Pages

Sunday, February 24, 2013

အာဆီယံ ရဲအဖွဲ့ ရဲချုပ်များ ညီလာခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် တက်ရောက်

 
 
(၃၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံအား ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့(၁၅)ဦး တက်ရောက်ခဲ့ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။

(၃၃)ကြိမ်မြောက်အာဆီယံရဲအဖွဲ့ ရဲချုပ်များညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများမှ ရဲချုပ် (၇) ဦးနှင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့မှ ဒုတိယရဲချုပ်(၃)ဦး တက်ရောက်ခဲ့သည်။ ၎င်း အပြင် ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ နယူးဇီလန်၊ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့မှ ရဲချုပ် (၃)ဦးနှင့် ဒုတိယရဲချုပ်(၂)ဦး တက်ရောက်ခဲ့ပြီး အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Ronald K. Noble နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံ မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးဉာဏ်လင်းတို့အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင်နိုင်ငံဖြတ်ကျော်မှုခင်း များဖြစ်သည့် မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်း လိမ်လည်မှု၊ စီးပွားရေးပြစ်မှု၊ ဘဏ်နှင့်အကြွေး ကဒ်များ လိမ်လည်မှု၊ ကွန်ပျူတာ မှုခင်း၊ ခရီးသွားအထောက် အထားစာရွက်စာတမ်းအတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော် လိမ်လည် မှုများ ကို ပူးပေါင်း တိုက်ဖျက်ရန် ဆွေးနွေး ခဲ့ကြောင်းသိရ သည်။
 
လက်ရှိအိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ အာဆီယံရဲချုပ်များညီလာခံ၏ ဥက္ကဌတာဝန်အား ၂၀၁၄ခုနှစ် မေလအထိ ဆောင်ရွက်သွားရမည်ဖြစ်ပြီး (၃၄)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ ညီလာခံကို  ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ကျင်းပရန် ပြင်ဆင်ထားရှိကြောင်း သိရသည်။

ရဲဇာနည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်