Pages

Friday, March 1, 2013

KIA တပ်ဖွဲ့မှ စစ်သည်များ စစ်မြေပြင်မှ ထွက်ပြေးမှုများပြား


ငြိမ်းချမ်းရေး ဆွေးနွေးတာ အဆင်မပြေရင် အစိုးရတပ်တွေကို တန်ပြန်ခုခံတိုက်ခိုက်မယ်ဆိုတဲ့ သတင်း ကြောင့် KIA စစ်သည်တွေဟာ မကြာခဏဆိုသလို ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးသမှုများ ရှိနေကြောင်း KIA  တပ်မှ ထွက်ပြေးလာသူတစ်ဦးက ပြောပြပါတယ်။ 

တကယ်တော့ ကျနော်တို့က KIA တပ်ထဲကို ၀င်ချင်လို့ ၀င်ခဲ့ တာမဟုတ်ဘူး။ သူတို့က အဓမ္မလာခေါ်တယ်၊ အေးအေးဆေးဆေးခေါ်တာ မလိုက်ရင် သတ်ပစ်မယ်လို့လဲ ပြောမယ်။ မင်းတို့က ကချင်လူမျိုးဖြစ်လို့ KIA ထဲ ၀င်ကို ၀င်ရမယ်။ ကချင်လူမျိုးမဟုတ်လဲ ကချင်ပြည်နယ်မှာ နေရင် KIA တပ်ထဲကို ၀င်ရမယ်။ အစိုးရ တပ်ကို တိုက်ရမယ်ဆိုပြီး ပြောတယ်။ စစ်ပညာလဲ ကောင်းကောင်း မသင်ရဘူး။ တောထဲကို ပို့ပြီး အစိုးရ တပ်ကို တိုက်ခိုင်းတော့လဲ စားစရာက လုံလုံလောက်လောက် မပေးဘူး။ စခန်းကနေ ထွက်ပြေးရင်လဲ သတ်ပစ်မယ်လို့ ပြောတယ်။
 
အခု ငြိမ်းချမ်းရေး ဆွေးနွေးနေတာ အဆင်မပြေရင် အစိုးရတပ်ကို ပြန်တိုက်ရမယ်လို့ သူတို့က ပြောနေ တော့ ကျနော်တို့က စစ်မတိုက်ချင်လို့ ထွက်ပြေးလာတာ " ဟု ပြောပြပါတယ်။
ဒါ့အပြင် KIA  တပ်မဟာ(၄) တွင် တာဝန်ထမ်းဆောင်ခဲ့သူ သာရန်ဇောင်က KIA တပ်ဖွဲ့ဝင် အများစုဟာ အစိုးရတပ်နဲ့ စစ်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပြီး ထွက်ပြေးဖို့ ကြိုးစားနေသူ အများအပြားရှိတယ်လို့ သိရ ပါတယ်။ တစ်နေ့ကလဲ KIA တပ်မဟာ(၂)မှ ဗိုလ်မှူး မခေါတူး ခေါင်းဆောင်တဲ့ အဖွဲ့မှ တပ်သား Nလီမာနဲ့အတူ ၄ ယောက်ဟာ ရှေ့တန်းစစ်မြေမြင်ကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်