။ အခြားတစ်ဦးမှာ ကာတာနိုင်ငံမှ ပြန်လာပြီး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ၄င်းရောဂါ ကူးစက်ခံရသူသည် နာဖျားပြီးေ ကျာ က် ကပ် အလုပ်မလုပ်နိုင်ဘဲ ဖြစ်ရသည်ဟု ဆိုသည်။

ဘီဘီစီ

ဆက်သွားချင်သေးတယ် ဆိုရင်