Pages

Sunday, February 24, 2013

မြန်မာနယ်စပ်အနီးတွင် ပြုလုပ်နေသော တရုတ်စစ်တပ်၏ စစ်ရေး လှုပ်ရှားမှုများ

မြန်မာနယ်စပ်အနီးတွင် တရုတ်စစ်တပ်များ လေ့ကျင့်နေကြောင်း တရုတ်အစိုးရသတင်းဌာန၏ သော ကြာနေ့ ထုတ် သတင်းကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းတစ်ပုဒ်တွင် ရေးထားသည်။ ယူနန်ပြည် နယ် တောင်တန်းဒေသတွင် လေ့ကျင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ သင်တန်းပေးလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်တပ်များ “စစ်ပွဲတခုတွင် တိုက် ခိုက်နိုင်ေ ကြာင်း၊ စစ်ပွဲတွင် အောင်မြင်ရမည်ြ ဖစ်ကြောင်း” ပြသရန် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ရေးထား သည် ဟု ဆိုသည်။
ယခုလဆန်းပိုင်းတွင် စတင်ခဲ့သည်ဟု ဆိုသော စစ်ရေး သင်တန်းများတွင် တရုတ်တပ်မတော်သားတို့က ဆိုး ၀ါး သည့် ရာသီဥတုတွင် စစ်ချီခြင်း၊ ဆက်သွယ်ရေးပြတ်တောက်သည့် နေရာတွင် လှုပ်ရှားခြင်း စသည် တို့ ပါဝင်သည်ဟု ဆိုသည်။ မြန်မာနယ်စပ်အနီး ယင်းသို့ လေ့ကျင့်နေချိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း နိုင်ငံစုံတပ်များ စစ်ေ ရးေ လ့ကျင့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ 
 
ရွှေမြွေဟောက် (Cobra Gold) ဟု အမည်ပေးထားသော အဆိုပါ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ပြုလုပ်လေ့ ရှိပြီး ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အင်ဒို နီးရှား စသည့် နိုင်ငံတို့မှ စစ်သားအင်အား တသောင်းကျော် ပါဝင်လေ့ကျင့်လျက် ရှိသည်။
ထူးခြားချက်မှာ မြန်မာဗိုလ်ချုပ် ၂ ဦး လေ့လာသူအဖြစ် တက်ရောက်နေခြင်းဖြစ်သည်။
မြန်မာဗိုလ်ချုပ် ၂ ဦး လေ့လာမှုတွင် ကန့်သတ်ချက်များ ရှိသည်ဟု ဘန်ကောက်မြို့ အမေရိကန် သံရုံး ပြော ခွင့် အရာရှိ Kristin Kneedler က ဗီအိုအေ သတင်းဌာနကို ပြောသည်။
“ဒီနှစ် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာတော့ စစ်ရေးလေ့ကျင့်သူတွေပြင်ဆင်မှု အစီအစဉ်၊ စစ်ဘက် ဆိုင် ရာ ကျန်းမာရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လေ့လာမှာ ဖြစ်ပါတယ်” ဟု သူက ဗီ အိုအေ သတင်းဌာန (အင်္ဂလိပ်ပိုင်း) ကို ပြောသည်။
ဓာတ်ပုံ - (ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇန်န၀ါရီ ၁၅ ရက်နေ့ကြ ပုလုပ်ေ သာ စစ်ဘက်ဆိုင်ရာ သင် တန်း အများအပြားရှိပြီး ပုံတွင် တွေ့ရသည်မှာ ပစ်ခတ်မှု သင်တန်းဖြစ်သည်။)
မိုးမခ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်