Pages

Saturday, February 23, 2013

နွေရာသီတွင် လျော့ကျမည့် လျှပ်စစ်မဂ္ဂါဝပ် ၂၀၀ အတွက် ဓါတ်အားပေး စက်ရုံ လေးရုံ ဆောက်မည်

နှစ်စဉ် နွေရာသီကာလတွင် လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်ခဲ့သော ရန်ကုန်မြို့တော်၏ နွေရာသီ လျှပ်စစ်ဓါတ်အား လိုအပ်ချက်သည် ယခုနှစ်တွင် မဂ္ဂါဝပ် ၂၀၀ အထိ လျော့ကျနိုင်သဖြင့် ဓါတ်အားေ ပး စက်ရုံ အသစ်လေးရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန် ကြီး ဌာန ပြည်ေ ထာင် စုဝန်ကြီး ဦးခင်မောင်စိုးက ရှင်းပြသည်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားသော စီး ပွားေ ရးမြို့ တော် ရန်ကုန်၌ နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန် ဓာတ်အားပေးစက်ရုံ တစ်ရုံလျှင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်သည့် ဓာတ်အားပေး စက်ရုံသစ် လေးရုံကို ခြောက်လအတွင်း အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ထုတ်ဖော် ပြောကြားသည်။ 


“နွေရာသီမှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား မပြတ်တောက်အောင် ရဲရွာ၊ ပေါင်းလောင်းရေတွေကို ထိန်းသိမ်းထားပါတယ်။ Gas Turbine တွေလည်း လည်ဖို့ရှိပါတယ်” ဟု ၄င်းက ဆိုသည်။ ရန်ကုန်မြို့ေ တ်ာတွင် လာမည့် နွေရာသီတွင် လျှပ်စစ်မီး အပြည့်အဝရရှိရန် ကြိုးစားလုပ်ဆောင်ေ နေ သာ် လည်း အချိန်ပြည့် မီးရရှိမည်ဟု သေချာစွာ မပြောဆိုနိုင်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးညိုဝင်းက ပြောကြားခဲ့သည်။ “အတတ်နိုင်ဆုံးတော့ အပြင်းအထန် ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အပြည့်အဝရဖို့ကတော့ ကျိန်းသေ မပြောနိုင်ပါဘူး” ဟု ၄င်းက ဆိုသည်။ 

ရန်ကုန်မြို့တော်တွင် လာမည့် နွေရာသီကာလအတွက် အလှည့်ကျ မီးပေးစနစ်ဖြင့် ယခင်နှစ်များ အတိုင်း ဖြန့်ဝေမည်ဟု မပြောနိုင်သော်လည်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင် ၍ အလှည့်ကျ မီးပေးစနစ်ဖြင့် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြော ကြားခဲ့ သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ်  The Voice Weekly ဂျာနယ် တွင် ဖော်ပြ ထားပါ သည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်