Pages

Monday, February 25, 2013

တရုတ်နိုင်ငံ အင်ခန်ဆမားရှိ ကချင် ဒုက္ခသည် စခန်းတွင် ကေအိုင်အေမှ တပ်သားသစ် အဖြစ် ၀င်ရောက်ဖမ်းဆီး

KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားနေသော ကန်တော်ပန်းရွာနှင့် အခြားရွာများမှ ဒေသခံတွေအနေနဲ့ စစ်ေ ဘး ဒုက္ခသည်အဖြစ် တစ်ဘက်တရုတ်နိုင်ငံ အင်ခန်ဆမားရွာမှဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေကြ ရေ ပမဲ့ KIA တပ်တွေက သူတို့တပ် အင်အားဖြည့်ဖို့လိုတယ်။ မင်းတို့တွေ တပ်ထဲဝင်ရမယ် ဆိုပြီး အဓမ္မလူ သစ်စုေ ဆာင်း ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ 
 
“ကျနော်တို့က ကိုယ့်ရပ်ရွာမှာ မနေရဲလို့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေလို့ ထွက်ပြေးလာတဲ့ ဒုက္ခ သည် တွေပါ။ အခုလို ဒုက္ခသည်စခန်းကို ရောက်လာတော့လည်း KIA တပ်က ညဖက်တွေမှာ ရောက်လာ ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်တော့ အေးအေးဆေးဆေး မနေရဘူး။ ၀င်ဖမ်းတဲ့ အချိန်ပါ မ သွားေ အာင် သတိထားပြီး ရှောင်နေရတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း (၂) ကြိမ်၊ ဒီလလည်း (၁) ကြိမ်၊ စု စုပေါင်း (၃) ကြိမ်ရှိပြီ၊ သူတို့ KIA က တပ်သားသစ်လိုတယ်ဆိုပြီး ညအချိန်ဝင်ဖမ်းသွားတာ။ တစ်ခါ ဖမ်း ရင် အယောက် (၃၀) လောက်ပါသွားတယ်။ ကျနော်တို့က တရုတ်အစိုးရကိုတော့ တိုင်ထားတယ်။ အခု ထိတော့ တရုတ်အစိုးရကလဲ ဘာမှမဖြေရှင်းပေးဘူး” ဟု အမည်မဖော်လိုသူက ပြောပြသည်။

KIA တပ်အနေနဲ့ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်နေပြီး တစ်ဘက်မှ နိုင်ငံရေးအရ တပ်သားသစ် သင် တန်း တက်နေတဲ့ KIA သင်တန်းသားတွေကို မိဘနေရပ်ထံပြန်လွှတ်နေပေမဲ့ တိုက်ပွဲဝင်နိုင် တဲ့အနေ အထား မရှိသူတွေကို ပြန်လွှတ်ပေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ သူတို့တပ်တွေရှိတဲ့ ရွာတွေမှာတော့ အခု အချိန် အထိ အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

KDN

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်