Pages

Saturday, February 23, 2013

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းထုတ်ပြန်

စွမ်းအင်ဝန်ကြီးဌာန ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူးစင်၏ ကမ်းလွန်ပလက်ဖောင်းတွင် အရေးေ ပါ် ပြုပြ င်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် ဝဝးဝ၁ နာရီမှ ဖေဖော်ဝါရီ ၂၅ ရက် ၂၃း၅၉ နာရီအထိ ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညှိနှိုင်းလာခဲ့ရာ စွမ်းအင်ဝန်ကြီး ဌာနမှ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဓါတ်ငွေ့၊ ရေနွေးငွေ့စက်ရုံများ ဌာနအောက်ရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ လက်ရှိ ပေးပို့နေသော သ ဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၄၅ သန်းအနက် ကုဗပေ ၁၃၄ သန်း လျော့ပြီး ကုဗပေ ၁၁ သန်းသာ ရရှိနိုင် မည်ဖြစ် သည်။ ထိုသို့ သဘာဝဓာတ်ငွေ့ လျော့နည်း ရရှိမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံလေးရုံမှ ဓာတ်ငွေ့ တာဘိုင်စက် ခုနစ်လုံးနှင့် ရွှေတောင်၊ မော်လမြိုင်၊ သထုံတို့မှ ဓာတ်ငွေ့တာဘိုင်စက် ခြောက်လုံး စုစုပေါင်း ၁၃ လုံး ခေတ္တရပ်တန့်ထားရမည် ဖြစ်ပြီး လက်ရှိ ဓါတ်အားထုတ်လုပ်မှု ၃၁၀ မဂ္ဂါဝပ်မှ ၂၀၅ မဂ္ဂါဝပ်ခန့် လျော့နည်းပြီး ၁ဝ၅ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။ ယင်းသို့ ဓါတ်အား ထုတ်လုပ်မှု လျော့နည်း သွားသည့် အတွက် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးမြှင့်ဖြည့် ဆည်း မောင်းနှင်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အချို့နေရာများတွင် အလှည့်ကျ ဝန်အား လျှော့ချ၍ ဓာတ်အား ပို့လွှတ်ခြင်းများကို ဝန်အားထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်