Pages

Saturday, January 18, 2014

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်း ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ဇန်နဝါရီ (၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီ (၁၅) မိနစ် တွင် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ H.E. Mr. AHN,  Hong-Joon ဦးဆောင် သော ကိုယ်စား လှယ် အဖွဲ့ အား နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ သို့ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နှင့် အတူ ပြည်သူ့ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ များ ဖြစ်ကြသည့် ဦးမောင်မောင် သိမ်း၊ ဦးသိန်းဆွေ၊ ဦးလှမြင့် ဦး၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေး မူ နှင့် လွှတ်တော် ရုံး မှ တာဝန် ရှိသူများ တက်ရောက် ကြပြီး ဧည့်သည် တော် အဖွဲ့ နှင့် အတူ မြန်မာ နိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတ နိုင်ငံ သံ အမတ်ကြီး လည်း တက်ရောက် သည်။ ထိုသို့ တွေ့ဆုံ ရာတွင် မြန်မာ - ကိုရီးယား နှစ် နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးတက် ခိုင်မြဲရေး၊ လွှတ်တော် အချင်းချင်း ချစ်ကြည် ရင်းနှီး မှုနှင့် ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက် ၍ ရင်းရင်း နှီးနှီး အမြင်ချင်း ဖလှယ် ဆွေးနွေး ကြသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်