Pages

Saturday, February 23, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အသစ်ပြန်ဖွဲ့


လွှတ်တော်ရေးရာ ကော်မတီနှင့် ရေးရာကော်မရှင်များ ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် အငြင်းပွားမှုေ ကြာင့် နှုတ်ထွက်ခဲ့ရသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ကိုးဦး နေရာတွင် ပြန်လည် ခန့်အပ် ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌနှင့် နိုင်ငံတော်သမ္မတတို့က အဖွဲ့ဝင် သုံးဦးစီ အသီးသီး ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သဝဏ်လွှာ ပေးပို့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

ယင်းခုံရုံးအဖွဲ့ဝင်များ အားလုံးသည် အရပ်သား ဥပဒေပညာရှင်များ ဖြစ်သဖြင့် ခုံရုံးသစ်၏ တာဝန်များကို မှန်ကန်မြန် ဆန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်သည်။ “လွှတ်တော် ကိုယ်စားလှယ်ထဲက မရွေးဘဲ အရပ်သား ကိုယ်စားလှယ်ထဲက ရွေးတော့ ခုံရုံးလုပ်ငန်း လည် ပတ် မှုေ တွ ပိုမိုမြန်ဆန်သွားမယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက သုံးသပ်သည်။ အဆိုပါ ခုံရုံး အဖွဲ့ဝင် ကိုးဦးအနက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြသိန်းကို ခုံရုံး ဥက္ကဌအဖြစ် တာဝန်ပေးရန် သင့်လျော်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နိုင်ငံေ တာ် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ဦးရွှေမန်းက ဖေဖော်ဝါရီ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော် တွင် ပြောကြားသည်။ 


“ဦးမြသိန်းက တရားစီရင်ရေး နယ်ပယ်မှာ အတွေ့အကြုံရှိတယ်။ ဥက္ကဋ္ဌကို တရားစီရင်ရေးနယ်ပယ် အတွေ့အကြုံရှိသူကိုသာ ခန့်သင့်ပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ ရွေးချယ်ထားသည့် ခုံရုံးအဖွဲ့ဝင်သစ် သုံးဦးမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြသိန်း၊ တရားလွှတ်တော် ရှေ့နေ ဦးမြသိန်းနှင့် တရားလွှတ်တော် ရှေ့နေ ဦးမြင့်လွင် တို့ဖြစ်သည်။ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ရွေးချယ် ထားသည့် ခုံရုံးအဖွဲ့ဝင် သုံးဦးမှာ ရှေ့နေချုပ်ရုံးမှ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးတင်မြင့်၊ ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်တင်စန်းနှင့် ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမျိုးချစ်တို့ ဖြစ်ကြောင်း၊ ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြင့်ဝင်း၊ နိုင်ငံတော် သမ္မတ၏ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသန်းကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါ်လှမျိုးနွယ် တို့ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ရွေးချယ်ထားကြောင်း လွှတ်တော် ကိုယ်စား လှယ် များက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ်  The Voice Weekly ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်